RFA
RFA Burmese
2024.08.21
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ ဒီနှစ် သြဂုတ် ၅ ရက်က တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက် တဲ့ စွပ်စွဲ ချက်တွေဟာ အချက်အလက်တွေ ကွဲလွဲနေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်တဲ့ ကနဦး အချက်အလက် စစ်ဆေးခြင်းနဲ့ ဖြစ်ရပ်ပေါ် ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က အထောက်အထားမရှိဘဲ အိန္ဒိယလုပ်ဒရုန်းနဲ့ AA က ပစ်ခတ်တယ်လို့ ပထမဆုံး စွပ်စွဲပါတယ်။
ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း AA က ဒရုန်းသုံး တိုက်ခိုက်တယ်လို့ ပြောပါတယ်။ သက်သေ မခိုင်မာဘဲ AA ကို စွပ်စွဲတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ အသက်ရှင်ကျန်သူတချို့ကပြောကြောင်း AA ရဲ့ ဆန်းစစ်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
မြေပြင်မှာ အခင်းဖြစ်ပွားတဲ့နေ့က တာဝန်ကျတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို AA ကမေးမြန်းတဲ့အခါ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ မသုံးတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်က AA သုံးတဲ့လက် နက်တွေကို တားဆီးနိုင်တဲ့အကြောင်းပြောတယ်လို့ ဖော်ပြပါတယ်။
နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါ အဝင် ရိုဟင်ဂျာ မိသားစုတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် လူရာနဲ့ချီသေဆုံးခဲ့မှုနဲ့ ပတ် သက်ပြီး AA က တုံ့ပြန်တာပါ။
ဆက်နွယ်သောသတင်းများ
- ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရဖို့ နောက်ကွယ်ကကြိုးပမ်းကြောင်း အမေရိကန်ပြောကြား
- ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို
- အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း
- မောင်တော မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေကြောင်း AA ပြော
- ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ် ဆက်ထောက်ပံ့မည်
No comments:
Post a Comment