RFA
RFA Burmese
2023.10.08
ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် UNB Photo
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက တောင်းဆို လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura က ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အောက်တိုဘာ ၈ ရက်နေ့က တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် ကော့ဘဇားဒေသခံတွေ အခက်အခဲတွေ ကြုံ နေရတာကိုလည်း ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလိုတယ်လို့ ပြောခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ရဲ့ သတင်းပြန်ကြားရေးအတွင်းရေးမှူးက သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဂုဏ်သိက္ခာရှိစွာ နေရပ် ပြန်နိုင်ရေး တာရှည်ခံတဲ့ အဖြေတစ်ခုရဖို့ ကြိုးစားနေတာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်းကျေးဇူးတင် ကြောင်း ပြန်ပြောခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသတွင်း လုံခြုံရေးနဲ့တည် ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုထားတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ စာရင်းအရ ၂ဝ၂၃ မတ်လအထိ ရိုဟင်ဂျာဒုက္ခ သည် တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာဖြစ်ပါတယ်။
Link : Here
.png)
No comments:
Post a Comment