" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 27, 2023

မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပို့ကုန်တင်ပို့မှုသာ ရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ

ပေါ်ပြူလာ
Popular Journal
November 27, 2023


ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည်ပို့ကုန် တင်ပို့မှုသာရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

နိုဝင်ဘာလ (၁) ရက်မှ (၂၁) ရက်အထိ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ပို့ကုန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံမှ ကွမ်းသီး၊ ဒညင်းသီး၊ ချင်း၊ သရက်သီး၊ ငါးမြစ်ချင်း၊ ငါးစုံလေးခြောက်၊ ငါးနီ တူခြောက်၊ ငါးခေါင်းပွနှင့် ဆီးယိုထုတ်၊ ထွန်းရွှေဝါလိမ်းဆေး၊ သနပ်ခါးခဲတို့ကို တင်ပို့ခဲ့ကြောင်း သိရသည်။

” နယ်စပ်ပိတ်ရင်လည်း ရန်ကုန်ဆိပ်ကမ်း ပုံမှန် လမ်းကြောင်းကနေ တင်ပို့ရင် စာရင်းဇယားတိကျပြီးနိုင်ငံတော် ဝင်ငွေ ပိုရနိုင်ပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်သို့ပို့နေကျ ကုန်သည်တစ်ဦးကဆိုသည်။

နိုဝင်ဘာလအတွင်း မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလျာထားချက်တန်ဖိုးသည်ပို့ကုန်ကန်ဒေါ်လာ  ၁ ဒ သမ ၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်း စုစု ပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်အထိ ကုန်သွယ်မှုစာရင်းအရ လျာထားချက်အပေါ် ၁၈ ဒသမ ၆၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင် ခဲ့ ပြီဖြစ်ကြောင်း သိရသည်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */