" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 24, 2024

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ မတ် ၂၀၂၄)

မဇ္စျိမ
March 23, 2024
 

ပုံအညွှန်း – ပဲခူးတိုင်း(အရှေ့ခြမ်း) ပြည်သူ့စစ်လက်နက်တပ်ဆင်ပွဲအခမ်းအနား၊ စက်တင်ဘာ ၁၉ ရက်နေ့ ၂၀၂၃
အမျိုးသားညီညွတ်ရေး အစိုးရ

မြန်မာနိုင်ငံက စစ်အာဏာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လက်အောက်ခံအဖွဲ့များ ကအဓိက လုပ် ဆောင်နေသည့် နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေကြေး စီးဆင်းမှုများကို နိုင်ငံ တကာအသိုင်းအဝိုင်းကတားဆီးပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ် အနှံ့အပြားက ရိုဟင်ဂျာလူငယ် ရာနှင့်ချီပြီး အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မနည်း ဖြင့် စစ်သားအဖြစ် စုဆောင်းခြင်းခံနေရသည့်အတွက် အချို့ ရိုဟင်ဂျာလူငယ်များသည် စစ်တပ် လက်ကလွတ်အောင် နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားနေခြင်းများ ရှိနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို မတ်လ ၂၁ ရက် ညနေ ၃ နာရီ၌ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၃ ဦးက ထိခိုက်ဒဏ်ရာရပြီး ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးက သေဆုံးခဲ့ကြောင်း ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) ကပြောဆိုသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ ဘန်ဂလောကျေးရွာ အနောက်ဘက်ရှိ မိုက်ကရိုဝေ့ တာဝါတိုင်တောင်ကုန်းစခန်းကို ယမန်နေ့ မတ် ၂၁ ရက်နေ့က ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Flying Starr Force အဖွဲ့က ယနေ့ မတ် ၂၃ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်း ကြောင့် မတ်လ ၂၂ ရက် နံနက် ၁၀ နာရီ အချိန်မှစ၍ ဒေသခံအများအပြား တိမ်းရှောင်နေရသည်ဟု ဒေသခံကပြောသည်။

ဝက်လက်မြို့တွင် ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦဆောင်ကော်မတီက ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ သိရသည်။

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏စစ်မှုထမ်းကိစ္စအတွက် စာရင်းလိုက်ကောက်သည့် အဖွဲ့၌ပါဝင်သော ဒါဝကျေးရွာရာအိမ်မှူးဦးဝင်းရွှေသည် ယမန်နေ့ မတ်လ ၂၁ ရက်နေ့က သတ်ဖြတ်ခံ ခဲ့ရ‌ကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ရှိ အိမ်ခြေ ၂၀၀နီးပါးရှိသော မှန်ရွာမှာ တောမီးကူးစက်လောင်ကျွမ်း မှုကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ လာရောက်နိုင်ဖွယ်ရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မကွေးတိုင်း ပခုက္ကူတပ်မှ စတင်ထွက်လာကြောင်း မင်းတပ်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် တစ်ပတ်ကျော်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ထွေအုပ် စာရေးနှင့် ပျူစော ထီးအဖွဲ့ဝင် ကိုးဦးပစ် ခတ်ခံရပြီး ရှစ်ဦးမှာ အခင်းဖြစ်နေရာများ၌ သေဆုံးခဲ့​သည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ် ဖွဲ့က သတိပေးစာများ ဖြန့်ဝေခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တပ်ခွဲ ၁ က စီစဥ်ပြုလုပ်သည့် ‘ရှမ်းတောင်ကို ကြုံးမယ့် ရှမ်းတောင်ကတုံးလေးများ’သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီးနှင့် မိုးဗြဲ စသည့် မြို့ခြောက်မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၆၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု မှ ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ မိုးမောက်မြို့နယ်အဝင် စစ်ကောင်စီတပ်ရင်းနှစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ယမန်နေ့မတ်လ ၂၁ ရက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက် နေကြောင်း KIA သတင်းရင်းမြစ်မျာကပြောသည်။

စစ်ကောင်စီ

မန္တလေးမြို့မှာ ဌာနေပြည်သူ့စစ်ဆိုပြီး စစ်ကောင်စီက သင်တန်းပေး ဖွဲ့စည်းပြီးနောက် လူအင်အား ၂၀၀ နီးပါးကို မတ်လ ၂၁ ရက်က လက်နက်တပ်ဆင်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appointment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့် လည်း ကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စတင်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ပါမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု သိရသည်။

ရေသယံဇာတသည် စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိများအသက်ရှင် နေထိုင်ရန် အခြေခံလို အပ်ချက်တစ်ခု ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေး နှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထားကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောသည်။

မြန်မာနိုင်ငံမှာ ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ရေဆိုင်ရာ အချက် အလက်တွေကို စုစည်းပြီး Data Bank တစ်ခု ဖြစ်ပေါ်လာရေး ဆောင်ရွက် နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်နှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုကို အတည်ပြု ပေးခဲ့ပြီးပြည် တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၈၄၃ ယောက်အတွက် အလုပ်အကိုင်ဖန်တီး ပေးနိုင်မည်ဟု စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ သိရသည်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တီဘီလူနာစုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင် ခဲ့ပြီး တီဘီလူနာဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

မတ် ၂၃ သုံးသပ်ချက်

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာမှု များပြားလာချိန်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံမှုကို တစ်စုံတရာ အထောက်အကူပြုသည့် လဝကမှထုတ်ပေးသည့် UID နံပတ်ပါမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု စစ်ကောင်စီ တင်းကျပ်လာသည်ကို တွေ့ရသည်။ 
.
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */