" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 9, 2023

နှုံးဘူး ဗျူဟာကုန်းကို AA အလုံးအရင်းနဲ့ ထိုးစစ်ဆင်

VOA
စံကျော်
၀၈ ဒီဇင်ဘာ၊ ၂၀၂၃

      ထရွန်အိုင်ဗျူဟာကုန်းကိုသိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့သည့် မြေပုံညွှန်း (ဒီဇင်ဘာ ၅၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဒီကနေ့ အထိ ပစ်ခတ်မှု တွေရှိနေတာပါ။ ဒီကနေ့ နေ့လည်ပိုင်းကလည်း ပလက်ဝမြို့ပေါ်ကို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် ပလက်ဝမြို့နယ်မှာ ရှိတဲ့စစ် ကောင် စီ အထိုင်ချ နှုံးဘူး ဗျူဟာကုန်းကို AA တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ AA ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရခိုင်တပ်ကြား ရက်ပေါင်း ၂ဝကျော်ကြာ တိုက်ပွဲ ပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်မှာ ဒီနေ့ နေ့လည်ပိုင်းက ပလက်ဝမြို့ပေါ်ကို လက်နက်ကြီးကျည်ကျ ရောက်ခဲ့ တာကြောင့် အရပ်သား တ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပလက်ဝမြို့ခံတဦးကပြောပါတယ်။

“ ဒီနေ့ ၁၂ နာရီဝန်းကျင်လောက်က မြို့ထဲကို လက်နက်ကြီးကျတာ ၂၈၉ တပ်က ပစ်တာဆေးရုံနောက် ကို ကျတယ်၊ မိန်းကလေးတယောက် ဒဏ်ရာရတယ်၊ ဆေးရုံတင်ထားရတယ်၊ မြို့ထဲကိုတော့ အဲဒီတ လုံး ပဲ ကျတာ၊ ပစ်တာတော့ ၁၅လုံး လောက်ရှိတယ်။”

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အထိုင်ချ ဗျူဟာကုန်းဖြစ်တဲ့ ထရွန်အိုင်ဗျူ ဟာ ကုန်းကို ပြီး ခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ကလည်း ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး တဆက်တည်းမှာ ပဲ ပလက်ဝမြို့နယ်က နောက်ထပ်ဗျူးဟာကုန်း တခုဖြစ်တဲ့ နှုံးဘူးဗျူဟာကုန်း ကို အင်းအားအလုံးအရင်း နဲ့ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ AA ဘက်က ထုတ်ပြန် ထားတာပါ။

အခုလို ပလက်ဝ မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ထရွန်အိုင်နဲ့ နှုံးဘူး အနီးတဝိုက် မှာ နေထိုင်တဲ့ ဒေသခံ ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေ ကြရသလို ကျေးရွာ အတွင်း လက် နက်ကြီးကျည် ကျပြီးတော့ ထိခိုက်သေဆုံးတာ တွေလည်းရှိနေတာပါ။ ပလက်ဝဒေသခံတဦး ကတော့ ဒီကနေ့လို မြို့ပေါ် ရပ်ကွက်တွေကို လက်နက်ကြီးတွေ ထပ်ကျမှာကို စိုးရိမ်နေကြတယ်လို့ပြောပါတယ်။

“ စိုးရိမ်မှုကတော့ အများကြီးရှိတာပါပဲ တိုက်ပွဲတွေက ဖြစ်တဲ့နေရာမှာ ပစ်တာမှမဟုတ်တာ၊ မြို့ပေါ်ပဲ ပစ်နေတယ်ဆိုတော့ အကုန်လုံးက စိုးရိမ်ကြတာပါပဲ။”

ရက္ခိုင့်တပ်တော် AAအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ ကတည်း က စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်သလို စခန်းတော် တော်များများကို သိမ်းထားနိုင်တယ်လို့လည်း သတင်းတွေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် AA က သိမ်းပိုက်ပြီးတော့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ပေါက်တော မြို့ပေါ်မှာ ဆို ရင်လည်း နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို စစ်ကောင်စီက လေကြောင်းကရော၊ ရေ ကြောင်းကပါ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ပေါက်တော ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ပေါက်တော မြို့ပေါ် တိုက်ပွဲကတော့ အရင်ရက်တွေ တုန်းကလို သိပ်ပြင်းပြင်းထန်ထန် ဖြစ် တာ တော့ မရှိတော့ဘူး၊ ညဘက်တွေ ကျရင်တော့ အပြန်အလှန်ပစ်ခတ်မှုတွေ နေ့တိုင်းရှိ တယ်။ မနေ့ည က ဆိုရင် လေယာဉ်နဲ့ မြို့ပေါ် ဗုံးလာကြဲတာ တွေရှိခဲ့တယ်ပေါ့နော်၊ ဒီနေ့ မနက်ပိုင်း လက်နက်ကြီးသံ ၅ ချက် လောက်ကြားတယ်။ ညနေပိုင်း တချက် နှစ်ချက်လောက် ကြားတယ်၊ ရင်ဆိုင်တိုက်ပွဲ ရှိလား မရှိလားတော့ သေချာမသိဘူး ညဆိုရင်တော့ ပုံမှန်ရှိ ပါတယ် တိုက်ပွဲတွေ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ကလည်း စစ်ကောင်စီနဲ့ AA တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း မှာ အရပ်သား သေဆုံးသူ ၃ဝ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၁ဝဝ ကျော် အထိ ရှိနေတာလည်းဖြစ် ပါ တယ်။

တိုက်ပွဲအတွင်းအထိနာနေတဲ့စစ်ကောင်စီဘက်ကတော့အရပ်သားတွေကိုပစ်မှတ်ထားပြီးလေကြောင်း ရေကြောင်းတွေကနေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ လည်းရှိတယ်လို့ ရခိုင် လက် နက်ကိုင် AAအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ AA အဖွဲ့အနေနဲ့အရပ် သားတွေကို အကာအကွယ်ယူ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */