" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

ဟားမတ်စ်စစ်သွေးကြွ ၂၆၀၀ ကို ဖမ်းဆီးထားဟု အစ္စရေး အကျဉ်းဌာနပြော

DVB
November 11, 2023
အစ္စရေးမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု နောက်ပိုင်း ဖမ်းဆီးထားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေလို့ ပြော ထားတဲ့ ဗွီဒီယိုကို အစ္စရေးအကျဉ်းဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းသားတွေဟာ အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထားရပြီး လုံခြုံရေးတင်းတင်းကြပ်ကြပ် ဆောင်ရွက်နေ တယ်လို့ အစ္စရေးအကျဉ်းဦးစီးဌာန ကော်မရှင်နာမင်းကြီး ကေတီပယ်ရီက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။
အကျဉ်းသား ၂၆၀၀ လောက်ကို အောက်တိုဘာ ၇ ရက်ကတည်းက ထိန်းသိမ်းထားပြီး အထီးကျန် အခြေအနေ တွေနဲ့ လှုပ်ရှားမှု တွေ လျှော့ချခြင်း အပါအဝင် အကျဉ်းထောင်မှာ ထိန်းသိမ်းထားချိန် တင်းကျပ်တဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင် ရမယ်လို့ ပြောပါတယ်။

အစ္စရေးဟာ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေနဲ့ လုံခြုံရေး အကျဉ်းသားတွေ စုစုပေါင်း ၁၈၈၆၂ ဦးကို လက်ရှိမှာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးရဲ့ လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သေဆုံးသူဦးရေ ၁၁၀၇၈ ယောက်ရှိပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး တူရကီအခြေစိုက် အနာဒိုလူ သတင်းဌာနက နိုဝင်ဘာ ၁၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */