" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 16, 2023

ရိုဟင်ဂျာတွေအတွက် ထောက်ပံ့မှု မဖြတ်ဖို့ ယူကေအစိုးရ ကိုတောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ စက်တင်ဘာ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပေးနေတဲ့ အကူအညီတွေကို ယူကေအစိုးရက ဖြတ် တောက်လိုက်တဲ့အတွက် အကူအညီတွေ ပြန်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာဌာနတို့ကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စတာလင်ပေါင် ၃ သန်း လူသားချင်း စာနာမှုအ ကူအညီ ပေးမယ့်အကြောင်း ယူကေအစိုးရက မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ဒီနှစ် ဘဏ္ဍာရေးနှစ်နှစ်ဝက် အထိ သုံးကြိမ်ကြေညာထားတဲ့ အကူအညီ စုစုပေါင်း စတာလင်ပေါင် ၁၆ ဒသမ ၉ သန်း ပေးမယ်လို့ပြောပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်‌ နောက်ပိုင်းမှာ ယူကေက ပေးတဲ့ အကူအညီ ၈၅% ဖြတ်တောက်လိုက်တာ ဖြစ်တဲ့အကြောင်း Burma Campaign UK အဖွဲ့က ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ယူ ကေက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ပေါင် ၁၁၂ ဒသမ ၃၆ သန်း ပေးအပ်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ လျော့နည်းလာတဲ့အတွက် ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် WFP ကလည်း ရိက္ခာ ခွဲတမ်းတွေ ဖြတ်တောက်ခဲ့ပါတယ်။ အရင်က တလကို ၁၂ ဒေါ်လာ ထောက်ပံ့နေတာကနေ ၈ ဒေါ်လာအထိ ဖြတ်တောက်ခဲ့ပါတယ်။

ဒီလို ရိက္ခာအကူအညီ ဖြတ်တောက်တဲ့အတွက် ဒုက္ခသည်တွေအကြား အဟာရ ချို့တဲ့တာ၊ မွေးကင်းစက လေး ငယ် သေဆုံးမှုနဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ထောက်ပြထား ပါတယ်။ ဒီလို နိုင်ငံတကာအကူအညီတွေ လျော့နည်းနေချိန်မှာ ယူကေက ပေးနေတဲ့ အကူအညီတွေကိုလည်း လျှော့မပစ်ဖို့ Burma Campaign UK အဖွဲ့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */