" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

ဂါဇာ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် အစ္စလာမ္မစ်-အာရပ် ထိပ်သီး အစည်းအဝေးက ဆော်ဩ

DVB
November 12, 2023
ဆော်ဒီအာရေဗျနဲ့ မွတ်ဆလင်နိုင်ငံတွေက ဂါဇာမှာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့ နိုဝင်ဘာ ၁၁ ရက်က ဆော် ဩ လိုက်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံရဲ့မြို့တော် ရီယာ့ဒ်မှာ ကျင်းပတဲ့ အစ္စလာမ္မစ်-အာရပ် ထိပ်သီး အစည်းအဝေးမှာ စစ်ပွဲရဲ့ အကြောင်းပြချက်အဖြစ် အစ္စရေးတို့ရဲ့ ခုခံကာကွယ်မှု ဆိုတဲ့အချက်ကို ပယ်ချခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အမေရိကန်နဲ့ အစ္စရေးတို့ကို ဖိအားပေး၊ ဩဇာလွှမ်းမိုးဖို့ ဆော်ဒီက ကြိုးပမ်းနေလို့ ဆော်ဒီအာရေဗျကို တရားဝင်အုပ်ချုပ်သူ အိမ်ရှေ့မင်းသား မိုဟမ်မဒ် ဘင် ဆယ်လ်မန်က အာရပ်နှင့် မွတ်ဆလင် ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ပါလက်စတိုင်းက ကျနော်တို့ရဲ့ ညီအစ်ကိုတွေအပေါ် ရက်စက်ကြမ်းတမ်းတဲ့ စစ်ပွဲလို့ သူရည်ညွှန်းတဲ့ စစ်ပွဲကို ဆော်ဒီဘုရင့် နိုင်ငံတော်က လုံးဝ ငြင်းပယ်တယ်လို့လည်း အိမ်ရှေ့မင်းသား မိုဟာမက်က အတည်ပြုခဲ့ပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ပါလက်စတိုင်း တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု စစ်ပွဲကို ရင်ဆိုင် နေရတယ်လို့ ပြောပြီး အစ္စရေးရဲ့ ရန်စမှုတွေကို အဆုံးသတ်ဖို့ အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။

တူရကီ သမ္မတ တေယစ် အာဒိုဂန်က အစ္စရေးနဲ့ ပါလက်စတိုင်း တို့ကြား ပဋိပက္ခအတွက် အမြဲတမ်း အဖြေရှာဖို့ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို တောင်းဆိုလိုက်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင်အများအပြား အခြေစိုက်ရာ ကာတာနိုင်ငံကလည်း အစ္စရေး ဓားစာခံတွေ လွတ်မြောက် ရေး အတွက် ပြေလည်အောင် ဆောင်ရွက်ပေးဖို့ ကြိုးပမ်းနေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ် အခတ် ရပ်စဲရေးကို မကြာမီ အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့ ကာတာစော်ဘွားက ပြောပါတယ်။

အီရန်သမ္မတ ရိုင်စီကတော့ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ကို အစ္စရေးအပေါ် စစ်ပွဲဆင်နွှဲခဲ့တဲ့ အတွက် ချီးကျူး ခဲ့ပြီး အစ္စရေးနိုင်ငံအပေါ် ရေနံနဲ့ ကုန်ပစ္စည်း ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အစ္စလမ်မစ်နိုင်ငံတွေကို တိုက်တွန်းခဲ့ ပါ တယ်။

ဂါဇာစစ်ပွဲဟာ သမားရိုးကျ အရှေ့အလယ်ပိုင်း မဟာမိတ်တွေကို ပြောင်းပြန်လှန် ပစ်ခဲ့တာပါ။

ဆော်ဒီအစိုးရက ဟားမတ်စ်တွေကို ရှုံ့ချဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို ဆန့်ကျင်ပြီး အီရန်နဲ့ ပိုနီးနီးကပ်ကပ် စေ့စပ် ညှိနှိုင်းခဲ့ပါတယ်။

တဖက်မှာလည်း အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ သူ့ စီမံကိန်းတွေကို ကိုင်စွဲ ထားပါတယ်။

အီရန်နဲ့ ဆော်ဒီဟာ မတ်လက တရုတ်က ကြားဝင် စေ့စပ်ပေးတဲ့ အပေးအယူ အောက်မှာ ရန်လိုတဲ့ သမိုင်း ကြောင်းကို အဆုံးသတ်ခဲ့ပါတယ်။

ဆော်ဒီမှာ အာရပ်အသင်းချုပ် ထိပ်သီးညီလာခံနဲ့ အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ထိပ်သီးညီလာ ခံ တို့ကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တည်ခင်းကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

ဟားမတ်စ်တွေကတော့ ဇီယွန်ဝါဒီတွေရဲ့ ရန်လိုမှုကို ချက်ချင်း ရပ်ဖို့ ထိပ်သီးညီလာခံကနေ သမိုင်းဝင် ပြတ် သားတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဆော်ဩထားပါတယ်။

Source/Photo-Reuters 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */