" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 21, 2024

သူခိုးက လူပြန်ဟစ်တာ (ရုပ်/သံ)

ဧရာဝတီ
စောမေရီ၊ ဧပြီ ၂၀၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက လူမျိုးရေး ပဋိပက္ခတွေကို အာရက္ခတပ်တော် (AA) က ဖန်တီးနေတာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက်က စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေ တဆင့် စွပ်စွဲပြောဆိုထားပါတယ်။ 

မြေပြင်မှာရှိနေတဲ့ ရိုဟင်ဂျာရွာသားတွေ အပါအဝင် AA၊ ရခိုင့်အရေးစောင့်ကြည့်လေ့လာသူတွေနဲ့ ရိုဟင်ဂျာအ ရေး လှုပ်ရှားသူတွေကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ ပြောင်းပြန် ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပြကြပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း အကြီးအကျယ် စစ်ရှုံးနေတဲ့ စစ်တပ်ဟာ သူကြုံနေရတဲ့ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း ကနေ ရုန်းထွက်နိုင်ဖို့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး ပဋိပက္ခတွေဟာ ဒီထက် ပိုပြီးပြင်းထန်လာနိုင်တဲ့ အနေအထားမှာ ရောက်နေပြီလို့ နိုင်ငံရေးသုတေသီတွေက မှတ်ချက်ပေးနေကြပါတယ်။ 

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */