" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 26, 2020

မြန်မာနိုင်ငံဆိုင်ရာ ကုလ စုံစမ်းရေးအဖွဲ့ကို Facebook အချက်အလက်တွေ မျှေ၀

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
26 သြဂုတ်၊ 2020 
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေး သူတွေကို Facebook မှာ ရှိတဲ့ အချက်အလက်တွေကို ဝေမျှ ပေးအပ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

ရိုဟင်ဂျာတွေကိုဆန့်ကျင်တဲ့ အမုန်းတရားတွေ ဖြန့်နေတာတွေကို ရပ်ဆိုင်းပစ်ဖို့ဆိုပြီး ၂၀၁၈ ခုနှစ်တုန်းက Facebook ကနေ ဖယ်ရှားပစ်ခဲ့တဲ့မြန်မာစစ်တပ် နဲ့ ဆက်နွယ်နေတဲ့ အကောင့် စာမျက်နှာတွေကို မြန်မာ နိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့ (IIMM) ကို ပေးအပ်ခဲ့ကြောင်း Facebook ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က အင်္ဂါနေ့က ရိုက်တာ သတင်းကို ပြောလိုက် တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ ဆက်ရှိနေသမျှ Facebook အနေနဲ့ သက်ဆိုင်ရာ သတင်းအချက်အလက် တွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ တရား ရင် ဆိုင်နေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရကတော့ စွပ်စွဲချက် တွေကိုလက် မခံဘဲ ငြင်းပယ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်း စစ်ဆင်ရေးတွေဟာ ရဲစခန်းတွေကို စစ်သွေး ကြွ တွေက တိုက်ခိုက်လို့ ပြန်လည် တိုက်ခိုက်ရတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ခြင်း ရှိမရှိ အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့ (IIMM) ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လှုံ့ဆော်တဲ့ အမုန်းတရားတွေ ဖြန့်ရာမှာ Facebook က အဓိက အခန်းကဏ္ဍက ပါဝင် နေတယ်လို့ ကုလ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ရဲ့Facebook စာမျက်နှာ အပါအဝင် မြန်မာ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ Facebook စာမျက်နှာ ၅၂ ခုနဲ့ အကောင့် ၁၈ ခုကို Facebook က ပိတ်ပင်ခဲ့ပါတယ်။

IIMM အဖွဲ့ ခေါင်းဆောင်က Facebook ဟာ နိုင်ငံတကာ ရာဇဝတ်မှုခင်းနဲ့ပတ်သက်တဲ့ အထောက်အထား တွေကို IIMM မဝေမျှခဲ့ဘူး လို့ ဒီလထဲမှာပဲ ရိုက်တာသတင်းကို ပြောထားခဲ့တာပါ။ ဒါပေမဲ့ မနေ့ အင်္ဂါ နေ့ကတော့ သတင်းအချက်အလက်တွေကို ပထမဆုံး အကြိမ် အဖြစ် လက်ခံရရှိပြီလို့ ပြောပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း စာချုပ်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး မှာ မြန်မာနိုင်ငံ ကို တရားစွဲဆိုတားတဲ့ Gambia နိုင်ငံက အဲဒီ အချက်အလက်တွေကို တရားရုံးကတဆင့်တောင်း ဆိုထားတာကို တော့ ဒီလထဲမှာပဲ Facebook က မပေးဘဲ ငြင်းဆန်ခဲ့ပါတယ်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */