" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 2, 2020

ရခိုင်ပြည်နယ်အရေး ဂျပန်နိုင်ငံရပ်တည်ချက် သံအမတ် ကြီး ရှင်းလင်းပြောကြား

KUMUDRA
2 JAN 2020
အေးအေးအောင်

ရန်ကုန်၊ ဒီဇင်ဘာ၂၆  -မြန်မာနိုင်ငံမှာ ဂျီ နိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု) ကျူးလွန်ခြင်းမရှိဘူးလို့ ဂျပန်နိုင်ငံ က ယူဆကြောင်းနဲ့ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အပြည်ပြည် ဆိုင်ရာ တရားရုံး ကို သွားရောက် ရင်ဆိုင်ခြင်းကို ချီးကျူးထောက်ခံ ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီ ရော့မာရုယာမက ပြောပါတယ်။

သူက“ဂျပန်အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်တည်ချက်က မြန်မာအစိုးရနဲ့ အတူတူ ဒီကိစ္စကို ဖြေရှင်းနိုင် ရန် အကူအညီပေးဖို့ စဉ်းစားပြီးတော့ မြန်မာအစိုးရကို အကုန်လုံး အောင်မြင်အောင်၊ အ ဆင်ပြေအောင် အပြည့်အ ဝကူညီ ပေးမယ်”လို့ ပြောပါတယ်။

သည် လ ၂၆ ရက်နေ့က  ဂျပန်သံအမတ် ကြီးက ရခိုင်ပြည်နယ်အရေးနဲ့ပတ် သက် ပြီး ဂျပန်နိုင်ငံရဲ့ရပ်တည် ချက်ကို သူ့ရဲ့နေအိမ်မှာ ခေါ်ယူရှင်းလင်း ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်း လွတ်လပ်တဲ့စုံစမ်းစစ် ဆေးရေး ကော် မရှင် (ICOE)ရဲ့ နောက်ဆုံးအစီရင်ခံစာထုတ်လိုက် ရင် မြန်မာအစိုးရနဲ့ တပ်မတော်က ကျူးလွန် သူ များရှိရင် အရေးယူရန် အင်မတန်မှ အရေးကြီးတဲ့ အ ကြောင်း ဂျပန်အစိုးရက တိုက် တွန်းထားတယ်လို့ သံအမတ်ကြီး က ပြောပါတယ်။

သူက“နိုင်ငံတကာ သတင်း ထောက်များရေးနေတာက နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ လူ့အခွင့် အရေးအတွက် အင်မတန်မှ ကြိုး စားပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဒီ ပုဂ္ဂိုလ်က အပြည်ပြည် ဆိုင်ရာ တ ရားရုံးသွားပြီး တပ်မတော်ကို ကာ ကွယ်တယ်၊လူ့အခွင့်အရေးကို ဦးစားမပေးဘဲ တပ်မတော်ကို ကာ ကွယ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်၊ ကျွန်တော်တို့ဂျပန် အစိုးရအနေနဲ့ ဒီလိုမမြင်ပါဘူး”လို့ ပြောပါတယ်။

သည်လအတွင်းက မြန်မာနိုင် ငံကို ငါးရက်ကြာလာရောက်ခဲ့တဲ့ ဂျပန်အထက်လွှတ်တော်အမတ်နဲ့ ညွန့် ပေါင်း အစိုးရအဖွဲ့က Komeito ပါတီရဲ့ ကိုယ်စားလှယ် ခေါင်း ဆောင်တို့က ဂျပန်အစိုးရရဲ့ ရပ် တည်ချက်ကို မြန်မာအစိုးရနဲ့ တပ် မတော် ခေါင်းဆောင် ကို တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့တယ်လို့ သံ အမတ်ကြီးက ပြောကြားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */