" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 21, 2023

ICJ ရိုဟင်ဂျာအမှုအမြန်ပြီးပြတ်အောင်လုပ်ဖို့ဘင်္ဂလားဒေ့ရ်ှ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၁ စက်တင်ဘာ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen

နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကိုစွဲဆိုထားတဲ့ လူမျိုးသုဥ်း သတ်ဖြတ်မှု မြန်မြန်ပြီး နိုင်အောင် အစ္စလာမ်မစ်တိုင်းပြည်များအဖွဲ့ (OIC) ဝင် နိုင်ငံတွေအနေနဲ့ သူတို့ရဲ့အရင်းအမြစ် တွေ ကိုအသုံးပြုကြဖို့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တော်ပိုင် BSS သတင်းဌာနက ပြောပါ တယ်။


၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်းအစည်းအဝေးအဖြစ်ကျင်းပတဲ့ အိုအိုင်စီ ဆက်သွယ်ရေးအဖွဲ့မှာ ဒေါက်တာ အေကေ အက်ဗ်ဒူ မိုမန် (Dr AK Abdul Momen) က အင်္ဂါနေ့က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းထုတ် ပြန်ချက် မှာ ပြောထားတာပါ။ လုံခြုံစိတ်ချ၊ ကိုယ့်သဘောအလျောက် ရေရှည်တည်တံ့တဲ့ အိမ်အပြန် ဖြစ် ဖို့အတွက် အခြေအနေကောင်းတရပ်ကို အစုအပေါင်းသဘော မြန်မာနိုင်ငံတွင်းမှာ ဖန်တီးကြဖို့ အိုအိုင်စီအဖွဲ့ဝင်တိုင်းပြည်တွေကို သူက တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာ အကြပ်အတည်းအတွက် အမြဲတမ်း အဖြေရရှိရေးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ထိပ်တန်းဦး စား ပေးလုပ်ငန်းဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အိမ်ပြန်ရေးဖြစ်စဥ်နဲ့ပတ်သက်လို့ မရေမရာ တွေ ဖြစ်နေတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မချင့်မရဲဖြစ်နေပြီး ဒုက္ခသည်စခန်း အခြေအနေ က ဥပဒေစိုးမိုးရေး ယိုင်နဲ့လာတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်း ခြောက်လာနေတယ်လို့ သူက ပြောသွားပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အမှုတင်ခဲ့တာအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ချီးမွမ်းစကားဆိုလိုက်ပါတယ်။ နယ်သာလန်၊ ယူကေ၊ ဂျာမဏီ၊ ပြင်သစ်တို့ကလည်း ဥပဒေအရ တရားစွဲဆိုရာမှာ သူတို့ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားတာကိုလည်း ပြော ထားကြပြီးဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */