" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

လူထုအကြား အမုန်းစကားဖြန့်ချိမှု ပြန်အားကောင်းလာ

RFA
RFA Burmese
2023.11.24

မိုဘိုင်းဖုန်းဖြင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အသုံးပြုနေသူတစ်ဦးကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် AFP
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ဒီကာလတွေမှာ လူထုအကြား အမုန်းစကား ဖြန့်ချိတာတွေ ပြန်အား ကောင်း လာတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) က နိုဝင်ဘာ ၂၄ ရက် နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဗွီကေ၊ စစ်ကောင်စီထုတ် သတင်းစာ၊ စစ်တပ်ကျောထောက် နောက်ခံပြု အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ဂျာနယ်တွေကနေတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကား တွေ ကို ရေးသားထုတ်လွှင့်တာတွေကို လေ့လာစောင့်ကြည့်ထားတာလို့ ဆိုပါတယ်။

အမုန်းစကားနဲ့ သတင်းအမှား ပစ်မှတ်ထားရာ အုပ်စုတွေအဖြစ် မွတ်စလင်ဘာသာဝင်တွေကို ၄၃၃ ကြိမ်၊ ခရစ်ယာန်ဘာသာဝင်တွေကို ၈၁ ကြိမ်၊ ဟိန္ဒူဘာသာဝင်တွေကို နှစ်ကြိမ်၊ ရိုဟင်ဂျာတွေကို ၁၈၉ ကြိမ်နဲ့ NUG၊ NLDကို ၁၂၃ ကြိမ် တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်က တော်လှန်ရေးအင်အားစုတွေအပေါ် နည်းမျိုးစုံနဲ့ သွေးခွဲဖို့ ပစ်မှတ် ထားလာတာ လို့ BHRNရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

"အာဏာသိမ်း စစ်တပ်က ကျရှုံးလာတာနဲ့အမျှ တိုင်းပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို သွေး ခွဲဖို့ ကြိုးစားလာတာပေါ့။ ၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ၂၀၂၃ ဇွန်လအထိ လေ့လာစောင့်ကြည့် မှုအရ အဓိကကတော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား လာ တယ်။ ဒီဘာသာဝင်တွေက ဒီနိုင်ငံကို သူတို့ဘာသာဝင်တွေအဖြစ် ပြောင်းပစ်မယ်။ အပိုင်စီး မယ်ဆိုတဲ့ ကောလာဟလတွေ တွေ့ရတယ်၊ ဆိုးရွားတဲ့ အမုန်းစကားတွေနဲ့ သွေးထိုးလာတာမျိုးပါ"

လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေဟာ မတူညီတဲ့ ဘာသာဝင်တွေနဲ့ ပြည်သူ တွေကြား ထဲ သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ သူက ဆိုပါတယ်။

ခေတ်အဆက်ဆက်မှာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေဟာ တိုင်းပြည်ကို ထိန်းချုပ်ရာမှာ အာဏာရှင် စနစ်နဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ ရိုက်သွင်းပြီး သွေးခွဲအုပ်ချုပ်တဲ့ စနစ်ကို ကိုင်ဆွဲခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ပျံ့နှံ့နေတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး ဖြန့်ဝေတာ၊ အားပေး ထောက်ခံ တာမျိုး မလုပ်မိဖို့နဲ့ အမုန်းစကားနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပိုကောင်းဖို့ လိုတယ်လို့ ထုတ် ပြန်ချက်မှာ ရေးသားထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */