" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 9, 2023

လူမှောင်ခိုကြောင့် ရိုဟင်ဂျာတွေ ပိုရောက်တာ သံသယရှိ ကြောင်း အင်ဒိုသမ္မတပြော

RFA
2023.12.09 

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကို တွေ့ရစဉ်။

အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည်တွေ အရောက်များလာတာဟာ လူကုန်ကူးတဖွဲ့တွေနောက် ကွယ်မှာ စီစဉ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုကဒီဇင် ဘာ လ ၈ ရက်နေ့က ပြောလိုက်ပါတယ်။

ဒါကြောင့် အင်ဒိုနီးရှား အစိုးရအနေနဲ့ လူကုန်ကူးသမားတွေကို ကြပ်ကြပ်မတ်မတ် အရေးယူသွား မယ် လို့လည်း သမ္မတ ဂျိုကို ဝီဒိုဒိုက မနေ့ကကျင်းပတဲ့ သတင်းစာရှင်လင်းပွဲမှာ ကတိပေး ပြော ဆိုတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှား အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို ယာယီ အကူအညီတွေ ပေးသွားမှာဖြစ်ပေမယ့် ဒေသခံ ပြည် သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေး ဆုံးဖြတ်သွားမယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်ဖို့ မိုင်ပေါင်း ၁၁၀၀ ကျော်လောက်ဝေးတဲ့ ပင်လယ်ခရီးကို အသက်စွန့် ဖြတ်သန်းပြီး ရောက် နေ ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာ တစ် ထောင်ကျော်လောက်အထိရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်း အများဆုံး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့ တဲ့ဗုဒ္ဓ ဟူး နေ့က နောက်ဆုံး ရောက်လာတဲ့လှေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၃၉ ဦး ပါဝင်ပါတယ်။ ဒီရက်ပိုင်းမှာပဲ ရိုဟင်ဂျာတွေကို လက်မခံတဲ့အကြောင်း အာချေး ဒေသခံ တစ်ရာ လောက် က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

သူတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေကို တခြားတစ်နေရာကို ရွှေ့ပြောင်းပေးဖို့တောင်းဆိုခဲ့ကြပြီး ပင်လယ် ထဲကို ပြန်ပို့မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ရိုဟင်ဂျာ ဒုက္ခသည် သုံးဆယ်လောက်ကိုအာချေးပြည် နယ်ဒုက္ခ သည် စခန်းထဲကနေ ထွက်ခွာဖို့ ကူညီခဲ့တဲ့အတွက် ဒေသခံ သုံးဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးထား တယ်လို့ လည်း AFP သတင်းက ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ရိုဟင်ဂျာတစ်ယောက်ကို ဒေါ်လာ နှစ်ဆယ်လောက်နဲ့ညီတဲ့ ရူပြားငွေ သုံး သိန်း စီယူပြီး ရိုဟင်ဂျာတွေကို စူမားတြားကျွန်းရဲ့ အခြားတစ်နေရာကို ခေါ်သွားပေးဖို့ ကူညီခဲ့ တယ်လို့ အာချေးပြည်နယ် ရဲချုပ်က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */