Monday, August 12, 2024

ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ကူးသွားဖို့ ထောင်နဲ့ချီတဲ့ရိုဟင်ဂျာတွေ စောင့်ဆိုင်းနေ

RFA
RFA Burmese
2024.08.11 

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ Telegram/ AA Info Desk

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွင့်ရဖို့ နတ်မြစ်အနီးက လယ်ကွင်းတွေထဲမှာ စောင့်ဆိုင်းနေဆဲပဲလို့ တူရကီနိုင်ငံအခြေစိုက် AA သတင်း ဌာနက သြဂုတ်လ ၁၁ ရက်နေ့မှာ ရေးသားပါတယ်။

မောင်တောမြို့နယ်ကနေ သြဂုတ် ၅ ရက်နေ့က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ နတ်မြစ်အနီးမှာ ဒရုန်းတွေနဲ့တိုက် ခိုက်ခံရတဲ့အတွက် ရိုဟင်ဂျာတွေရာနဲ့ချီ သေဆုံးခဲ့ပြီး နေရပ်ပြန်ကြသူတွေရှိပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ဖြတ်ကျော်ဖို့ ထောင်နဲ့ချီ စောင့်ဆိုင်းနေကြသူတွေလည်း ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အခုလ ပထမအပတ်အတွင်းမှာပဲ ရိုဟင်ဂျာ ၁၅၀၀ ကျော်ဟာ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိသွားတယ်လို့ ကာယကံရှင်တချို့က RFA ကို ပြောထားပါတယ်။

မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်ကို စက်လှေနဲ့ကူးဖို့ လူတစ်ယောက်ကို မြန်မာငွေကျပ် ရှစ်သိန်းလောက် ပေးရတယ်လို့ ဘင်္ဂလားဒေ့ရှ်ကို သြဂုတ် ၆ ရက်နေ့က ရောက်သွားတဲ့ ရိုဟင်ဂျာလူငယ်တစ်ယောက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေကို တရားဝင်လက်ခံတာမဟုတ်တဲ့အတွက် ဒုက္ခသည်စခန်းတွေက နီးစပ်ရာ အသိမိတ်ဆွေတွေဆီမှာ ပုန်းအောင်းနေထိုင်နေကြရတယ်လို့လည်း ရိုဟင်ဂျာ တချို့က RFA ကို ပြောပါတယ်။

မောင်တောမြို့နယ်က စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကြီးတွေနဲ့ ဗျူဟာကုန်းတွေကို AA က သိမ်းပိုက်ပြီးနောက် ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကစပြီး မြို့အနီးဝန်းကျင်မှာရှိတဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */