RFA
RFA Burmese
2024.08.21
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့မှုအတွက် မြန်မာစစ်ခေါင်းဆောင် တွေကို နိုင်ငံတကာ တရားရုံးတွေမှာ စစ်ဆေးပြီး စီရင်ချက် ချမှတ်နိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့်၊ တ ရားမျှတမှု ရဖို့ နောက်ကွယ်ကနေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် Beth Van Shaack က RFA နဲ့ သီးသန့် မေးမြန်းခန်းမှာ သြဂုတ် ၂၁ ရက်က ပြောကြားလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ဖို့အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် အစိုးရသစ် လက်ထက်မှာ အကူအညီတွေ ပို ထိထိရောက်ရောက်ပေးခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။
အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး
ထိန်းချုပ်နယ်မြေထဲက အရပ်သားပြည်သူတွေနဲ့ ဖမ်း ဆီးထားတဲ့
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူသားဆန်ဆန် ဆက်ဆံဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။
No comments:
Post a Comment