" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 7, 2023

ဟားမားစ်-အစ္စရေး (၁)

Myanmar Transparency News
aye mon October 7, 2023

၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ဟားမားစ် စစ်သွေးကြွများ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်၊ ဂါဇာမှ ဒုံးကျည် ၅,၀၀၀ ကျော် အစ္စရေး နိုင်ငံအတွင်း ပစ်ခတ်ခဲ့ဟု သိရ


ဟားမားစ်အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုမှ လက်နက်ကိုင်အများအပြားက အစ္စရေးနိုင်ငံတောင်ပိုင်းသို့ အောက် တိုဘာ ၇ ရက် နံနက်ပိုင်းက စိမ့်ဝင်လာကြကာ ရုတ်တရက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ အစ္စရေးမြို့များ လမ်းများပေါ်တွင် စစ်သွေးကြွအများအပြားရောက်ရှိနေသည်ကို ဗီဒီယိုများ၌တွေ့ခဲ့ကြရသည်။

ဂျေရုဆလင်မြို့မှ စွန့်ခွာကြရန် အချက်ပေးဥဩသံများကိုလည်းကြားကြရပြီး ဂါဇာကမ်းမြောင်ဘက် မှဒုံးကျည် များဖြင့် အဆက်မပြတ်ပြင်းထန်စွာ ပစ်ခတ်နေမှုကြောင့် အနည်းဆုံးအစ္စရေးအမျိုးသမီးတစ်ဦးသေဆုံး ခဲ့ကြောင်း လည်း အစ္စရေးသတင်းစာများက ဖော်ပြခဲ့ကြသည်။
လူမှုကွန်ရက်ပေါ်သို့ရောက်ရှိလာသော ဗီဒီယိုများ၌ လမ်းများပေါ်တွင် ပါလက်စတိုင်းစစ်သွေးကြွများက ဖြတ် သန်းတွေ့ရှိသူမှန်သမျှကို ပစ်ခတ်နေခြင်းအား တွေ့ကြရသည်။ အရုဏ်တက်ပြီး မကြာမီမှာပင် ဟားမားစ်တို့က ဒုံးကျည်များဖြင့် ဂါဇာကမ်းမြောင်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး အဆင့်မြင့် ဟားမားစ်တပ်မှူးတစ်ဦးက စစ်ဆင်ရေးစတင်နေပြီဖြစ်ကြောင်းနှင့် ပါလက်စတိုင်းလူမျိုးတို့အနေဖြင့် နေရာတိုင်းတွင် ပါဝင်တိုက်ခိုက်ကြရန် ဟားမားစ် မီဒီယာမှ ပြောကြားခဲ့သည်။

ဟားမားစ် အစ္စလမ်မစ်စစ်သွေးကြွအုပ်စုခေါင်းဆောင် မိုဟာမက် ဒစ်ဖာက Alaqsa Storm ဟု အမည်ပေးထား သော ၎င်းတို့၏စစ်ဆင်ရေးတွင် နံနက်အစောပိုင်းမှစ၍ ဒုံးကျည် ၅,၀၀၀ ကျော် အစ္စရေးနိုင်ငံအတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီဟု ပြောခဲ့သည်။

အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့အနီးနှင့် ဂါဇာပတ်ဝန်းကျင်ဒေသများတွင် ပေါက်ကွဲသံများကိုကြားနေ ရကာ အစ္စ ရေးကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများအနေဖြင့် အိမ်များအတွင်းတွင်သာနေကြရန်နှင့် မိမိတို့က ပြည်သူ များကိုကာကွယ်ပေးသွားမည်ဟု ပြောခဲ့သည်။အစ္စရေးတပ်ဖွဲ့များက ဟားမားစ်တို့ အနေဖြင့် ၎င်းတို့လုပ်ရပ် အ တွက် ကြီးမားသောတန်ဖိုးပေးဆပ်ရမည်ဟုပြောခဲ့ပြီး မိမိတို့ဘက်မှ ဂါဇာကမ်းမြောင်ကို တန်ပြန်တိုက်ခိုက်မှုများ ပြုနေပြီဟုလည်း ပြောခဲ့သည်။

The Times of Israel သတင်းစာက အစ္စရေးအစိုးရ၏ ထိပ်တန်းလုံခြုံရေးဆိုင်ရာအစည်းအဝေးကို စတင်ကျင်းပ နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ နောက်ဆုံးသတင်းများအရ အစ္စရေးစစ်တပ်က ဟားမားစ်တို့၏ တိုက်ခိုက် မှုကိုတုံ့ပြန်ရန် Iron Swords စစ်ဆင်ရေးဖြင့် ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ အစ္စရေးဂျက်တိုက်လေယာဉ် များက ဂါဇာဒေသကို ပြင်းထန်စွာတိုက်ခိုက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။

Ref; bbc, Al Jazeera 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */