" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 25, 2019

ဂူတာပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစွပ်စွဲချက်အတွက် သေဒဏ်အထိချမှတ်နိုင်သောပုဒ်မဖြင့် တပ်မတော်အရာရှိ များအား စစ်ဆေးမှုစတင်

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
25 NOV 2019
 ဗိုလ်မှူးချုပ်ဇော်မင်းထွန်း။ ဓာတ်ပုံ- အီးပီအေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ၌ မွတ်ဆလင်ဘာသာဝင်များ ရာနှင့်ချီ သတ် ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ တပ်မတော်အရာရှိအချို့နှင့် အခြားအဆင့်တာဝန်ရှိ သူများအား သေဒဏ်အထိချ မှတ်နိုင်သော ပုဒ်မဖြင့် တပ်မတော်အကျဉ်းစစ် တရားရုံးက စစ်ဆေးမှုစတင် လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်က သတင်း ရရှိသည်။
ဗိုလ်ချုပ်မြတ်ကျော်ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့၌ စစ်ဘက်ဆိုင်ရာတရားရုံးဖြင့်စစ်ဆေးစီရင်သင့်သည်ဟုသော တင်ပြချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက် လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရား ရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ် ရင်း၌ စတင်စစ် ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့က အခုဖွဲ့စည်းပေးလိုက်တာ အကျဉ်းစစ်တရားရုံးချုပ်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်။ အကျဉ်း စစ်တရား ရုံးချုပ်က တပ်မတော်အက်ဥပဒေပုဒ်မ ၁၁၇၊၁၂၁ အရ စစ်တရားရုံးဥက္ကဋ္ဌအပါအဝင် သုံးဦးက ရုံးထိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ အမြင့် ဆုံးချမှတ်နိုင်တဲ့ပြစ်ဒဏ်က သေဒဏ်အထိချမှတ်နိုင်တာဖြစ်တယ်။" ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၁၇ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ဆက်တွဲ ဂူတာပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သတ်ခဲ့သည့် တပ်မတော်အရာရှိများနှင့် အခြားအဆင့်များအနေဖြင့် စစ်ဘက်တ ရားရေးအ ရာရှိများအား ငှားရမ်း ခုခံပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

တပ်မတော်စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ချက်များမှရရှိသော အချက်အလက်များ ခိုင်မာမှုကြောင့် အရပ် ဘက် တရားရုံးများ ကဲ့သို့ တရားစီရင်ရေးဖြစ်စဉ် ကြန့်ကြာမည်မဟုတ်ဘဲ အခက်အခဲမရှိပါက မြန်မြန်ဆန် ဆန်စီရင်နိုင် လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ဂူတာပြင်ကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင်များအား ရာနှင့်ချီ သတ်ဖြတ်မှုကျူးလွန်ခဲ့ သည် ဟု နိုင်ငံတကာ သတင်းဌာနများက စွပ်စွဲပြောဆိုမှုများပေါ်ပေါက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မြတ်ကျော်ဦး ဆောင် သော စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့က ကွင်းဆင်းစစ် ဆေး မှုများပြုလုပ်ခဲ့ပြီးနောက် ရရှိလာသောသက်သေ အထောက်အထားများအရ ပါဝင်ပတ်သတ်သူများကို ယခုအခါ တပ် မတော် အကျဉ်းစစ်တရား ရုံးတွင် စတင်စစ်ဆေးခြင်း ဖြစ်သည်။

ထို့အပြင် တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန် တွင် လည်း အစီရင်ခံစာ၌ တပ်မတော်သားများအနေဖြင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက် မှုရှိပါက ဥပဒေ နှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သိရ သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */