" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ဂျပန်. Show all posts
Showing posts with label ဂျပန်. Show all posts

Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇   
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)



ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

“ရိုဟင်ဂျာတွေ အဆောတလျင် နေရပ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ အဆုံးထိ ဆက်သွယ်ဆောင်ရွက်သွားမှာပါ” ဟု နာအိုကီက ဒါကာတွင်ပြုလုပ်ခဲ့သော အွန်လိုင်းဆွေးနွေးပွဲအစီအစဉ်တစ်ခု၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ် သည်။

ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ရေး ဂျပန် အကူအညီ ပေးဖို့ရှိ

VOA
ကုတုပလောင်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။

မြို့တော် ဒါကာက Mirpur တပ်နယ် စစ်တပ် အရာရှိတွေ လေ့ကျင့်ပေးနေတဲ့ ကာကွယ်ရေး ဆိုင်ရာ ကောလိပ်မှာ ဂျပန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်ပေါင်း ၅၀ ချစ်ကြည်ရင်းနှီးမှု ခေါင်းစဉ်နဲ့ ဂျပန် သံအမတ်ကြီးက အွန်လိုင်းကနေ ဟောပြော ပို့ချမှု အတွင်း အမေးအဖြေကဏ္ဍမှာ အခုလို ပြောဆိုသွားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် လက်နက်ကိုင် တပ်ဖွဲ့များရဲ့ သတင်းဌာန ISPR က နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 

Sunday, January 26, 2020

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက် မှုများ ကို စုံစမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထိုအမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီးသည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
10 ဇန္နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ


အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ခုလိုပြောကြားခဲ့တာပါ။

Friday, December 27, 2019

မြန်မာမှာ ဂျီနိုဆိုက်မရှိဘူးလို့ပြောတဲ့ ဂျပန်အစိုးရ တပ်မ တော်ကို ဘာအကြံပေးသလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
26 ဒီဇင်ဘာ 2019
 တပ်မတော်က လက်တွေ့ကျကျ အရေးယူပါလို့ ဂျပန်ပြော

ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာတွေ မရှိဘူးလို့ ဂျပန်က ယုံကြည်တယ်၊ အဲဒီအတွက် နိုင်ငံတကာတရားရုံး အိုင်စီဂျေက ကြားဖြတ် စီမံဆောင်ရွက် ချက်တွေ ကို မပေးဖို့ မျှော်လင့်တယ်လို့ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ပြောဆိုလိုက်ပါတယ်။

Thursday, September 5, 2019

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့် ဂျပန် အကူ အညီတောင်းခံ

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်ပေးထားတဲ့ နေအိမ်တွေရှိရာ ဘာဆန်ချား ကျွန်းကို Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တသိန်းပြောင်းရွှေ့ရေးမှာပါ အကူညီပေးဖို ပန်ကြားလိုက်တာပါ။

Wednesday, July 31, 2019

မြန်မာအပေါ် လူ့အခွင့်အရေးဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
၂၀၁၈ ဇန်န၀ါရီလတုန်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်  

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ခရီးစဉ် သွားရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားဖို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

Monday, February 25, 2019

အဆာဟိရှင်ဘွန်းသတင်းဌာနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းပန်စာပို့


RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-25
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနတို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ် 

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တောင်းပန်စာ တိုက်ရိုက်ပို့လိုက်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက အဆာဟိရှင်ဘွန်းသတင်းဌာနရဲ့ တောင်းပန်စာ လက်ခံရရှိတယ်ဆိုတာကို RFA ကို အတည်ပြုပြောကြားပေမယ့် အသေးစိတ်ကိုတော့ သတင်းမီဒီယာတွေ မသိသင့်ကြောင်းနဲ့ မြန်မာသတင်းမီဒီယာကောင်စီကသာ ဆက်လက်လုပ်ဆောင် မှာဖြစ်တယ်လို့ ပြောပါတယ်။

Thursday, February 7, 2019

ရခိုင်ပြည်နယ် ပြဿနာများကြောင့် မြန်မာအစိုးရ အပေါ် အရေးယူဖိအားပေးမည်မဟုတ် ဟုဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူမှု၊ ဖိအားပေးမှုများ လုပ် ဆောင်သွားမည်မဟုတ်ဘဲ အကောင်းဘက်သို့သွားနိုင်အောင် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင် ရွက် သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama ကပြောသည်။

ရိုက်ကူး/တည်းဖြတ်-မိုးမြင့်ဇော်-


 

လင့်၊ရခိုင်ပြည်နယ် ပြဿနာများကြောင့် မြန်မာအစိုးရအပေါ် အရေးယူဖိအားပေးမည်မဟုတ် ဟုဆို
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */