Wednesday, May 29, 2024

ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာတွေကို ဒေါ်လာသန်း ၇ဝဝ ကူညီမည်

RFA
RFA Burmese
2024.05.29

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်ကြသူတချို့အား ၂ဝ၂၄ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးထွက်ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့အိမ်ရှင် အသိုက်အဝန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကူညီသွားမယ်လို့ ကမ္ဘာ့ဘဏ်က မေလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်ခံထားတဲ့ လူမှုအဖွဲ့အစည်းတွေအတွက် အခြေခံလို အပ်ချက်တွေ၊ ဘေးအန္တရာယ်နဲ့ လူမှုကိစ္စတွေဆောင်ရွက်ဖို့ စီမံကိန်းနှစ်ခုအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၇၀၀ တန် စီမံကိန်းနှစ်ခုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ အိမ်ရှင်လူမှုအသိုက်အဝန်းအတွက် ဝန်ဆောင်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် ဒေါ်လာသန်း ၃၅၀ တန်ဖိုးရှိ စီမံကိန်းနဲ့ အသိုက်အဝန်းနှစ်ခုလုံးအတွက် လူမှုဘဝမြှင့်တင်ရေး စီမံကိန်းအတွက် သန်း ၃၅၀ ပါဝင်တဲ့ စီမံကိန်းတွေ ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ တစ်သန်းနီးပါး ထွက်ပြေးခဲ့ရပြီး ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အတင်းအကျပ် ရွှေ့ပြောင်းခံရမှုတွေထဲက တစ်ခုလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအကျပ်အတည်းဟာ ခုနစ်နှစ်မြောက်ကို ရောက်ရှိလာတာနဲ့အမျှ ရေရှည်စီမံကိန်းတွေနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေဆောင်ရွက်ရမှာဖြစ်သလို ရေတိုအရေးတကြီး ဖြေရှင်းရမဲ့ ကိစ္စတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတစ်သန်းနီးပါးကို ကူညီပံ့ပိုးပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး Abdoulaye Seck က ပြောထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */