Thursday, April 3, 2025

“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”

ဧရာဝတီ
2 April 2025

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသော စာရင်းများအရ ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၂၁ ဦးနှင့် ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

 

မတ် ၃၁ ရက် နေ့လယ် ၁၂ နာရီထိ ရရှိထားသော စာရင်းများအရ ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့်သေဆုံးသူ ၂,၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃,၉၀၀ ဦးကျော်နှင့် ပျောက်ဆုံးနေသူ ၂၇၀ ခန့်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅

မြန်မာနိုင်ငံ၌ လှုပ်ခတ်သောအင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်း ၁၆၄၄ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၃၉ဦးရှိကြောင်း စစ်ကောင်စီက မတ်လ ၂၉ရက် ညတွင် သတင်းထုတ်ပြန်သည်။

ပြင်းအား ၇ ဒသမ ၇ ရှိသည့် မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနေရာများ ဆိုးရွားစွာပျက်စီးခဲ့သလို လက်ရှိအချိန်ထိ အကူအညီများ လိုအပ်လျက်ရှိသည်။

ဧရာဝတီ၊ မတ် ၂၉၊ ၂၀၂၅

တနိုင်ငံလုံးအတိုင်းအတာအားဖြင့် လတ်တလောကောက်ယူရရှိထားသည့် စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၀၂ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ဦးရှိကြောင်းနှင့် ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကြောင်း၊ အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိနေကြောင်း စစ်ကောင်စီက ယနေ့မွန်းလွဲပိုင်း သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်က စစ်ကိုင်းအနီး ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် နာရီပိုင်းအတွင်း တွေ့ရသော မန္တလေးမြို့ အပျက်အစီးများ/ ဧရာဝတီ 

မတ်လ ၂၈ ရက်က စစ်ကိုင်းအနီး ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် နာရီပိုင်းအတွင်း တွေ့ရသော မန္တလေးမြို့ အပျက်အစီးများ/ ဧရာဝတီ

 အင်အား ရစ်(ခ်)ချက်တာစကေး ၇ ဒသမ ၇ ရှိ အလွန်ပြင်းထန်သောငလျင်သည် မန္တလေးမြို့ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဗဟိုပြုကာ မတ်လ ၂၈ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်၌ လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံ လှုပ်ခတ်ခဲ့သောကြောင့် မန္တလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ နေပြည်တော်၊ ကျောက်ဆည်စသော ဒေသများတွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */