" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 1, 2020

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေ၍ ဆော်ဒီနိုင်ငံ မက္ကာသို့ ဘုရား ဖူးများ လာရောက်ခွင့်ပိတ်ထားမည်

TheVoiceWeekly Journal 
ရီယဒ်၊ ဖေဖော်ဝါရီ ၂၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ် သည့် COVID19 ကူးစက်နေမှုကြောင့် မက္ကာသို့ လာရောက်မည့် ဘုရားဖူးများကို ယာယီအားဖြင့် အဝင်မခံ တော့ကြောင်း ဆော်ဒီအာရေးဗီးယားအစိုးရက ကြေညာထားသည်။

ယခုနှစ် ဇူလိုင်လတွင် ကျရောက်မည့် ဟာဂျီဘုရားဖူးရာသီအထိ ပိတ်ပင်ထားမှု ဆက်ရှိမရှိကိုမူ ဆော်ဒီ အစိုးရက ရှင်းလင်းစွာ ကြေညာထားခြင်း မရှိသေးပေ။
ဘာသာရေးအတွက်မဟုတ်သော လာလည်သော ခရီးသည်များသည်လည်း ဗိုင်းရပ်စ် ကူးစက်သည့် နိုင် ငံများ မှ ဖြစ်နေလျှင် ပြည်ဝင်ခွင့်ပိတ်ထားမည်ဟု ဆော်ဒီအစိုးရ ကြေညာသည်။

အိမ်နီးချင်းအီရန်နိုင်ငံတွင် ရောဂါပြန့်ပွားနေခြင်းကို သင်ခန်းစာယူလျက် ဘာသာရေးဘုရားဖူးများကို ပိတ် ပင်ထားခြင်းကို ဆော်ဒီက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိုမန်၊ ကူဝိတ်၊ ဘာရိန်းတို့တွင်လည်း အီရန်သို့ ခရီးသွားခဲ့ဖူးခြင်း မှသည် ရောဂါကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ဘာသာရေးအရ ဘုရားဖူးလာကြသူများကို ရောဂါထိန်းချုပ်ရေးရှုထောင့်မှ ပိတ်ပင်ထားမည့် ဆော်ဒီအာရေး ဗီးယား၏ ဆုံးဖြတ်ချက်ကို လေးစားပါကြောင်း၊ အချို့သော ဘုရားဖူးများအတွက် ချွင်းချက်များ ထားပေး စေလိုကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

ဆော်ဒီအစိုးရသည် ခရီးသွားလုပ်ငန်းကို ၁၀ ရာခိုင်နူန်းအထိ မြှင့်ရန်အတွက် ရည်ရွယ်ထားချိန်တွင် ယခုကဲ့ သို့ ခရီးသွားလာခြင်းကို ကန့်သတ်ရခြင်းများ ကြုံလာခြင်းဖြစ်သည်။

ရေနံကို အဓိကထုတ်သော အီရန်တွင် ပြည်ပဝယ်လိုအားကျဆင်းလာသဖြင့် စီးပွားရေးကဏ္ဍတွင် ဖိအား များ ကြုံနေရလျက် ရှိသည်။ တရုတ်သည် ဆော်ဒီအာရေးဗီးယားထံမှ ရေနံအများဆုံးတင်သွင်းနေသည့် နိုင်ငံဖြစ်သည်။

အီရတ်နိုင်ငံတွင် Covid-19 ရောဂါရရှိမှု ခြောက်ဦးမြောက်တွေ့ရှိထားကြောင်း အတည်ပြုထားသည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။

ကူးစက်မှု ၁၃၉ ခါဖြစ်ကာ ၁၉ ဦးသေဆုံးထားသော အီရန်သို့ အီရတ်သားတစ်ဦးသွားရောက်ခဲ့ပြီးနောက် ကူးစက်ခံလာရခြင်း ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */