" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 16, 2023

စစ်ကောင်စီ စခန်းတချို့ ထပ်မံသိမ်းပိုက်နိုင်ကြောင်း AA ကြေညာ

VOA
စံကျော်
၁၆ နိုဝင်ဘာ၊ ၂၀၂၃ 

AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲ ပြင်းထန် နေတာ ဒီကနေ့ဆိုရင် ၄ရက်အထိရှိလာပြီဖြစ်ပါတယ်။ ဒီ၄ရက်အတွင်း စစ်ကောင်စီတပ်စခန်း တော် တော်များများကို AA အဖွဲ့ဘက်က သိမ်းထားနိုင်သလို မနေ့က ညနေပိုင်းကလည်း ပေါက် တောမြို့ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းလိုက်တာပါ။ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီက ပေါက် တောမြို့ကို လေကြောင်းရော ရေကြောင်းပါ ပူးပေါင်းဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေး နေ ကြရတယ်လို့ ပေါက်တောမြို့ခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင် ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တောမြို့မ ရဲစခန်းမှာ တာဝန်ကျနေသူတွေ မနေ့က ညနေပိုင်းက ရခိုင်လက်နက်ကိုင်AAအဖွဲ့ထံမှာ လက်နက်ချခဲ့ကြပြီး ပေါက်တောမြို့ကိုတော့ AAအဖွဲ့က သိမ်းပိုက် ထားတယ်လို့ ပေါက်တောဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က ၅နာရီလောက်မှာ စခန်းက ရဲတဝက်လောက်က AAဆီမှာ လက်နက်ချတယ် ဆိုပြီး တော့ သိ ရ တယ် နောက်ထပ်အရာရှိ ၂ယောက် ၃ယောက်လောက်က စခန်းမှာကျန်ခဲ့တယ်၊ သူတို့ ရာထူးကြီး တွေ ဆိုတော့ နည်းနည်း စောင့်ဆိုင်းနေတဲ့ ပုံစံမျိုး ဖြစ်ချင်ဖြစ် မှာပေါ့။ ည ၁၁ နာရီ လောက်မှာတော့ AA ကိုဖုန်းဆက်ပြီးတော့ သူတို့လည်းလက်နက်ချတယ်ဆိုပြီး တော့ ၁၁နာရီ လောက်မှာ AA ကလာ ပြီးတော့မှ စခန်းကိုသိမ်းတယ်ပေါ့၊ အဲနောက်မိုးလင်းတော့ ၉ နာရီ လောက်ကျရင်တော့ လေယာဉ်နဲ့ လာပြီးတော့ဗုံးကြဲတာပေါ့။ ”

ပေါက်တောမြို့ပေါ်ရှိ စစ်ကောင်စီရုံးတွေ ကိုလည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့က ထန်းချုပ် ထားသလို ဒေသခံတွေကိုလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြဖို့ AAက သတိပေး ထားတယ်လို့ ပေါက်တော ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ AAသိမ်းပိုက်ထားတဲ့ ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းရော ရေကြောင်းကပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ပေါက်တောမြို့ပေါ်မှာ လက် ရှိပိတ်မိနေသူတဦးက ပြောပါတယ်။

“ မြို့ပေါ်ကို ဦးတည်ပစ်တယ်၊ အလုံးတော်တော်များတယ် မရှိရင်လည်း အလုံး ၈၀ လောက်ရှိမယ်၊ ၁ နာရီဝန်းကျင် လောက်ရှိပြီ ပစ်နေတာ၊ တောက်လျောက်ပဲ နေဗီနဲ့ တပြိုင်နက်တည်းမှာပဲ ရဟတ်ယာဉ် တစီးနောက်က လိုက်လာတယ် အပေါ်ကနေ စစ်သေနတ်နဲ့ ပစ်ချတယ် ဗုံးတွေလည်း ကြဲချတယ်၊ မီးခိုး တွေဘာတွေ တက်တာလည်း တွေ့ရတယ်၊ အခြေအနေ အသေးစိတ်တော့ မသိရဘူး၊ အရပ်သား ထိ ခိုက်မှုတွေလည်း ရှိမယ်ထင်တယ်။ မြို့ပေါ်မှာက မနက်ပိုင်းကတည်းက လူတွေ ရှောင်ကြတာတွေ ရှိ ပေမယ့် အကုန်လုံးကတော့ လူတွေ ထွက်လို့မရလိုက်ဘူး၊ ပိတ်မိနေသူတွေ လည်း အများကြီး။ အရပ် သားထိခိုက်တာ တော်တော်ရှိမယ်ထင်တယ်။ အခြေအနေကတော့ ရှုပ်ထွေး နေတဲ့ အခြေအနေဆို တော့ ဘာမှတော့ မသိရသေးဘူးခင်မျာ။ ”

ပေါက်တောဒေသခံ တော်တော်များများ တခြားနီးစပ်ရာ ကျေးရွာတွေကို မနက်ပိုင်းကတည်းက ထွက် ပြေးတိမ်းရှောင်သွားကြတာရှိပေမယ့်လည်း လက်ရှိမြို့ထဲမှာ ပိတ်မိနေသူတွေ လည်းရှိနေတာပါ။ စစ် ကောင်စီက မြို့ထဲကို ဦးတည်တိုက်ခိုက်နေတာကြောင့် ပိတ်မိနေသူတွေ အသက်အန္တရာယ်စိုးရိမ်ရ တယ်လို့လည်း ပေါက်တောမြို့ထဲ ပိတ်မိနေသူ အမျိုးသားတဦး ကပြောပါတယ်။

“ ဒီလိုပါပဲ ကျနော်တို့ အဆင်ပြေသလို ဟိုအောက်ဝင် ဒီအောက်ဝင်ပုန်းနေရတယ် ဗုံးခိုကျင်း ရှိတဲ့ သူ တွေကတော့ ဗုံးကျင်းဝင်ပုန်းပေါ့နော် ဒါပေမယ့် တော်တော်များများကတော့ မရှိကြပါဘူး အဲလိုအဆင် ပြေသလို အုပ်နံရံအောက်ဝင်ပုန်း သံပုံးအောက် ဝင်ပုန်းအဲလို ပုန်းနေကြတာပါပဲ ရဟတ်ယာဉ်ကတော့ ပစ်နေတာ ရခေါက်လောက်ရှိပြီ မြို့ကို ပတ်လိုက်ပစ် လိုက် လုပ်နေတာ နေဗီကလည်း အဆက်မပြတ်ပဲ ပစ်နေတာဆိုတော့ တော်တော်ကြောက်စရာကောင်းပါတယ်။”

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်တန င်္ဂလာနေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့အထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေ တာ လည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ထိခိုက် သေဆုံးတာ တွေလည်း ရှိနေသလိုရခိုင်ဒေ သခံ ၄၆ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထား တယ်လို့လည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့က သတင်း ထုတ် ပြန် ထားပါတယ်။ ရခိုင်လက်နက်ကိုင် AAအဖွဲ့ ဖက်ကတော့ ဒီ၃ရက်အတွင်း စစ်ကောင်စီရဲ့နယ် ခြားစောင့်တပ်တွေ ရဲစခန်းတွေ အပါအဝင် တပ်စခန်း ပေါင်း ၄ဝကျော် လောက်ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရာရှိတွေနဲ့ ရဲတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ AAအဖွဲ့ရဲ့ ထုတ်ပြန် ချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံပူးပေါင်းဖို့နဲ့ မပူးပေါင်းသူတွေကို လိုက်လံ ရှင်းလင်းသွားမယ်လို့လည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့က သတိပေး တိုက်တွန်းထားတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */