Wednesday, November 6, 2019

ထိုင်း ဝရမ်းပြေး လူကုန်ကူးတရားခံ ကမ္ဘောဒီးယား ဖမ်းဆီး လွှဲပြောင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 နိုဝင်ဘာ၊ 2019 
၂၀၁၅ နိုဝင်ဘာတုန်းက ထိုင်း လူကုန်ကူးတရားခံများကို ဘန်ကောက်တရားရုံးသို့ ရုံးထုတ်စဉ်

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးထုတ် ရာမှာပါဝင်တဲ့ အဓိက သံသယရှိသူတွေထဲက ထိုင်းအစိုးရ ဖမ်းဝရန်းထုတ်ထားသူ တဦးဖြစ်တဲ့ ကိုတုတ် (ခေါ်) Santipiyakul ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီး သူ့ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Surapong Chaichan က တနင်္ဂနွေနေ့ သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။၂၀၁၅ ခုနှစ်တုန်းက လူကုန်ကူးဂိုဏ်းကြီးတခုကို ဖြိုခွဲဖမ်းဆီးတာမှာ လူကုန်ကူးမှုမှာ ပါဝင်တဲ့ စစ်တပ် တာ ဝန်ရှိသူတချို့အပါအဝင် လူပေါင်း ၁၄၈ ယောက်ဟာ ဒုက္ခသည်တွေကို မလေးရှား ကိုမပို့ခင် ထိုင်း-မလေး နယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင်၊ Hat Yai မြို့နယ် ၊ Padang Besar တောတွင်းယာယီစခန်းမှာ ထိန်းသိမ်းထား ခဲ့ပြီး ဒီလိုဖမ်းဆီးထားချိန်မှာ လူကုန်ကူးသူတွေက ညှဉ်းပမ်းနှိပ်စက်တာတွေနဲ့ လူ သတ်မှုတွေ ကျူးလွန်ခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။

လူကုန်ကူးသူတွေရဲ့ စခန်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးရာမှာတော့ မြှုပ်ထား တဲ့ လူသေ အ လောင်းအများအပြားကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီအမှုမှာ ထိပ်တန်း ထိုင်း စစ်ဘက်ခေါင်း ဆောင် တချို့လည်း ပါဝင်နေတာ ဖော်ထုတ်သိရှိခဲ့ပါတယ်။

အခုလွှဲပြောင်းပေးအပ်ခဲ့တဲ့ Santipiyakul ဟာ ဒီလူကုန်ကူးဂိုဏ်းရဲ့ ဝင်ငွေထွက်ငွေ စာရင်း ကိုင်တွယ်ပေး သူဖြစ်တဲ့အတွက် ထိုင်းအစိုးရက ဖမ်းဝရန်းထုတ်ထားသူဖြစ်ပြီး အဲဒီအချိန် ကတည်းက သူဟာ ကမ္ဘော ဒီး ယားကို ထွက်ပြေးသွားခဲ့သူဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ Santipiyakul ကို လွန်ခဲ့တဲ့ ၄ နှစ်က လူကုန်ကူးမှုမှာ ပါဝင်သူတွေအတွက် ချမှတ်ခဲ့တဲ့ မူလ ထောင်ဒဏ် ၂၇ နှစ်ကနေ ၈၇ နှစ် အထိ တိုးမြှင့် ချထားပြီးသားဖြစ်ပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */