" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 3, 2023

အာဆာအဖွဲ့ခေါင်းဆောင်၏ သက်တော်စောင့်နှင့် ဘဏ္ဍာ ရေးမှူးဖြစ်သူကို ဘင်္ဂလာဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဖမ်းဆီး

Narinjara
ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃

အာဆာအဖွဲ့ခေါင်းဆောင်ဖြစ်သူ အာတာအူလ္လာ၏ သက်တော်စောင့်လည်းဖြစ် ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ မူဟာမတ်အေချာနိုမန်ချော်ဒူရီ (၂၇)နှစ် (ဘ) ချာဘိအာရ်မတ်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ် ဖွဲ့ မှ ယမန်နေ့က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

RAB ( Rapid Action Battalion) အမှတ် (၁၅) ဘင်္ဂလာဒေ့ချ်နိုင်ငံ အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့က ၎င်းကို အောက်တိုဘာလ ၂ ရက်နေ့ ညဉ့် ၁ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ကောစ်ဘာဇားခရိုင်၊ အိုခီး ယားမြို့ နယ် ကောတော့ပလောင် ဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အိုကီးယား နယူးတွင် ဖော်ပြထားသည်။

၎င်းသည် ဘင်ဒရာဘင်ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်၊ ခေါင်းတုန်း၊ တောင်ပြိုမြို့နယ်ခွဲတွင် နေထိုင် သည့် ချာဘိအာရ်မတ်သားဖြစ်သည်ဟု အာဏာပိုင်များကပြောဆိုကြောင်း သတင်းတွင်များတွင် ဖော် ပြထား သည်။

ယခု ဖမ်းဆီးခံရသူမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်ပြိုစျေးအနီး ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ (DGFI) အရာရှိတစ်ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အလိုရှိနေသူ တစ်ဦး ဖြစ်ကြောင်း Dhaka tribune သတင်းကလည်း ရေးသားဖော်ပြထားသည်။

လက်ရှိ အချိန်ထိ အဆိုပါ ထောက်လှမ်းရေး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အာဆာအဖွဲ့ဝင် ၇ ဦးကို လည်း ဖမ်းဆီးထားပြီဟု ဆိုသည်။

အဖမ်းခံရသည် အေရှာနိုမန်ချော်ဒူရီသည်အာဆာအဖွဲ့အတွက်နိုင်ငံတကာမှတရားမဝင်လမ်းကြောင်း မှ ထောက်ပံ့သည့် ငွေကြေးများကို လက်ခံစီမံနေသူ ဖြစ်ကြောင်းလည်း ရေးသားဖော်ပြကြသည်။ (NN-14)

Photo- Dhaka tribune

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */