VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၁ ဩဂုတ်၊ ၂၀၂၄
တိုက်ခိုက်မှုဟာ အာရက္ခတပ်တော် AA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ကိုယ်တွေ့ကြုံရသူ ၃ ယောက်က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောခဲ့ကြတယ်လို့လည်း သတင်းက ဖော်ပြခဲ့တာပါ။ လူမှုကွန်ရက်ပေါ်က ဗွီဒီယိုမှာတော့ ရွှံ့နွံတွေနဲ့ ကျောပိုးအိတ်တွေ၊ ခရီးဆောင်အိတ်တွေကြား သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ကြရပြီး၊ အသက်မသေကျန်ခဲ့သူ ၃ ယောက်ကတော့ သေဆုံးသူ ၂၀၀ ကျော်မယ်လို့ ပြောခဲ့သလို၊ ကိုယ်တိုင်တွေ့တဲ့ နောက်တယောက်က တော့ အနည်းဆုံး အလောင်း ၇၀ လောက် ရှိမယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့လည်း AA အဖွဲ့က စွပ်စွဲချက်ကို ငြင်းဆန်ထားသလို၊ သေဆုံးသူအရေအတွက် အတိအကျနဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို သီးခြားအတည်မပြုနိုင်ကြောင်းလည်း Reuters သတင်းက ဖော်ပြခဲ့တာပါ။ AA အဖွဲ့ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ချက်မှာတော့ မြို့သိမ်း တိုက်ပွဲဆင်နွှဲနေတဲ့ မောင်တောကနေ ဒေသခံတွေဘေးလွတ် ရာ ရှောင်ကြဖို့ သတိပေးခဲ့သလို၊ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားတယ်လို့ဆိုတဲ့ လူ ၅၀၀ ခန့်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အများအပြား ဒရုန်းထိမှန် သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
No comments:
Post a Comment