" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 15, 2019

ရခိုင် ကူညီကယ်ဆယ်ရေးများ ကန့်သတ်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်၊ 14 ဧပြီ၊ 2019

 ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway
 
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ဒုက္ခသည် ထောင်ချီခိုလှုံနေကြရတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက် ရမှ သယ်ယူပို့ဆောင်ခွင့်ပြုတဲ့အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့နိုင်ရေး အခက်ကြုံ နေကြရပါတယ်။ အခုလတ်တလောမှာကို စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဦးရေက သုံး သောင်းကျော်အထိ ပိုတိုးလာနေပြီး အရေးပေါ် သောက်သုံးရေနဲ့ စားနပ် ရိက္ခာပြတ်လပ်မှုတွေကြုံနေကြရပါ တယ်။ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့နိုင်ရေး ဘယ်လိုဆောင်ရွက် နေရပါသလဲဆိုတာကို ကိုယ် တိုင် ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ကိုဇော်ဇော်ထွန်း ။ ။ ခန့်မှန်းခြေအရ ဒုက္ခသည်ဦးရေက သုံးသောင်းကျော်လာပါပြီ။ အဓိက အခက်အခဲက ဒီရက်ပိုင်းတွေမှာ တချို့သော စခန်းတွေမှာ အဓိက စားနပ်ရိက္ခာပြတ်တောက်မှုတွေဖြစ်နေပါတယ်။ အဲ့ တာကြောင့် ကျနော်တို့ မနက်ဖြန်ဆို စားနပ်ရိက္ခာတွေ သွားပို့ဖို့ စီစဉ်နေကြရပါတယ်။ နောက်တခုက တ ချို့သောစခန်းတွေမှာဆိုရင် သောက်သုံးရေ အခက်အခဲရှိပါတယ်။ နောက် စခန်း တော်တော် များများ မှာ တော ရာသီဥတုပူတာကြောင့် ကောင်းမွန်တဲ့ အမိုးအကာတွေ မရှိတာကြောင့် နောက် ချက်ပြုတ်ဖို့ ထင်း တွေ မရှိတာလည်း တချို့စခန်းတွေမှာ အခက်တွေ့နေပါတယ်။ အဲ့တာတွေကို ကူညီမယ်ဆိုရင် မြို့နယ်မှာ ရှိတဲ့ ထွေအုပ်ရဲ့ ခွင့်ပြုချက်နဲ့မှ ကူညီရမယ် အဲ့လိုမှ မဟုတ်ပဲနဲ့ ခွင့်ပြုချက် မပါပဲနဲ့ ပေးသွားမယ်ဆိုလို့ရှိရင် အရေးယူလို့ရတယ်ဆိုပြီးတော့မှ ညွှန်ကြားချက် ထွက်နေတာကြာပါပြီ။ အဲ့လိုမျိုးသာ လုပ်လိုက်မယ်ဆိုရင် ဒီစစ်ပြေးဒုက္ခသည်တွေမှာ အရမ်းကို အခက်ခဲ ဒုက္ခရောက်ကြမယ်ဆိုတာ သူတို့လည်း နားလည်သဘောပေါက်ကြပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ လောလောဆယ်မှာ ဒီစစ်ပြေးစစ်ရှောင်ပြည်သူတွေဆီကို အဓိက စားနပ်ရိက္ခာတို့ အဓိကလိုအပ်နေတဲ့ သောက်သုံးရေတွေ ပို့တဲ့အခါမှာ ကိုဇော်ဇော်ထွန်းတို့လိုမျိုး ကူညီကယ်ဆယ်ပေး နေသူတွေရော နောက်ထပ် အလှူရှင်တွေရော ဘယ်လိုများ အခက်အခဲ ကြုံရပါသလဲ။ လမ်းပမ်းဆက် သွယ်ရေးပိုင်းကရော အဆင်ပြေရဲ့လား။ ဘာများအကူအညီတွေ လိုတာရှိပါသလဲရှင်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့ ဒီလိုမျိုး ညွှန်ကြားထားတာ ရှိတဲ့အခါကျတော့ ကျနော်တို့ကတော့ အသိပေး ပြီးမှ သွားရတာပေါ့လေ။ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို အသိပေးပြီးမှ သွားရတာပေါ့လေ။ ဒါပေမဲ့တဘက် မှာ ရှိတာကလည်း သူတို့ကို ခွင့်ပြုချက် တောင်းတဲ့အခါ အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုမိန့်မပေး တာတွေ ခွင့်ပြုမိန့်မရတဲ့ အဖွဲ့တွေလည်း ကြုံပါတယ်။ ဆိုတော့ ဒီလိုဖြစ်လာတဲ့အခါ စစ်ပြေးဒုက္ခသည် တွေ အပေါ်မှာ အများကြီး အခက်ခဲကြုံတာပေါ့လေ။ တချို့မြို့နယ်တွေမှာဆို စားနပ်ရိက္ခာတွေ ပို့ဖို့ မလွယ် ကူ ဘူး။ တခြားမြို့နယ်တွေဆီကနေ ဝယ်ပြီးမှ သွားပို့ရတာတွေရှိတယ်။

အခုက တခြားတမြို့နယ်ကနေ တမြို့နယ်ကို ကုန်ပစ္စည်းတွေ ကူးသန်းသွားလာတာတွေ ကူးသန်းသယ်ပို့ တာတွေ မလုပ်ရဘူးဆိုပြီး တားမြစ်ချက်ထုတ်တာဆိုတော့ ကူညီကယ်ဆယ်ရေးတွေမှာ တော်တော်လေး အခက်ခဲရှိတာပေါ့။ နောက်တခုက စစ်ပြေးဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေက အရေးပေါ် လိုအပ်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီ့အခါမှာ ခွင့်ပြုချက်တင်ရမယ်။ ခွင့်ပြုချက် တောင်းရမယ်ဆိုတဲ့အခါကျတော့ လိုအပ် တဲ့အချိန်မှာ မရောက်တဲ့အခြေအနေနဲ့ကြုံတာပေါ့လေ။ ဒါကြောင့် ဒီခွင့်ပြုချက်မိန့်တောင်းရမယ်ဆို တာက စစ်ပြေးဒုက္ခသည်တွေ ပြည်သူတွေအပေါ်မှာ မျက်နှာမူပြီးတော့မှ စဉ်းစားပြီး ထုတ်ပြန်တာမဟုတ်ဘူးလို့ ကျနော်တို့ အဲ့လိုခံစားရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီတော့ လုံခြုံရေးပိုင်း တာဝန်ယူထားတဲ့ စစ်တပ်နဲ့ မြို့နယ်လုံခြုံရေးတာဝန်ခံတွေ ဘက် က ကားတွေ ဘာတွေ သွားဖို့ လုပ်တဲ့အခါမှာ လမ်းမှာရော တားတာမျိုးတို့ စစ်ဆေးတာမျိုးတို့ ရှိလား ဘယ် လိုအခက်ခဲရှိပါသလဲရှင့်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့။ သူတို့က လာပို့တဲ့ပစ္စည်းတွေကို တားဆီးစစ်ဆေးတာမျိုးတွေ ကြုံတတ်ပါ တယ်။ တခါတလေ ကြုံတယ် တခါတလေတော့လည်း မကြုံဖူးပေါ့လေ။ များသောအားဖြင့်တော့ ကြုံတယ် ကြုံတဲ့အခါကျရင် သူတို့က ဘာပစ္စည်းတွေလဲ ဘယ်သွားမှာလဲ ဆိုပြီး စစ်မေးတာရှိပါတယ်။ အဲ့ဒီ့တော့ လုံ ခြုံရေးအခြေအနေအားဖြင့် ကျနော်တို့က တချို့စစ်ဘေးဒုက္ခသည်တွေ ကြုံနေရတာက တိုက်ပွဲတွေ ကြောင့် ချည်းပဲလည်း မဟုတ်ဘူးပေါ့နော်။ တခါတလေ တိုက်ပွဲတွေရှိနေလို့ ကျနော်တို့ သွားပို့လို့ မရတာ မဟုတ် ဘူး။ အဓိက သူတို့နယ်မြေရှင်းလင်းတဲ့နေရာတွေမှာ အခက်ခဲကြုံတာပါ။ အဲ့ဒီ့အခါ တိုက်ပွဲတွေ မရှိပဲနဲ့ စစ် ပြေးဒုက္ခသည်တွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်လာတာ သွားပို့တာတွေမှာ အစစ်ဆေးခံ ရတယ် အတားဆီးခံရတယ် ဒါမျိုးတွေလည်း ကြုံရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုက ဒုက္ခသည်ဦးရေက နောက်ဆုံး ဘယ်လောက်အထိရှိသွားပြီလဲ သူတို့အတွက် အဓိက ဘာတွေ လိုအပ်နေပါသလဲ။ နောက်ဆုံးအခြေအနေပေါ့နော်။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့ အခုက သွားရေးလာရေးက အရမ်းခက်ခဲလာတော့ စာရင်းကောက်ရ တာ လည်း နည်းနည်းခက်လာပါတယ်။ ဒါပေမဲ့လို့ ခန့်မှန်းခြေအရ ဒုက္ခသည်ဦးရေက သုံးသောင်းကျော်လာပါပြီ။ အဓိက အခက်အခဲက ဒီရက်ပိုင်းတွေမှာ တချို့သော စခန်းတွေမှာ အဓိက စားနပ်ရိက္ခာ ပြတ်တောက်မှု တွေဖြစ်နေပါတယ်။ အဲ့တာကြောင့် ကျနော်တို့ မနက်ဖြန်ဆို စားနပ်ရိက္ခာတွေ သွားပို့ဖို့ စီစဉ်နေကြရပါ တယ်။ နောက်တခုက တချို့သောစခန်းတွေမှာဆိုရင် သောက်သုံးရေ အခက်အခဲရှိပါတယ်။ နောက် စခန်း တော်တော် များများမှာတော ရာသီဥတုပူတာကြောင့် ကောင်းမွန်တဲ့ အမိုးအကာတွေ မရှိတာကြောင့် နောက် ချက်ပြုတ်ဖို့ ထင်းတွေ မရှိတာလည်း တချို့စခန်းတွေမှာ အခက်တွေ့နေပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ လောလောဆယ် ဒီသင်္ကြန်ရက်ထဲ တိုက်ပွဲအခြေအနေ ဘာများကြားမိပါလဲရှင့်။

ကိုဇော်ဇော်ထွန်း။ ။ တိုက်ပွဲအခြေအနေက ဒီရက်ပိုင်းမှာတော့ သိပ်ပြီးတော့ မကြားမိပါဘူး။ နည်းနည်းတော့ စစ်ရှိန်လျော့နေတဲ့ သဘောတော့ရှိပါတယ်။

စစ်ပြေးစစ်ရှောင်စခန်းတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နိုင်ရေး ကိုယ်တိုင် ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းကို မဆုမွန် က ဆက်သွယ်မေးမြန်း ခဲ့တာဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */