" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 12, 2023

ပုလဲမြို့နယ် NUG တရားရုံး ဗုံးကြဲခံရ၊ တရားသူကြီးအပါ အဝင် ၆ ဦး သေဆုံး

Myanmar Now
မောင်ရွှေဝါ , လင်းထင်
December 12, 2023
 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ (ဒီဇင်ဘာ ၁၂) မွန်း တည့် ချိန် တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်တ ရား သူ ကြီး အပါအဝင် ၆ ဦး သေဆုံး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။

ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ဘက်ခြမ်းရှိ ထိုရွာတွင် အခြေစိုက် သော မြို့နယ်တရားရုံးကို ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်တရားရေးတာဝန်ရှိ သူတစ်ဦး နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်တို့ထံမှ သိရ သည်။
သေဆုံးသူများမှာ အသက် ၂၇ နှစ်အရွယ် မြို့နယ်တရားသူကြီး ဦးပေါပြည့်အောင်၊ ၎င်း၏ဇနီး ၂၂ နှစ် အရွယ် ဒေါ်သဲသဲသဲသဲ၊ ၂၆ နှစ်အရွယ် ပလဖ ရဲဘော် မိုးမိုး၊ ၂၀ ကျော်အရွယ် ပလဖရဲဘော် တစ် ဦး၊ အ မျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။​

မြို့အနောက်ဘက် ၈ မိုင်အကွာရှိ မင်းတိုင်ပင်ရွာအနောက်ပိုင်း၌ တည်ဆောက်ထားသည့် မြို့နယ် တရားရုံး ပေါ် တည့်တည့် နှစ်လုံးတွဲ ဗုံးသီး နှစ်ကြိမ် ကျရောက်ပေါက်ကွဲရာ ထို ၆ ဦးမှာ ပွဲချင်းပြီး သေ ဆုံး သွားသည်ဟု ထိုတိုက်ခိုက်မှုမှ လွတ်မြောက်လာသည့် မြို့နယ်တရားရေးဌာန တာဝန်ရှိသူ အမျိုးသား က ပြောသည်။

“ဗုံးသီးကျတဲ့နေရာနဲ့ ကျွန်တော့်နေရာက ဘယ်လောက်မှ မကွာတော့ဘူး။ ဗုံးသီးတွေကို မြင်နေရ တာ။ ကျွန်တော်တို့လည်း ဒီထဲ ပါသွားပြီးလို့ ထင်လိုက်တာ။ ပထမ ….ဗုံးသီးကွဲတဲ့အသံ ကြားလိုက် တော့ ငါ အသက်လွတ်သေးတယ်ဆိုပြီး ပြန်ထမယ်အလုပ် နောက်တစ်သုတ် လာချသွားတာ။ နှစ် လုံးစီက တစ်မိ နစ်လောက်ပဲ ကွာတယ်” ဟု ထိုသူက ဆိုသည်။

၎င်းမှာ တရားရုံးနှင့် မီတာ ၈၀၀ ခန့်အကွာတွင် ရှိနေချိန် ဗုံးကြဲမှုကို ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

တရားရုံးအတွင်း ရှိနေသည့်၊ တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းလာသည့် ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့မှ မိသားစုဝင် ၃ ဦးတို့လည်း အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူ နေရ ကြောင်း သိရသည်။

ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ မင်းတိုင်ပင်ရွာသည် ပုလဲမြို့အနောက်ဘက် ၈ မိုင်ခန့်တွင် ရှိပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ကျေးရွာ ဖြစ် သည်။

သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်းအထက် ပါ တ ရား ရေးတာဝန်ရှိသူက ဆက်ပြောသည်။

“နောက်နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတောင် ခွဲခြားလို့ မရသေးဘူး။အလောင်းကမ မှတ် မိလောက်အောင် ပျက်စီးသွားတာ။ တိုက်ပွဲမရှိဘူးဗျ။ တမင်လာပြီးကာမှ လေကြောင်းတိုက် ခိုက် မှု…လုပ်သွားတာ” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ – ပုလဲမြို့နယ်ပအဖ)

ပုလဲမြို့နယ်တွင် NUG တရားရေးစီရင်ရေးယန္တရားမှာ ယခင်က ရွှေ့လျားပုံစံဖြင့် လည်ပတ်ခဲ့သည်၊ ရုံး ထိုင်၍ မြို့နယ်တွင်းရှိ ပြစ်မှုများ စစ်ဆေးမှုများကို လွန်ခဲ့သည့် ၈ လခန့်မှစတင်၍ ဆောင်ရွက်နေ သည် ဟု ဆိုသည်။

“တိုက်ပွဲ …မရှိဘူး။ နယ်မြေမှာ စစ်ကောင်စီသတင်းပေးတွေကို ဖမ်းဆီးထိန်းသိမ်းရတာရှိတယ်။ ဖမ်း ဆီးထိန်းသိမ်းတဲ့အခါမှာ စစ်ဆေးပြီးကာမှ သက်ဆိုင်ရာအချုပ်ထောင်ကို ပို့လိုက်တာရှိတယ်။ သူတို့နဲ့ ဆက်စပ်တဲ့ သတင်ပေးတွေကပဲ ဒီနေရာကို သတင်းပေးလိုက်တယ်လို့ လောလောဆယ် ယူဆထားပါ တယ်” ဟု အထက်ပါ တရားရေးတာဝန်ရှိသူက ပြောသည်။

မြေပြင်သတင်းပေးသူရှိ၍ NUG မြို့နယ်တရားရုံးကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်မည်ဟု မြို့နယ် ပအဖ ခေါင်းဆောင် ကိုဇော်ထက်က သုံးသပ်သည်။

“အမှုပေါင်းများလာတဲ့အခါမှာ အမှုသည်တွေအပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့သူတွေလည်း ပါလာ တာ ဆိုတော့ ဒီထဲမှာ သတင်းပေးက ပါလာမလား ကျွန်တော်တို့လည်း မသိရဘူးဒီလိုအခြေနေ တွေ ကြောင့် သတင်းပေါက်သွားတာ။ ရွေ့လျားပုံစံနဲ့ စစ်တယ်ဆိုရင် ဒီလိုအခြေနေမျိုးတွေ ဖြစ်မလားနိုင် တော့ဘူး” ဟု ကိုဇော်ထက်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် NUG တရားသူကြီး ဦးပေါပြည့်အောင်မှာ ယခင်က ပုလဲမြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက အာ ဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူဖြစ်သည်။

CDM မလုပ်ခင်ကလည်း မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများကို ရဲတပ်ဖွဲ့အတွင်းမှ သ တင်း ပေးနေသူ (သို့) ဖရဲသီးအဖြစ် ကူညီပေးခဲ့သူဖြစ်ကြောင်း၊ CDM လုပ်ပြီးနောက် တရားရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ – ပုလဲမြို့နယ်ပအဖ)

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မင်းတိုင်ပင်ရွာအနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဖလံပင်ရွာ တွင် အခြေစိုက်သည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက် ခိုက် ပြီးနောက် အထူးကွန်မန်ဒိုများပါ အသုံးပြုစီးနင်းခဲ့သည်။

အဆိုပါ စီးနင်းမှုအတွင်း ရှစ်တန်းကျောင်းသား အပါအဝင် ပြည်သူ ၃ ဦး၊ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး၊ အမှုများကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အချုပ်သား ၁၀ ဦးနှင့် စစ်သားတစ်ဦးတို့ သေ ဆုံး ခဲ့သည်။

ကျွန်းလှတွင်လည်း လေကြောင်းမှ တိုက်ခိုက်

အလားတူ လက်နက်ကိုင် တော်လှန်ခုခံမှု အားကောင်းရာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း လေ ကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှု ၂ ရက်ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ည သန်းခေါင်ယံခန့်တွင် တိုက်လေယာဉ်ဖြင့် ကျွန်းလှမြို့နယ် လိပ်စင်းတောင် ရွာ အနီးကို တိုက်ခဲ့သလို၊ ဒီဇင်ဘာ ၁၁ နံနက် ၈ နာရီခန့်က ကျွန်းလှမြို့အနောက်ဘက်ရှိ သဖန်း ဆိပ် တည်အနီး လိပ်စင်းတောင်နှင့် အေးချမ်းသာရွာ အကြား လေကြောင်းဖြင့် တစ်နာရီခွဲနီးပါး ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လာပစ်တာပဲ။ အေးချမ်းသာရွာနဲ့ လိပ်စင်းတောင်ရွာကြားမှာ ကားတစ်စီး ရပ် ထားတာ၊ အဲ့တစ်စီးတော့ ထိသွားမှာပဲ။ အဲ့ဒီနား ရွာတွေက ပြည်သူတွေတော့ အခု ရွာပြင်ကို ထွက် ပြီး ရှောင်နေကြပြီ”

ယနေ့ ကျွန်းလှမြို့နယ် လေကြောင်းပစ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေတချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Infinity Group)

အရပ်သားထိခိုက်မှု မရှိသော်လည်း ထိုလေကြောင်းတိုက်ခိုက်မှုမှာ တန့်ဆည်မြို့နယ်အတွင်း တိုက် ပွဲ များ တွင် စစ်ကူလာမည့် တော်လှန်ရေးအင်အားစုများ၏ လမ်းကြောင်းကို ဖြတ်တောက်လိုသည့် သ ဘောဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သော ဒေသခံ တစ်ဦးက ဆိုသည်။

“တန့်ဆည်မှာက မြို့သိမ်းတိုက်ပွဲတွေ ရှိနေတဲ့အချိန် တန့်ဆည်နဲ့ လမ်းကြောင်းကိုဒီဘက်(ကျွန်းလှ) က ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲကို လာမှာစိုးလို့ တားတဲ့ သဘောမျိုးနဲ့ ကြဲတာဖြစ်နိုင်တယ်၊ နောက် တစ်ချက်က PDF လေးတွေ စစ်ကူမသွားနိုင်အောင်လို့ ဖြတ်တောက်တဲ့အနေနဲ့ ကြဲတာဖြစ် နိုင်ပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

“မြို့သိမ်းတိုက်ပွဲတွေက မကြာတော့တဲ့အချိန်မှာ လုပ်မှာဆိုပြီး သတင်းတွေ ထွက်လာတော့ ဒီ..အ တွက် နဲ့ ဗုံးကြဲတာ ဖြစ်နိုင်ချေ ပိုများပါတယ်”

ဗုံးကြဲတိုက်ခိုက်ခံရသည့်အနီး ကျေးရွာများဖြစ်သော လိပ်စင်းတောင်၊ တပုတော၊ သရက်ပင်၊အေး ချမ်းသာ၊ ပေကုန်း၊ သာယာကုန်း စသည့် ၆ ရွာမှ ဒေသခံ သုံးသောင်းခန့်သည် ယမန်နေ့ကတည်းက ဘေး လွတ်ရာသို့ တိမ်းရှောင်နေရသည်။

ကျွန်းလှမြို့ သဖန်းဆိပ်ဆည် အနောက်ဘက်ရှိ ကျေးရွာများသည် တောတောင်ထူထပ်ပြီး အာဏာ သိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်သူများ လှုပ်ရှားသွားလာရာ ဒေသဖြစ်သည်ဟု စစ်တပ်က ယူဆပြီး မကြာ ခဏ စစ်ကြောင်းထိုး ဝင်ရောက်ကာ တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လိပ်စင်းတောင်ရွာအနီးသို့ MI 35 ရ ဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာအတွင်းရှိ နေအိမ်တချို့ ပျက်စီးခဲ့ရသည်။

ကျွန်းလှမြို့နယ် အရှေ့ဘက်မြောက်ဘက် ကပ်လျက်တွင် တည်ရှိသည့် ကောလင်းမြို့နယ်ကိုလည်း NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလဆန်းပိုင်းတွင် တိုက် ခိုက် သိမ်း ယူထားနိုင်ခဲ့သည်။

ယင်းအပြင် ကျွန်းလှမြို့ တောင်ဘက်ရှိ တန့်ဆည်မြို့တွင်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ က သိမ်းယူနိုင်ရန် ကြိုးစားနေပြီး မြို့တွင်းသို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသည့် အခြေ အနေတွင် ရှိနေသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */