" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 18, 2023

ရန်ကုန်မှာ စစ်ဆေး ဖမ်းဆီးမှုတွေရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၈ နိုဝင်ဘာ၊ ၂၀၂၃ 

ရန်ကုန်မြို့ လယ်တနေရာမှာ လုံခြုံရေးယူနေသည့် စစ်သားတဦး (မှတ်တမ်းဓါတ်ပုံ) 

တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စစ်တပ်တပ်စွဲထားတဲ့ နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်နေချိန်မှာ ရန်ကုန်မြို့တချို့ နေ ရာတွေမှာ လုံခြုံရေးပြန်လည် တင်းကြပ်နေပါတယ်။ ရန်ကင်းမြို့နယ်တဝိုက်မှာ ရဲနဲ့ စစ်သားလုံခြုံရေး တွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို တားဆီးစစ်ဆေးမှုတွေ လုပ်တယ်လို့ မျက်မြင် တွေ့ ခဲ့သူတွေက VOA ကိုပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်တွေဖက်မှာလည်း အလားတူ စစ်ဆေးမှုတွေ ဒီနေ့ စနေ နေ့မှာ လုပ်နေတာ တွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေရဲ့ နာ မည်စာလုံးတွေ၊ ဓါတ်ပုံတွေရှိမရှိ လက်ကိုင်ဖုန်းတွေထဲမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ လှိုင်သာယာမြို့နယ်ဘက်မှာလည်း မနေ့ညက နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

ဒီထဲမှာ အငြိမ်းစားအရာရှိတဦးရဲ့ မိသားစုတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ အင်းစိန်မြို့နယ်မှာလည်း အစစ်အဆေးတွေ အရင်ထက် တင်းကြပ်နေပါတယ်။ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် MNDAA၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင် TNLA နဲ့ ရက္ခိုင်တိုင်းရင်းသားလက် နက် ကိုင် AA တို့က အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ဆင်ရေး ၁၀၂၇ ကိုစတင်ခဲ့ပြီး ရှမ်းပြည်မြောက် ပိုင်းက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကိုးကန့်ဒေသထဲမှာ MNDAA က စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၁၅၂ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွေမှာလည်း ပူးပေါင်း မဟာ မိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */