" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

ဂျာမနီနိုင်ငံရှိ ဟားမတ်စ် နေအိမ်များကို ရှာဖွေ

DVB
November 24, 2023

ဂျာမနီအာဏာပိုင်တွေဟာ ပါလက်စတိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့နဲ့ ပါလက်စတိုင်း လိုလားတဲ့ ဆာ မီဒုံအဖွဲ့တို့နဲ့ ပတ်သက်တဲ့ နေအိမ် ၁၅ လုံးကို နိုဝင်ဘာ ၂၃ ရက်က ရှာဖွေခဲ့ကြောင်း ဂျာမန်ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဖွဲ့ နှစ်ဖွဲ့စလုံးအတွက် လှုပ်ရှားမှုတွေကို မကြာသေးခင်က တားမြစ်ပိတ်ပင်ခဲ့ပြီးနောက်မှာ ခုလို ရှာဖွေ မှု လုပ်ဆောင်လာတာပါ။

ဂျာမနီနိုင်ငံက ပြည်နယ် ၄ ခုမှာ ဒေသစံတော်ချိန် မနက် ၆ နာရီမှာစတင်ပြီး ရှာဖွေရေး လုပ်ဆောင်မှု တွေဟာ တားမြစ်ချက်ကို လိုက်နာဖို့အပြင် နိုင်ငံတွင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထား တဲ့ ဟားမတ်စ်အဖွဲ့နဲ့ ဆာမီဒုံအဖွဲ့တို့ရဲ့ တရားမဝင် အဆောက်အအုံတွေကို ရှင်းလင်းဖို့ ရည်ရွယ်ထား ကြောင်း သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂျာမနီမှာ ဟားမတ်စ်အဖွဲ့ဝင် ၄၅၀ ဝန်းကျင်လောက် ရှိနေပြီး သူ တို့တွေဟာ ထောက်ပံ့ရေးနဲ့ ဝါဒဖြန့်ခြင်းကနေ ရန်ပုံငွေရှာဖွေခြင်းနဲ့ အလှူငွေ ကောက်ခံခြင်း တွေ အ ထိပါ ဝင်လှုပ်ရှားနေကြောင်း သိရပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */