" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

ပေါများလှတဲ့ သမ္မတ၊ လွိုင်ကော်တက္ကသိုလ်စီးနင်းဖမ်း ဆီး ခံရမှုနဲ့ ပြည်တွင်းရေးစွက်ဖက်တဲ့တရုတ်နဲ့ ပြည်ပနိုင်ငံ ရှုတ် ချပွဲ

MYANMAR TRANSPARENCY NEWS
၂၀. ၁၁. ၂၀၂၃
Written by Phyo Wei

တရုတ်နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေခဲ့သလို အိန္ဒိယနယ်စပ်မှာလည်း တိုက်ပွဲတွေဖြစ်လာနေတာ ကြောင့် အိန္ဒိယရော၊ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတွေက တိုက်ပွဲတွေ စစ်ရှိန်မမြှင့်ဘဲ ငြိမ်းချမ်း စွာဖြေရှင်းဖို့ ပြောလာတဲ့ ဒီရက်သတ္တပတ်မှာ တရုတ်က ဖမ်း၀ရမ်းထုတ်ထားတဲ့ ကိုးကန့်ရဲ့ အချမ်းသာ ဆုံး မိသားစုလေးစုထဲက မြီမိသားစုလေးဦးကို လက်ရဖမ်းမိပြီး တစ်ယောက်က သတ်သေသွားခဲ့သလို သုံးယောက်ကိုတော့ တရုတ်ကို လွှဲပြောင်းပေးလိုက်တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပေါက်တော၊ လွိုင်ကော်၊ ထီးချိုင့် စတဲ့ ဒေသတွေကို AA၊ KIA၊ PDF နဲ့ ကယားလက် နက် ကိုင်တွေ တိုက်ခိုက်နေတာတွေက နှစ်ဖက်အထိနာနေကြသလို ပြည်သူတွေလည်း သေကြေစစ် ရှောင် ဒုက္ခရောက်မှုတွေပဲ ရင်ဆိုင်ခံစားနေရတာ တွေ့မြင်ရတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် အ ဖြစ်တော့ ပေါများလှတဲ့ သမ္မတတွေရှိတဲ့ မြန်မာလက်နက်ကိုင်တွေအကြောင်း၊ လွိုင်ကော်တက္ကသိုလ် စီး နင်းဖမ်းဆီးခံရမှုအကြောင်းနဲ့ ပြည်တွင်းရေးစွက်ဖက်တဲ့တရုတ်နဲ့ ပြည်ပနိုင်ငံတွေကို ရှုတ်ချပွဲလုပ် လာကြ တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ပေါများလှတဲ့ သမ္မတ

၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုမှာ စင်ပြိုင်အစိုးရ ထကြေညာတဲ့ ဦးနုအပြီး ၁၉၉၀ လောက်ကတည်းက အာ ဏာမရရင် ကိုယ့်ဘာသာ ပြည်ပထွက်ပြီး အစိုးရဖွဲ့တတ်တဲ့ မြန်မာနိုင်ငံမှာ NCGUB အစိုးရ၊သူ့နောက် မှာ NUG ဆိုတဲ့ အစိုးရပေါ်ထွက်ခဲ့ဖူးသလို အခုလည်း ကော်သူးလေ အစိုးရလို့ စောနယ်ဒါးဘိုမြက ဖွဲ့ ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာခဲ့မှုရှိလာပါတယ်။ NCGUB တုန်းက အဝေးရောက်ညွန့် ပေါင်း အစိုးရအဖြစ် အမေရိကန်၊ တီမောနဲ့ ကုလသမဂ္ဂတို့က အသိအမှတ်ပြုခဲ့ဖူးပေမဲ့ NUG နဲ့ ကော် သူးလေအစိုးရတို့ကိုတော့ ဘယ်သူကမှ အသိအမှတ်မပြုပါဘူး။ ပိုဆိုးတာက သမ္မတပါလို့ ကိုယ့်ကိုယ် ကိုယ်ကြေညာတဲ့ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြဟာ အပြစ်မဲ့ လမ်းတံတားလုပ်သား ၂၅ ဦးကို သတ်ဖြတ်မှုနဲ့ KNU က ထုတ်ပယ်ခံထားရသူဖြစ်နေတာပါ။

KNU တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့သားဖြစ်တဲ့ စောနယ်ဒါးဘိုမြ ဟာ KNU လက်အောက်ခံ KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီး လမ်းတံတားလုပ်သားတွေအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြောင့် KNU က သူ့ကို ရာထူးကထုတ်ပယ်ခံရပြီးနောက်မှာ ကော်သူးလေတပ် မတော်(KTLA)တည်ထောင်ပြီး စစ်ဦးစီးချုပ်အဖြစ် နေရာယူခဲ့ပါတယ်။ KTLA တည်ထောင်ပြီးနောက် မှာ စောနယ်ဒါးဘိုမြဟာ KNU လက်နက်ကိုင်တွေကို ပြန်လည် တိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလဆန်း ပိုင်း မှာဆိုရင် KNU တပ်မဟာ (၇) နယ်မြေကရွာတွေကို KTLA က ဝင်ရောက်လုယက်လို KNUတပ်မ ဟာ (၇) က စောနယ်ဒါးမြရဲ့တပ်တွေကို သူ့ပိုင်နက်မှာအခြေချလှုပ်ရှားခွင့်မပြုဘူးလိုစာထုတ်ခဲ့ပါသေး တယ်။ အပြစ်မဲ့လမ်းလုပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် KNU ကတောင် KNDO စစ်ဦးစီးချုပ်ရာထူးက ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးဘိုမြက ကိုယ့်ကိုယ်ကိုယ် သမ္မတအ ဖြစ် ကြေညာချက်နဲ့ပတ်သက်ပြီး အဝေးရောက်အစိုးရလို့ အမည်ခံထားတဲ့ NUG နဲ့ ကရင်လက်နက် ကိုင် တွေက တစ်စုံတစ်ရာမထုတ်ပြန်သေးသလို ကန့်ကွက်မှုလည်းမရှိတာတွေ့ရပါတယ်။

လွိုင်ကော်တက္ကသိုလ်စီးနင်းဖမ်းဆီးခံရမှု

လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ပြီး ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်း သူ ၂၀၀ ခန့် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု အမြန်ဆုံး ပြန်လွှတ်ဖို နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ခဲ့ပြီး ဆရာ၊ ဆရာမတွေကို ဖမ်းဆီးသတ် ဖြတ်တဲ့ ကယားလက်နက်ကိုင်တွေရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျုးလွန်တာဖြစ်တယ်လို ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျုးလွန်တဲ့အပြင် ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာ ရောက် တယ် လို ထည့်သွင်းဖော်ပြခဲ့ပြီး သူတိုရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် နိုဝင်ဘာ ၁၃ ရက်မှာ လွိုင်ကော် တက္ကသိုလ်မှာ စတင်ဖြေဆိုမယ့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲကို အကန့်အသတ် မရှိ ရွှေ့ဆိုင်း ခဲ့ရလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ ဒါကြောင့် KNPP အဖွဲနဲ့ PDF အဖွဲတွေ အနေနဲ့ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ တက္ကသိုလ် ဆရာ၊ဆရာမတွေ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ ကို အတင်း အဓမ္မဖမ်းဆီးချုပ်နှောင်ထားခြင်းက ထိခိုက်မှု မရှိစေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးသွားဖို့ လိုကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ပါမောက္ခချုပ်အပါအဝင် ဆရာဆရာမတွေကို ဖမ်း ဆီးသွားတဲ့ KNPP နဲ့ PDF တွေဟာ ဆရာဆရာမတချို့ကို သတ်ဖြတ်ခဲ့သလို ဖမ်းဆီးသွားချိန်မှာ ကယ် ထုတ်ထားတယ်လို့ သုံးနှုန်းခဲ့ပေမဲ့လည်း KNDF လက်နက်ကိုင်တချိုက သတ်ဖို့ လှုံ့ဆော်နေတာကိုတွေ့ ရပါတယ်။ ပိုဆိုးတာက ဖမ်းဆီးခံ ၁၉၈ ဦးစလုံးဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ဘယ် သူ့ ကိုမှ ဆက်သွယ်မရဖြစ်နေတဲ့ အခြေအနေပါ။ တစ်ဖက်မှာလည်း ကယားလက်နက်ကိုင်တွေ လွိုင် ကော်တက္ကသိုလ်ကို စီးနင်းတိုက်ခိုက် သတ်ဖြတ်ချိန်မှာ အသက်ဘေးက လွတ်မြောက်လာတဲ့ ဆရာ၊ ဆရာမတချို့ကလည်း သူတို့ အသက်မသေဖို့ ကြိုးပမ်းခဲ့ရမှု လူမှုကွန်ရက်မှာ ပျံ့နှံ့နေသလို စစ်သုံ့ပန်း တောင် အသက်ရှင်လျက်လွှဲပြောင်းတတ်လေ့ရှိတဲ့ မြန်မာနိုင်ငံ မှာ ကယားလက်နက်ကိုင်တွေဖမ်းဆီးခံ ရတဲ့ ပညာရေးဝန်ထမ်း ၁၉၈ ဦး သတင်းအစအနပျောက်သွားတာမဖြစ်သင့်သလို ဒီလူတွေကို အမြန် ပြန် လွှတ်ပေးတာကပဲ ကယားလက်နက်ကိုင်တွေအတွက် အမည်းစက်ထင်တာ သက်သာစေပါလိမ့် မယ်။ ဒါပေမဲလည်း ဒီညနေမှာပဲ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက လွိုင်ကော်တက္က သိုလ်က ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်အပါအဝင် ဖမ်းဆီးခံ ၂၀၄ ဦး ဘေးကင်းတယ်ထုတ် ပြန် လာပါသေးတယ်။ ဒါပေမဲ့လည်း ထုတ်ချင်တိုင်းထုတ်လို့ရတဲ့စာမှာ သက်သေသက္ကာယမပါတာ ကြောင့် ဘယ်သူကမှတော့ ဘေးကင်းတယ်မယုံကြပါဘူး။ 

 ပြည်တွင်းရေးစွက်ဖက်တဲ့တရုတ်နဲ့ ပြည်ပနိုင်ငံရှုတ်ချပွဲ

အွန်လိုင်းလိမ်လည်တဲ့တရုတ်ကျားဖျန့်ဂိုဏ်းတွေကို နှိမ်နင်းမယ်ဆိုပြီး မြောက်ပိုင်းလက်နက် ကိုင်သုံးဖွဲ့ က ထကြွလာချိန်မှာ သူတို့ကို လက်နက်၊ ငွေကြေး လိုအပ်တာ ထောက်ပံ့မြှောက်ပင့်ပေးတဲ့နိုင်ငံက ဘယ် နိုင်ငံဖြစ်မလဲဆိုတာ စေ့ငုလာကြချိန်မှာ ဖြစ်နိုင်ခြေအရှိဆုံးနိုင်ငံကို မြန်မာတစ်နိုင်ငံလုံးက နိုင်ငံ ရေး စိတ်ဝင်စားသူတိုင်း ခန့်မှန်းမိကြသလို မပြေးသော်လည်း ကန်ရာရှိတဲ့ အဲဒီလိုနိုင်ငံကြီးနဲ့ အမေရိ ကန်အပါအဝင် မြန်မာ့နိုင်ငံရေးရှုပ်ထွေးအောင်မြှောက်ပင့်ပေးနေတဲ့သူတွေကိုဒီရက်ပိုင်းမှာကန့်ကွက် ရှုတ်ချပွဲတွေကို ရန်ကုန်၊ နေပြည်တော်နဲ့တရုတ်သံရုံးရှေ့မှာ ဆက်တိုက်လုပ်လာတာ တွေ့ရပါတယ်။

“အကြမ်းဖက်အဖွဲတွေက ဘာလိုတစ်နေ့တခြား အားကောင်းလာသလဲ။ ဒီအကြမ်းဖက်အဖွဲတွေမှာ တ ရားဝင် ဝင်ငွေဆိုတာ ဘာမှမရှိဘူး။ ဘာမှမရှိဘဲ သူတို့ကာလရှည်ကြာရပ်တည်နိုင်တယ်။ ကာလရှည် ကြာရပ်တည်နေတဲ့အပြင် သူတို့အသုံးပြုနေတဲ့လက်နက်တွေကို ကြည့်တယ်ဒါတွေကပြည်ပထောက် ပံ့မှုတွေ။ ပြည်ပကအထောက်အပံ့တွေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဒုက္ခရောက်အောင်လုပ်နေတာကို သိသိသာသာထင်ထင်ရှားရှားမြင်လာရတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်ပြည်တွင်းမှာနေထိုင် တဲ့ ရဟန်းရှင်လူပြည်သူတွေက ဒီ့ထက်မကသေဆုံးရတဲ့အဖြစ်တွေ ပိုပြီးကြုံလာမယ်။ 

ပြည်တွင်းမှာလည်း အကြမ်းဖက်အဖွဲအစည်းတွေကို အားပေးနေတဲ့ ပြည်သူတွေရှိနေပါတယ်။ အဲဒီလူ တွေကိုလည်း ပြောချင်တာက အကြမ်းဖက်အဖွဲအစည်းတွေကို အားပေးလို့​ကျွန်တော်တို့ရရှိတာက ဘာလဲ။ အနည်းဆုံးဗျာ စစ်ကိုင်းတိုင်းကို သွားလို့မရတော့ဘူး။ လမ်းတံတားတွေဖျက်ဆီးခံထားရတယ်။ အခုဆို ရှမ်းမြောက်တခွင်မှာ ပြည်သူလူထုအများကြီးဒုက္ခရောက်နေကြပြီ။ အကြမ်းဖက်အဖွဲအစည်း တွေရဲ့ လုပ်ရပ်က ပြည်သူလူထုကောင်းကျိုးဖြစ်စေသလား။ ဆိုးကျိုးဖြစ်စေသလား။ ကျွန်တော်တို့ SAC အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးကို ကြည့်တယ်။ ကြည့်တဲ့အခါ နိုင်ငံကြီးတွေနဲ့ရောအိမ်နီးချင်း တွေနဲ့ပါ အပြုသဘောဆန်ဆန် ဆက်ဆံတာတွေ့ရတယ်။ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက် လာတဲ့ ဒရုန်းတွေ ဗုံးတွေ Drop Bomb တွေ ကြည့်လိုက်တဲ့အခါ တရုတ်က ပံ့ပိုးထားတယ်ဆိုတာကို သံသယရှိတယ်။ အခုဆိုရင် SAC အစိုးရနဲ့ တရုတ်အစိုးရကလည်း ဆက်သွယ်ဆွေးနွေး ဆောင်ရွက် နေတယ်။ အပြုသဘောဆန်ဆန် ဆောင်ရွက်နေပါလျက်နဲ့ မြောက်ပိုင်းသုံးကောင်ကို နောက်ကွယ်က ပံ့ပိုးပေးနေတယ်ဆိုရင် တရုတ်ပြည်က ကျွန်တော်တိုရဲ့ အိမ်နီးနားချင်းကောင်း မပီသတော့ဘူး။ အဲဒီ လိုလုပ်ရပ်မျိုး မလုပ်ပါနဲ့” လို မြန်မာ့အမျိုးသားရေးကွန်ရက်အသင်းက ပြောပါတယ်။

ဒါ့အပြင်လည်း မြန်မာ့အမျိုးသားရေးကွန်ရက်က မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ နောက်မှာ တရုတ် ပါနေတယ်ဆိုရင်လည်း ဆက်မလုပ်ဘဲ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရအချင်းချင်း လုပ်ပေးပါ လို့လည်း မေတ္တာရပ်ခံခဲ့ပါသေးတယ်။ လက်ရှိမှာတော့ MNDAA ဟာ သူစွန့်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ ကို ခြေကုပ်ယူထားနိုင်ပြီဖြစ်သလို တရုတ်လိုချင်တဲ့ ကျားဖျန့်ဂိုဏ်းသားငါးဦးကိုလည်း ဖမ်းပြပေးတာ တွေ့ရပါတယ်။ တရုတ်ရဲ့ စွက်ဖက်မှုလည်း ပါတယ်။ တရုတ်ကိုယ်တိုင်ကလည်း ကျားဖျန့်ဂိုဏ်းတွေ ပြို လဲသွားပြီးရင် တော်ပြီဆိုပြီး ရပ်သွားမယ်ဆိုရင်တော့ မြောက်ပိုင်းသုံးဖွဲ့ကို မှီပြီး ထကြွလာတဲ့ နိုင်ငံတ ဝှမ်းက မြို့သိမ်းတိုက်ပွဲတွေ ရပ်တန့်သွားမဲ့အခြေအနေမြင်ရပြီး ကျားဖျန့်ဂိုဏ်းတွေ မကုန်သေးဘူးထင် ပြီး တရုတ်က ဆက်လှုပ်နေရင်တော့ မြို့သိမ်းတိုက်ပွဲတွေဆက်လာ၊ ပြည်သူတွေပဲ သေ ကြေထွက်ပြေး နဲ့ ဒုက္ခရောက်ရဦးမှာက သေချာပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နား လိုက်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */