Friday, July 5, 2024

ICJ တရားရုံးက မြန်မာအမှုမှာ နိုင်ငံ ၇ နိုင်ငံကို ပါဝင်ခွင့်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဇူလိုင်၊ ၂၀၂၄

နယ်သာလန်နိုင်ငံ The Hague မြို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ 
 
မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု Genocide အမှုနဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ Maldives နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုထားကြောင်း ICJ က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီအမှုမှာ ကြားဝင်ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ဒီနိုင်ငံတွေက ၂၀၂၃ နိုဝင်ဘာလကတည်းက ICJ ကို တောင်းဆိုထားတာပါ။ သူတို့ ကြားဝင်ပါဝင်ချင်တဲ့အကြောင်းအရာတွေကို ဒီ ၇ နိုင်ငံက စာရေးသားတင်သွင်းနိုင်ပြီး နောက်ပိုင်းမှာ နှုတ်နဲ့ ပြောဆို ပါဝင်နိုင်ခွင့်ရှိမရှိကို တရားရုံးက ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ICJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်ေ မြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာလူမျိုးတုန်းသတ်ဖြတ်မှုမြောက်ပြီး၊ မြန်မာနိုင်ငံကပါ ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ ကို အမှုတင်သွင်းထားတာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရွာပေါင်း ၃၀၀ ကျော် ဖျက်ဆီးခံခဲ့ရသလို ရိုဟင်ဂျာ ၇ သိန်းကျော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */