" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 3, 2023

အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၀ ကျော် ထိုင်းမှာဖမ်းဆီး ခံရ

VOA
အေးအေးမာ
၀၃ စက်တင်ဘာ၊ ၂၀၂၃

ထိုင်းနိုင်ငံ Ayutthaya Province ခရိုင်မှာ ဖမ်းဆီးခံရသော ရိုဟင်ဂျာများ (ဓါတ်ပုံ - ထိုင်းရဲတပ်ဖွဲ့)


ထိုင်းနိုင်ငံ Ayutthaya Province ခရိုင်မှာ စက်တင်ဘာ ၃ ရက်နေ့ မနက်အစောကြီးအချိန်မှာ ဝမ် ကျောက် မြို့နယ် ဗဟိုရိုသင် အဝေးပြေးလမ်းမပေါ်မှာ အမြန်နှုန်းနဲ့ မောင်းနှင်နေတဲ့ ပစ်ကပ်ကား ငယ်တစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေက ကားကိုစစ်ဆေးဖို့ ရပ်တန့်ခိုင့်ခဲ့ရာမှာ ကားမောင်းသ မားနဲ့အတူ ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ Ayutthaya Province ခရိုင်မှာ စက်တင်ဘာ ၂ ရက်နေ့ ညအချိန်မှာ ဝမ်ကျောက်မြို့နယ် ဗဟိုရိုသင် အဝေးပြေး လမ်းမပေါ်မှာ အမြန်နှုန်းနဲ့ မောင်းနှင်နေတဲ့ ပစ်ကပ်ကားငယ်တစ်စီးကို အမြန် လမ်းရဲတပ်ဖွဲ့ဝင်တွေက ကားကို စစ်ဆေးဖို့ရပ်တန့်ခိုင်းခဲ့ရာမှာ ထွက်ပြေးခဲ့တာကြောင့် ကားဘီးပေါက် ပြီး လမ်းဘေးကိုထိုးရပ်သွားခဲ့တာပါ၊

ကားမောင်းသူဟာ ကားကိုထားပြီး ထွက်ပြေးခဲ့ပေမယ် လမ်းမပေါ်မှာပဲ ရဲတွေက ဖမ်းမိသွားခဲ့ပါတယ် အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသား နိုင်စုန်ချိုင်းနဲ့အတူ ကားထဲမှာ တင်ဆောင်လာတဲ့ ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။ ရဲတွေက စစ်ဆေးချိန်မှာ ရိုဟင်ဂျာတွေကိုသယ်ဆောင်လာတဲ့ ကားမောင်းသမားက အခုလို ဖြေပါတယ်။

ကားမောင်းသမားက ရိုဟင်ဂျာတွေကို တာ့ခ်ခရိုင် မဲဆောက်ကနေ ဘတ်ငွေ တသောင်းခွဲရလို့သယ် ဆောင်လာတာဖြစ်ကြောင်း။ ဒီအထောက်ထားမဲ့ ရိုဟင်ဂျာ၂၁ ဦးကို ထိုင်း-မြန်မာနယ်စပ် မြဝတီကနေ တရုတ်နိုင်ငံသား လူကုန်ကူးတဲ့ လီဆိုသူ တရုတ်နွယ်ဖွားက ခေါ်လာပြီး၊ ထိုင်းနိုင်ငံအတွင်းပိုင်းအထိ ပို့ဆောင်ပေးဖို့ တဦးကို ဘတ်တစ်သောင်းခွဲနဲ့ ငှားရမ်းခဲ့တာလို့ ကားမောင်းသမားက ဝန်ခံထွက်ဆို သွားခဲ့ပါတယ်။

စက်တင်ဘာလ၂ ရက်နေ့ညက မိုးတွေရွာနေတဲ့အချိန် ကားကို အရှိန်ပြင်းမောင်းပြေးခဲ့ပြီး၊ ကားဘီး ပေါက် သွားခဲ့ပေမယ် ကားဟာတိမ်းမှောက်မသွားခဲ့လို့ မြန်မာနိုင်ငံသားတွေကို အသက်မသေဘဲ၊ ဖမ်းဆီးနိုင်ခဲ့တာ လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဝမ်နွိုင့် ရဲစခန်းက ရဲမူးစစ်ဆေးချိန်မှာတော့ ကားမောင်းသမားက ရဲဖမ်းမှာကြောက်လို့ အမြန်မောင်း ပြေးခဲ့တာဆိုပြီး ပြောဆိုခဲ့ပါတယ်။

အခုလို လူသယ်ဆောင်နေတာ နှစ်ကြိမ်ရှိပြီလို့ ပြောသွားပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကနေရိုဟင်ဂျာ တွေကို သယ်ဆောင်လာတာ မကြာခဏရှိနေပြီး၊ များသောအားဖြင့် ထိုင်း-မလေးနယ်စပ်ထိ သယ် ဆောင်တာတွေလည်း ရှိနေပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */