" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ရခိုင်မှာတိုက်ပွဲတွေစဖြစ်ပြီးနောက် စစ်တပ်က လမ်းတွေ ပိတ်ဆို့လာ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြားတိုက်ပွဲတွေစတင်ခဲ့ကြ တဲ့ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းမကြီးရဲ့ စစ်တွေမြို့ နယ် အတွင်းက လမ်းပိုင်းကို စစ်ကောင်စီဘက်ကပိတ်ထားလိုက်ပြီဖြစ်တယ်လို့မြို့ခံတချို့ကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ရဲနဲ့စစ်တပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ကျောက်တန်းဂိတ်နဲ့ စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်တွေကိုပိတ်ထားတာလို့သိရပါတယ်။

အဲ့ဒီလမ်းကိုပိတ်လိုက်တာကြောင့် စစ်တွေကနေတစ်ခြားမြို့နယ်တွေကိုသွားလာမယ့် ခရီးသည်တွေ လည်း ပိတ်မိနေကြပြီး ရေကြောင်းတစ်ခုတည်းကိုပဲ အသုံးပြုသွားလာနေကြရတယ်လို့သိရပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ရသေ့တောင်မြို့နယ်တိုက်ပွဲနဲ့အတူ မင်းပြားမြို့နယ်မှာလည်း စစ်ကောင်စီ ယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိသလို မြောက်ဦးမြို့မှာလည်း စစ် ကောင်စီတပ်က လက်နက်ငယ်တွေခြောက်လှန့်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေ ကဖော်ပြနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */