" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 24, 2019

စစ်ခုံရုံးဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ တပ်မတော် ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
သီဟထွန်း၊ သက်စုအောင်
2019-11-24
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - သက်စုအောင်/ RFA

ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးချိုး ဖောက်မှု တွေ နဲ့ပတ်သက်လို့ စစ်ခုံရုံးရဲ့ စစ်ဆေးအရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်ဖို့ တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောကြားခဲ့တာပါ။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ တပ်မတော် သားတွေကို စစ်ဆေးအရေးယူမှုတွေမှာ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ဘယ်လိုလုပ်ဆောင်သွားမလဲလို့ သတင်း ထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

 အခုချိန်ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအ တွက် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံထားရတဲ့ အခြေအနေပါ။ တပ်သ တင်း စာရှင်းလင်းပွဲတွေမှာ ပုံမှန်ဆိုရင် သုံးဦးသာ ဦးဆောင်ပြုလုပ်နေကျ ဖြစ်ပေမယ့် ဒီနေ့မှာတော့ တပ်မ တော်ဥပ ဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့ ဒုတိယစစ်ဥပဒေချုပ်ပါ ပါဝင်ဖြေကြားခဲ့တာဖြစ် ပါတယ်။


ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း တပ်မတော်ရဲ့ ပြန်လည်တုံ့ပြန်နှိမ်နင်းတဲ့ လုပ်ငန်း စဉ်တွေကြောင့် ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ နိုင်ငံတကာက ဖိအားပေးနေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က အင်းဒင်လူသတ်မှုလို့ နာမည်ကြီးတဲ့ မောင် တောမြို့နယ် အင်းဒင်ရွာက လူ ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရတဲ့ တပ်မတော် သား ခုနှစ်ဦးဟာ ၂၀၁၈ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့တဲ့အပေါ် တပ်မတော်ရဲ့ တရားစီရင်ရေး လုပ်ငန်း စဉ်ကို ပြည်တွင်း ပြည်ပက ဝေဖန်ခဲ့ကြတာပါ။

၂၀၁၇ သြဂုတ်လက ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း တပ်မတော်က လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲထားချက်တွေကို စိစစ်ဖို့ ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေတာ ရှစ်လရှိပြီဖြစ်ပါတယ်။

ICJ ကိစ္စမှာ နိုင်ငံကို တရားစွဲတာဖြစ်လို့ အစိုးရဦးဆောင်မှုအောက်ကနေ တပ်မတော်က ပူးပေါင်းဆောင် ရွက် သွားမှာဖြစ်ကြောင်း၊ အစိုးရလိုအပ်တဲ့အချက်အလက်တွေကို တပ်မတော်ဘက်က စုဆောင်းထား ပေးပြီးဖြစ်ကြောင်းလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ICJ တရားရုံးမှာတော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံဘက်ကို ကြားနာမှာဖြစ်ပြီး ၁၁ ရက် နေ့မှာတော့ မြန်မာနိုင်ငံဘက်ကို ကြားနာမှာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */