Friday, December 20, 2024

ပင်လယ်ပြင်ထဲ မျောပါလာတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို သီရိလင်္ကာ ကယ်ဆယ်ခဲ့

BBC
၂၀ ဒီဇင်ဘာ ၂၀၂၄

ရိုဟင်ဂျာတွေလိုက်ပါလာတဲ့ ပင်လယ်ထဲမျောပါနေတဲ့ ငါးဖမ်းသင်္ဘော

မနေ့ ဒီဇင်ဘာ ၁၉ ရက်တုန်းက အိန္ဒိယသမုဒ္ဒရာထဲက သီရိလင်္ကာရေပိုင်နက်ထဲ မျောပါနေတဲ့ ငါးဖမ်းသင်္ဘောတစ်စင်းထဲကနေ ရိုဟင်ဂျာအယောက် ၁၀၀ ကျော်ကို သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့တယ်လို့ သီရိလင်္ကာက သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့သူတွေလို့ သတင်းတွေကဆိုပါတယ်။

တခြားနိုင်ငံတစ်ခုမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံခွင့်ရဖို့ မြန်မာကနေ တရားမဝင်တဲ့ နည်းလမ်းသုံးပြီး ပင်လယ်ရေကြောင်းကနေ ငါးဖမ်းသင်္ဘောနဲ့အတူ လိုက်ပါလာခဲ့တာလို့ သတင်းတွေထဲ ဖော်ပြပါတယ်။

အဲဒီသင်္ဘောဟာ လမ်းကြောင်းလွဲပြီး သီရိလင်္ကာမြောက်ပိုင်းက မူလိဘိုင်ကယ် ကမ်းရိုးတန်းတလျှောက် ကနေ ပင်လယ်ထဲကို ‌မျောပါသွားခဲ့တာကြောင့် သီရိလင်္ကာရေတပ်က ကယ်ဆယ်တဲ့အချိန် သင်္ဘောပေါ်မှာ သောက်ရေနဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ခမ်းနေပြီလို့ သိရပါတယ်။

ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို သီရိလင်္ကာအာဏာပိုင်တွေက အစားအစာ၊ သောက်ရေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပေးပြီး ကူညီခဲ့တယ်လို့ သတင်းထဲဖော်ပြပါတယ်။

တစ်ဖက်မှာလည်း အဲဒီရိုဟင်ဂျာတွေကို ငါးဖမ်းသင်္ဘောပေါ်ကနေ ဆင်းခွင့်ပြုမလားဆိုတဲ့အပေါ် အာ ဏာပိုင်တွေ ဆုံးဖြတ်နေဆဲဖြစ်ပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ စောင့်ဆိုင်းနေတဲ့အခြေအနေလို့ ပြောထားပါတယ်။

ကယ်ဆယ်လိုက်တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် ၂၅ ဦးခန့်ပါဝင်တယ်လို့ သီရိလင်္ကာရေတပ်ရဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောပြီး အဲဒီကလေးတွေကို စစ်ဆေးပြီး လိုအပ်တဲ့ဆေးဘက်ဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */