Wednesday, August 30, 2023

ရိုဟင်ဂျာ ရှိမရှိ နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များ ၏ ပြောဆိုချက်

ဧရာဝတီ
15 September 2017
အင်တာဗျူး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပ က္ခနဲ့အတူ “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ဟာလည်း လူသိရှင်ကြား ပေါ်ထွက်လာပါတယ်။ ပဋိပက္ခ ဖြစ်ပွား ရာ ဒေသက မွတ်စလင် တချို့က သူတို့ဟာ “ဘင်္ဂါလီ” လူမျိုး မဟုတ်ဘူး။ “ရိုဟင်ဂျာ” လူမျိုးသာ ဖြစ် တယ်ဆိုပြီး ပြောဆိုခဲ့ရာက လူပို သိလာ တာဖြစ်ပါတယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ အမည်နဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ လူမျိုးရေး အမြတ်ထုတ်ခဲ့တဲ့လူတွေ ရှိသလို အ ဝေး ရောက် မွတ်စလင် တချို့ကလည်း “ရိုဟင်ဂျာ” ဆိုတဲ့ အမည်ကို နိုင်ငံတကာမှာလက်ခံလာအောင် လော်ဘီ လုပ်ခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲဒီအမည်ကိုပဲ ခေါ်ဝေါ် သုံးစွဲနေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော် အပါအဝင် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေက လက်မခံကြပါဘူး။ လက်ရှိအခြေအနေမှာ ဒီအမည်ကိုခေါ်ဝေါ် သုံးစွဲမှုဟာ မြန်မာပြည်တွင်း မှာလည်း အမုန်းတရားတွေ ပိုပိုကြီးထွားလာတာ တွေ့ရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” လူမျိုး ရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီးခေါင်းဆောင်တချို့နဲ့နိုင်ငံရေး နယ်ပယ်က ထင်ရှားသူတချို့ရဲ့ ဧရာတီ အပါအဝင် မီဒီယာတွေမှာ ပြောဆိုထားချက်တွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်


လူမျိုးရေးနဲ့ ပတ်သက်ပြီး တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကို အသိပေးပြီး ဖြစ်တယ်။ ရခိုင်ပြည် နယ်မှာ ရှိတဲ့ ဘင်္ဂါလီများ အနေနဲ့ မြန်မာတိုင်းရင်းသားတွေ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ လာရောက် နေထိုင်သူတွေ သာ ဖြစ် တယ်။ ၂၀၁၆ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ အချို့ အကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခ သည်တွေ ကို အကြောင်းပြုပြီး နိုင်ငံရေး စွက်ဖက်မှုတွေ တွေ့ရမှာဖြစ်တယ်။

တို့တွေ အနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံတော် အတွင်း ဖြစ်ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တာ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိတယ်။

(၇၂ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း ကောက်နုချက်)


နိုင်ဟံသာ
ဥက္ကဋ္ဌ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ – UNFC


ARSA အဖွဲ့ကို အန်ကယ်တို့သဘောထားနဲ့ ပြောရမယ်ဆိုရင် ဒီ တလောကမှ ပေါ်လာတဲ့အဖွဲ့ဖြစ် တယ်။ နောက်ပြီး တော့ အန်ကယ်တို့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကိုလည်း အန်ကယ်တို့က အသိအမှတ် မပြုဘူး။ သူတို့က ဘင်္ဂါလီပဲ ဟိုဘက်ကနေ ခိုးဝင်လာတဲ့လူတွေ။ နောက် တဖြည်းဖြည်းနဲ့ လူဦးရေ များလာတယ်။ အဲသလိုလူမျိုးကို တဖက်က တိုင်းရင်းသားရယ် လို့လည်းမသတ်မှတ်ဘူးအန်ကယ် တို့ ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ထဲမှာ လည်း သူတို့ကို ထည့်မတွက်ပါဘူး။ သူတို့ ကတော့ ဒီနိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တခုပေါ့နော်။ နောက် သူတို့ လှုပ်ရှားပုံကလည်း အကြမ်း ဖက်တဲ့ ပုံပေါ်တယ်။ တချို့ လုုပ်ငန်းတွေမှာလည်း အကြမ်းဖက်နေပြီ။ နောင်လည်း တော် တော်ကို အရေးကြီးတယ်။ သူတိုု့ကိုတော့ စိုးရိမ်စရာတော့ ဖြစ်တာပေါ့။

အန်ကယ်တိုု့လည်း စိုးရိမ်တယ်။ သူတို့က အဓိက ပင်လယ်လမ်းကြောင်းကနေ လာပီးတော့မှတက် လို့ရတဲ့နေရာမှာ တက် နိုုင်တဲ့ အနေအထားမျိုးရှိတယ်။ နောက် ကျိုက်မရောမြို့နယ်မှာဆိုရင် မွတ် ဆလင်တွေ အတော်များများရှိတယ်။ အဲဒီ မွတ်ဆလင် တွေနဲ့ ဆက်စပ်ပြီးတော့ ဝင်လာမှာကိုလည်း အန်ကယ်တို့လည်း စိုးရိမ်တယ်။ အန်ကယ်တို့ ကြေညာ ချက် တစောင်ထုတ်ဖို့တော့ အမြင်ရှိတယ်။

(ဧရာဝတီ)


သူရ ဦးတင်ဦး
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း နှင့် NLD ပါတီ နာယက


လွတ်လပ်ရေးရခါနီး ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့တပြိုင်နက်တည်း အိန္ဒိယက လည်း လွတ်လပ်ရေး ရခဲ့တယ်။ မစ္စတာ ဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက် အလီဂျင်းနား Muhammad Ali Jinnah) တို့က တိုင်းပြည် ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမ ဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ်ဆို တော့၊ သူတို့ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် ဆိုပြီး ဖြစ်သွားတာပေါ့။

“အဲဒီအချိန်မှာ နတ်မြစ် ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူးဥဒဟိုဝင်ထွက် သွား လာနေ တာ၊ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုးဗျ။ အဲဒီတော့ကူး ကြ သွားကြနဲ့ ဒါတွေက ကူးလူး ဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ ဒုတိယ ကမ္ဘာစစ်က လည်း ပြီးသွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီ အလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြ တာတွေက ဒီဘက်ကို တော်တော်များများ ရောက်လာကြပြီး တော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန် ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။

“အဲဒီတုန်းက ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေတော်တော်များများ ရှိကြတယ်။ အဲဒီတော့ ဝင် လာတာတွေက မသိသာဘူးပေါ့။ အဲဒီလိုဖြစ်ခဲ့တယ်ပေါ့”အဲဒီတုန်းက အရှေ့ပါကစ္စတန် ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက်က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မယ့် ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မေယု နယ် ပေါ့၊ မေယုနယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို ခရိုင်တခုအနေနဲ့ အရှေ့ပါကစ္စတန်ထဲ ကို ပါစေချင်တဲ့ သဘောရှိတယ်။ ပြောတာဆိုတာတွေရှိပေမဲ့လည်း မစ္စတာဂျင်း နားတို့ခေါင်းဆောင်တွေ အားလုံးက ဒီဘက်(အရှေ့ပါကစ္စတန်နဲ့ဆက်စပ်နေတဲ့မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကိုလုံး၀ စိတ်ပါဝင်စားခြင်း မရှိဘူး။ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ် ပြတ်သားသား နေလိုက်တယ်။

သို့သော်လည်း ဒီဘက်မှာက ကျန်ရစ်ခဲ့တဲ့ လက်နက်တွေနဲ့ အရင်တုန်းက (ဂျပန်ကိုတိုက်ဖို့လွှတ်လိုက် တဲ့) ဒီဘက်ကို ဘင်္ဂလားဘက်ကနေ ပါလာတဲ့သူ(ဘင်္ဂါလီ) တွေကလည်း ရှိနေကြတော့ သူတို့ကဆက် ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ်ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လတာပေါ့။


အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သ ဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက်လာတာက တကြောင်း၊ အဲဒီ ဟာက အန္တရာယ်လည်းကြီးမားနေတာ က တကြောင်း၊ ရဲဘော်သုံးကျိပ်ဗိုလ်ချုပ်ကျော်ဇောရဲ့ဗမာ့သေ နတ်ကိုင် တပ်ရင်း (၅) (သနက ၅) က မူဂျာဟစ်တွေ ကို သွားတိုက်ခဲ့ပါတယ်။ အောင်အောင်မြင် မြင် ပဲ တိုက်နိုင်ခဲ့ပါတယ်။

တိုက်ပြီး ပြန်လာကြတဲ့သူတွေ ပြောပြတာက မူဂျာဟစ်တွေကို ကာဆင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က အုပ်ချုပ် တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲ အပြားအပြား ဖြစ်ပြီးတော့မှ နောက် ထပ် ခေါင်းဆောင် ကာဆင်လေးဆိုတာပေါ်လာတယ်နောက်ပိုင်းကာဆင်လေး ကနေ ပေါက်ဖွားလာတဲ့ မွေးထုတ် ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက်တို့။ ဒီနောက်ပေါက်ခေါင်း ဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာ တော့ နည်းနည်းပါးပါး ပြောက်တိပြောက်ကျား တွေ့ရပြန်သေးတယ်။

အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ်လို့ တိုက်ကြ ရတဲ့ အချိန်မှာ ခြေမြန် တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီး ကူညီခဲ့တဲ့ အတွက်ကြောင့် (ဘူး သီးတောင်မောင်တော) မြောက် ဘက် အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီးတော့ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော် လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက်လိုက်တာ့ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ အပြတ်ကို ချပစ်လိုက်တယ်။

ကျနော် တပ်ပေါင်းစုမှူးဘဝ၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ ၁၉၆၀ ရွေးကောက်ပွဲ မလုပ်ရသေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ်ဆိုတဲ့ အ ချိန်မှာ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာလူတော်တော်များ များက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေ ထပ်ပြုပြီး နေနေကြတာတွေကို ရှင်းရလင်းရမယ် ဆို တော့ အဲဒါတွေကို ကျနေယ်တို့က ရှင်းရလင်းရတာပေါ့ဗျာ။ ရှင်းရ လင်းရတယ် ဆိုတာကသူတို့နဲ့ပတ် သက်တာတွေကို စစ်ဆေး၊ မသင်္ကာ ဖွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်) ဘက်မှ ခိုးဝင် လာသူတွေ ကို Eviction order (မိမိပိုင်နယ်မြေ မှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။

ကျနော် မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ ၁၃၈၀၀ နီးနီးလောက်ကို Eviction order နဲ့ မောင်တော မြောက်ဘက်ခြမ်းကနေ တောင်ပြိုတို့လို နေရာတွေမှာ နတ်မြစ်တလျှောက်ဘေးနားကလူ တွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့ အဲဒီ့နောက် ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာပဲ။ အဲဒီတုန်းက မှတ်ပုံတင်ဆိုတာ မရှိ သေးဘူး။

အဲဒီက စပြီး အမျိုးသားမှတ်ပုံတင် စပြီးဖြစ်လာတာ။ အဲဒါ Eviction order ဆောင်ရွက်ခြင်း ပြီးသွား ပြီး နည်းနည်း အေးအေး ဆေးဆေး ဖြစ်သွားတော့မှ ဟိုတုန်းက အခေါ် ရခိုင်တိုင်းအတွက်မှတ်ပုံတင် အရာရှိတွေ ရောက်လာပြီး တော့ သူတို့ကို ဝိုင်းပြီး ကျနော်က ကူညီရတာကိုး။

အဲဒီအချိန်လောက် အထိက ကျနော်လည်း ရိုဟင်ဂျာ ဆိုတာကို မသိဘူး၊ ကြားလည်း မကြားဖူးဘူး။ ဒါပေမယ့် ဘယ်လို ဖြစ်သွားခဲ့သလဲ ဆိုတော့ Caretaker Government (၁၉၅၈-၁၉၆၀ အိမ်စောင့် အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တခေါက် လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ အဲဒီ ဘူးသီးတောင် မောင်တော ကနေ အမတ် ၄ ယောက် ပေါ်လာခဲ့တယ်။

စူလတန်မာမွတ် ရယ်၊ စူလတန် အာမက်ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူ တို့နာမည်တွေ ကောင်းကောင်း မှတ်မိတယ်။ စူလတန်မာမွတ်က ဘူးသီးတောင် တောင်ပိုင်း၊ အဘူ ဘောရှောက ဘူးသီးတောင် မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တော တောင်ပိုင်း၊ အဘူလ် ခိုက် က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ ထဲကနေ ပါလာ ကြ တယ်။

ဘူးသီးတောင် မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက)မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင် အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောလိုက်ကြ တာ ကြောင့် ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေ လုပ်ပေးလိုက်သလဲ ဆိုတော့ ရိုဟင်ဂျာ နဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Urdu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံမှာ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အစီအစဉ် အခန်းကဏ္ဍ တခုကို တနေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့်ကို ဒေါတွေ ကန်ကြနဲ့ ကြီးကြီးကျယ်ကျယ် ကို ပြဿနာတွေ ဖြစ်ကြတယ်။

(သူရ ဦးတင်ဦးဟာ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦး ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သူကိုယ်တိုင် တာ ဝန် ထမ်းဆောင်စဉ်က အခြေ အနေတွေကို VOA သတင်းဌာနရဲ့ တပ်မှူး တပ်သား ပြောစကား အစီ အစဉ်မှာ ၂၀၁၂ ခုနှစ်က ပြောဆိုထားတာ ဖြစ်ပါ တယ်။) 

ဦးကိုကိုကြီး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)


အခုနေမှာတော့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သဘောထားကို အတိအလင်းပဲ ပြောပါ့မယ်။ ရိုဟင်ဂျာဟာ ကျနော်တို့ တိုင်းရင်းသား လုံးဝ မဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမဝင် ဝင်ရောက်ဖြတ်ကျော်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပ သွေးထိုးလှုံ့ဆော်မှုတွေ ပါ ပါနေတယ်လို့ ကျနော်တို့မြင်ပါတယ်။

နိုင်ငံတကာ နိုင်ငံကြီးတွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့အခြေအနေ၊ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာ နားလည် သိကျွမ်းခြင်း မရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ ပြောဆို နေကြတာတွေဟာ ကျနော် တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တိုက်ရိုက် ထိခိုက်တယ်လို့ပဲ ကျနော် တို့သတ်မှတ်ပါတယ်။ မျိုးရိုးဗီဇ အရရော၊ ယဉ်ကျေးမှု အရရော ဘာသာစကားဓလေ့ ထုံးစံများ အရ ရော ကျနော်တို့ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုများနဲ့ လုံးဝ ပတ်သက်ခြင်း မရှိပါ ဘူး။

ကျနော်တို့နိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ အားလျော်စွာ တရုတ်ရှိတယ်၊ အိန္ဒိယလူမျိုး မျိုးနွယ်စုတွေ ရှိတယ်။ ကျနော်တို့ နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက် လာနေကြတဲ့ အတွက် ကြောင့် နိုင်ငံသားအဖြစ်နဲ့ ခံယူခွင့် ရရှိထားတဲ့ နိုင်ငံသားတွေ ရှိပါတယ်။အဲဒါဟာနိုင်ငံသားဆိုတဲ့ကိစ္စ ပါ၊ ဒီဘင်္ဂါလီတွေပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ နိုင်ငံ သား အပြုခံထားရတဲ့ ပုဂ္ဂိုလ်များကိုတော့ ကျနော် တို့ နိုင်ငံသားတဦးရဲ့ အခွင့်အရေး။ ကျနော်တို့ နိုင်ငံသားတဦးကို ကာကွယ် စောင့်ရှောက်ရမယ့် တာ ဝန်ကို ကျနော်တို့ အပြည့်အဝ လက်ခံမှာပါ။ ကျနော်တို့ တရုတ် ကုလား မခွဲပါဘူး။

သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် ဖိအား ပေးလာတာမျိုးဆိုရင် တော့ ကျနော်တို့ သည်းခံမှာ မဟုတ်ပါဘူး၊ အမေရိကန်နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက် အင်္ဂလိပ်စ ကား စစ်ဆေးမှုခံရပါတယ်၊ ကျနော် တို့ နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက် တိုင်းရင်း ဘာသာစကားတခု ခုကို ကျွမ်းကျင်ဖို့လိုပါတယ်၊

နောက် သူဟာ မိရိုးဖလာအဆက်ဆက် ဒီနိုင်ငံမှာ အခြေချနေထိုင်ခဲ့သူဖြစ်တယ်၊ ဒီနိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကို တီးမိ ခေါက်မိဖြစ်တယ်ဆိုတာကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အင်တာ ဗျူးတွေ လုပ်ပြီးတော့ စစ်ဆေးပြီးမှ စိစစ်ပြီးတော့ ခွင့်ပြုတာပေါ့၊ ကျနော်တို့ဆီမှာ ပေါက်လွှတ်ပဲစား လုပ်ပြီးတော့ ဒါတွေကို လက်ခံရမယ် ဆိုပြီးတော့ ဖိအား ပေးတဲ့ ကိစ္စမျိုးကိုတော့ ကျနော်တို့ လက်ခံ မှာ မဟုတ်ပါဘူး။

နိုင်ငံရေး ပြဿနာတွေကြောင့်မို့ အကြိမ်ကြိမ်အခါခါ ဒီပြဿနာတွေမှာ အစိုးရအဆက်ဆက်က နိုင်ငံ တကာနဲ့ မျက်နှာ မပျက်အောင် ကျနော်တို့ အများကြီး လိုက်လျောမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒါဟာ လူသားချင်း စာနာမှု ရှုထောင့်ကနေ ပြီးတော့ ဒုက္ခသည်များ အဖြစ်နဲ့ ကျနော်တို့ဘက်က လက်ခံခွင့် ပြုခဲ့ခြင်းသာ ဖြစ်ပါတယ်။

အဲဒီတော့ ဒီရိုဟင်ဂျာ ပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံ မရှိသလိုမျိုး ဖြစ်နေတဲ့ ဒီဒုက္ခသည် တွေ အနေနဲ့ ကျနော်တို့ လူသားချင်းစာ နာမှုအရ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျ နော်တို့ လူမျိုးရဲ့ သဘော ကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီးတွေကနေပြီးတော့ အားနည်းတဲ့ နိုင်ငံ တွေကို ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအား ပေးနေတာမျိုးကို ကျနော်တို့ လုံးဝသည်းခံမှာ မဟုတ် ပါဘူး။

အချုပ်အခြာအာဏာ ကိစ္စကို ဘယ်နိုင်ငံတကာ၊ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို လက်ခံရမယ်လို့ ဖိ အားပေးလာပြီ ဆိုရင် တပ်မတော် အင်အားစုနဲ့အတူ၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုနဲ့အတူ ပြည် သူအားလုံးက ကျနော်တို့ အမျိုးသားရေး ပြဿနာတခု အနေနဲ့ ရင်ဆိုင် ဖြေရှင်းသွားမှာပါ။

ရိုဟင်ဂျာ ပြဿနာသည် မွတ်စလင် ပြဿနာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ခွဲခြားပြီးတော့ ရှင်းဖို့လို တယ်၊ ကျနော်တို့ နိုင်ငံသား မွတ်စလင်များ အစ္စလမ် ဘာသာဝင်များနဲ့ ချိတ်ဆက်ပြီးတော့လုပ်နေတာ ကိုက ဒါသွေးရိုးသားရိုး မဟုတ် ဘူး။ ကျနော်တို့ အဲဒီလိုပဲမြင်တယ်။

(၂၀၁၂ ခုနှစ် သတင်းစာ ရှင်းလင်းပွဲ တခုမှ ကောက်နုတ်ချက်)



ဦးသိန်းစိန်
သမ္မတဟောင်း


ကျနော်တို့ဆီမှာ ၁၉၈၂ ခုနှစ် ဥပဒေဆိုတာ ရှိပါတယ်။ ၁၉၈၂ ခုနှစ် ဥပဒေ ဆိုတာကလည်း ဒီမှာ နေ ထိုင်နေကြတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေး ထားတာတွေ ရှိပါတယ်။

အကြမ်းဖျင်း ကျနော်သိရသလောက် ဆိုရင် ၄၈ ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆို ပြီးတော့ ခေါ်ပြု လာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ဘဲ ဒီမှာသောင်တင်ပြီးတော့ နေကြတာပေါ့။ ၄၈ ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူ့ အဖွဲ့ အစည်းတွေဟာ ခုနကလို သင့်သင့်တင့်တင့်ဖြစ်အောင်၊ နောက်တစ်ခုကလည်း လူသားတွေ ဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီး စဉ်းစားတတ် လာအောင်၊ ဒါတွေက ကျနော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။

ဒီအပိုင်းမှာ ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး တော့ စာသင် ကျောင်းတို့ ဘာတို့ ထိထိရောက်ရောက် မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သက်ပြီးတော့ သင်တဲ့ ကျောင်းတွေပဲ ရှိတယ်။ အဲ့ဒီတော့ အခြေခံကတော့ ပညာရေးပါပဲ။

ပညာရေးကို ကျနော်တို့ ထိထိရောက်ရောက် နဲ့ ခေတ်မီတဲ့ ပညာရေးစနစ်ကို ကျနော်တို့က ထူထောင် ပေးမယ်။ ပညာ တတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။မှားတယ်မှန်တယ်ဆိုတာကိုသူတို့စဉ်းစား ဆုံးဖြတ်တတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့နှုန်းက ပိုများပါ တယ်။ ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေး ကြည့်လိုက်တဲ့အခါမှာ နောက်ထပ် ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် ဟိုးတုန်းက ရှိနေတဲ့ သူတွေက ပေါက်ဖွားမှုတွေ သိပ်များတယ်။ အိမ်ထောင်စုတစု ဆိုရင် တချို့ဆို ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိပါတယ်။

(သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဗီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းတို့ ၂၀၁၄ ခုနှစ်က တွေ့ဆုံ မေးမြန်းခန်းမှ ကောက်နုတ်ချက်) 


ဦးမြအေး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)


ကျနော်တို့ထောင်က လွတ်လာတယ်၊ ထောင်ကမလွတ်ခင်ကတည်းက ရိုဟင်ဂျာနာမည်က အရမ်းကို ခေတ်စားနေ တာ၊ ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ရိုဟင်ဂျာ Issue က တော်တော်ကို ဟော့ဖြစ် လာနေတယ်၊ ဒါဟာ ပေါ်ပင် နိုင်ငံရေး လုပ်ကွက်တခုလို့ ထင်တယ်။

အဲဒီတော့ ဒီရိုဟင်ဂျာ ဆိုတဲ့ဟာက အများစုက အစ္စလမ် ဘာသာဝင်တွေ အကုန်လုံးနီးပါး အစ္စလမ်၊ ဒီ ရိုဟင်ဂျာက သူ့ရဲ့ ငါတို့က တိုင်းရင်းသားဖြစ်ဖို့ ဆိုပြီး ဒီမှာ ဌာနေစွဲရှိနေတဲ့ မြန်မာ-မွတ်စလင် တွေ ကို ဆွဲချိတ်ပြီးတော့မှ အစ္စလမ် ဘာသာရေး ဖြစ်အောင်လုပ်တယ်လို့ ကျနော်ကတော့ အဲဒီလိုမြင် တယ်။ မြင်တဲ့ အပေါ်မှာ ခုန ကိုကိုကြီး ပြောသွားတာ လည်း ဒါပါပဲ။ ပြည်ပ ပယောဂလို့ ညွှန်းတာက ရှင်းမယ်လို့ ထင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ခံနေရပါပြီ။

ကျနော်တို့ အကြိမ်ကြိမ် ပြောထားပြီးသားဖြစ်တဲ့ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှင်းရှင်းလင်း လင်း ထုတ်ပြန် ထားပြီး ဖြစ်တယ်။ နောက်တချက်က ကျနော်တို့ ဒီလိုနိုင်ငံတော်မှာ ဒီလို အဓိကရုဏ်း တွေ မဖြစ်ပွားဖို့အတွက် ကျနော် တို့အနေနဲ့ တချို့တချို့သော တာဝန်ရှိသူများကို ကျနော်တို့ ကြားသိ ထားတာတွေကို အကုန်လုံး ပြောထားပြီးသားဖြစ် တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် မောင်တောမြို့နဲ့ပတ်သက်ပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပေးဖို့ အကြောင်းကို လည်း ပြောထားပြီး ဖြစ်တယ်။အခု ဒီသတင်းဝင်လာတဲ့ အခြေအနေအပေါ်မှာ ကျနော် လုံးဝလုံးဝလက်မခံပါဘူး၊ ရခိုင် တိုင်းရင်းသား ဒေသခံတွေရဲ့အိမ်ကို မီးရှို့ ဖျက်ဆီးတယ်ဆိုတဲ့ အချက် ကို ကျနော် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။

နံပါတ် ၁ အနေနဲ့ ပြောချင်တာက အဲဒီလို မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဘဝလုံ ခြုံ အောင် အစိုးရ တာဝန်ယူပေးပါ။ နောက်တခုက အဲဒီလိုမျိုး မီးရှို့ဖျက်ဆီး၊ မင်းမဲ့စရိုက် ဆန်ဆန် အမုန်းတရားပွားစေတဲ့ တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်နေတဲ့ တရားခံတွေအားလုံးကို ဖော် ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူပေးပါ။

အထူးသဖြင့် မောင်တောမြို့ဟာ တဖက်နိုင်ငံနဲ့ ထိစပ်နေပါတယ်၊ တဖက်နိုင်ငံနဲ့ ထိစပ်နေတဲ့အတွက် ကြောင့် ရခိုင် တိုင်း ရင်းသား လူမျိုး စုတွေ အနည်းစုနေထိုင်တဲ့ ဒေသဖြစ်တယ်။ အနည်းစုကို အနိုင် ကျင့်တယ်ဆိုတာက ယဉ်ကျေး တဲ့ အသိုင်းအဝိုင်းမှာ မရှိဘူးဗျ၊ အဲဒါ ရိုင်းစိုင်းတဲ့ အသိုင်းအဝိုင်းမှာပဲ ရှိတယ်။ ရှိတဲ့အတွက်ကြောင့် ဒါလူမျိုးဘာသာနဲ့ မသက်ဆိုင်ဘူး၊ အဲဒီလို ရိုင်းစိုင်းတဲ့သူတွေကို မည် သည့်ဘာသာ ကိုးကွယ်ကိုးကွယ် မည်သည့် လူမျိုးပဲဖြစ်ဖြစ် ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျနော် ၈၈ ကျောင်းသားများ ကိုယ်စား ပြောပါရစေ။

(၂၀၁၂ ခုနှစ် သတင်းစာ ရှင်းလင်းပွဲ တခုမှ ကောက်နုတ်ချက်)


ဦးမင်းကိုနိုင်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)


ကျနော်တို့ နိုင်ငံမှာ ဒီနာမည်(ရိုဟင်ဂျာ)နဲ့ ကျနော်တို့ တိုင်းရင်းသားထဲမှာ မရှိပါဘူး၊ ဒါပေမယ့် ဘယ် သူမဆို ကိုယ်ကိုကိုယ် ဘာလူမျိုးဖြစ်တယ်ဆိုတာ သူတို့ပြောပါလိမ့်မယ်၊ သူ့အပိုင်း၊ သူ့ကဏ္ဍ ဖြစ်ပါ တယ်၊ ကျနော်တို့ နားလည်ထားတဲ့ အပိုင်းကတော့ ကျနော်တို့ရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေထဲ မှာ သူတို့(ရိုဟင်ဂျာ) မပါဘူး။

အခုဖြစ်နေတဲ့ ကိစ္စတွေက နိုင်ငံမှာဖြစ်နေတာတွေက လူမျိုးရေး၊ ဘာသာရေးပြဿနာမဟုတ်ဘူး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ကျူးကျော်ဝင်ရောက်လာတဲ့ လူတွေရယ်၊ အကြမ်းဖက်ရယ် အဲဒီ ၂ခုကြောင့်ဖြစ်နေတာ ကျနော် အဲဒါပဲ ဖြေပါရစေ။

(၂၀၁၇ စက်တင်ဘာ ၁၃ရက်နေ့ ရခိုင်အရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ ကောက် နှုတ်ချက်)

Link : Here













No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */