BBC
05.04.2025
မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြဖို့ ပြင်နေတဲ့ အနက်ရောင်ဝတ် Bright Future အဖွဲ့ဝင်တွေကို ထိုင်းအမျိုးသားရေး အဖွဲ့ဝင်တွေက နှောက်ယှက်ခဲ့
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့ Bright Future အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်။
ဧပြီ ၅ ရက် မနက်ပိုင်းမှာ ဘန်ကောက်က၊ ကုလသမဂ္ဂရုံးရှေ့မှာ Bright Future အဖွဲ့ စုဝေးနေချိန်မှာပဲ ထိုင်းအမျိုးသားရေးအဖွဲ့တွေ ရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရဲတွေရောက်လာတာဖြစ်ပါတယ်။
Bright Future အဖွဲ့က ခေါင်းဆောင် ကိုဆူရတ်အပါအဝင် ဆန္ဒပြဖို့ ပြင်ဆင်နေသူတွေနဲ့ ထိုင်းအမျိုး သားရေး အဖွဲ့တွေကြား ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်တားဆီးပြီးတော့ ဆန္ဒပြဖို့ ပြင်ဆင်နေသူတွေကို ဖမ်းဆီးသွားတာကို လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC)အစည်းအဝေး တက်ရောက်ခဲ့ပြီး ဘန်ကောက်မှာ နှစ်ရက်ရှိနေခဲ့တာပါ။
မြန်မာစစ်ခေါင်းဆောင် တည်းခိုတဲ့ ရှန်ဂရီလာဟိုတယ်ထိ ဆန္ဒပြခဲ့တဲ့ ထိုင်းနိုင်ငံသား တက္ကသိုလ် ကျောင်းသားတစ်ယောက်လည်း ဆန္ဒပြချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ညပိုင်းမှာ ပြန်လွတ် မြောက်လာပါတယ်။

Link : Here
No comments:
Post a Comment