" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 16, 2023

အကျဥ်းထောင်များမှ လွတ်လာသည့် ရိုဟင်ဂျာ ၃၇၀ ကျော် အား မောင်တောခရိုင်သို့ ပြန်ပို့

DVB
August 16, 2023

မြန်မာတနိုင်ငံလုံးရှိ အကျဥ်းထောင်တွေက လွတ်ရက်စေ့ပြီး လွတ်လာသူတွေနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်လာကြနဲ့ မောင်တောခရိုင်က ရိုဟင်ဂျာ အယောက် ၃၇၀ ကျော်ကို သြဂုတ် ၁၆ ရက် ဒီ နေ့မွန်လွဲပိုင်းက မောင်တောခရိုင်ကို ပြန်ပို့လိုက်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက သိရပါ တယ်။

 

လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတဦးက “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက များတယ်ဗျ။ လွတ် ရက်စေ့ပြီး လွတ်လာသူတွေလည်း ပါတယ်။ အားလုံး ၃၇၀ ကျော်တယ်။ မောင်တောက ၃၀၀ ​ကျော်၊ ဘူးသီးတောင်က ၇၀ ကျော်ပါတယ်။ ကျား၊ မ၊ ကလေး အရေအတွက်တွေ အတိအကျ မသိရသေး ဘူး” လို့ ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ ထွက်ပြေးသွားကြသူတွေ ပါသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၀ ​ကျော်ခန့် လည်း ပါရှိနေတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

“မြန်မာဘက်မှာနေတဲ့လူတွေကို စစ်ဆေးပြီး သူတို့ဆွေမျိုးတွေထံ အပ်နှံသွားမှာပါ။ ဘင်္ဂလားဘက်က လူတွေကိုတော့ နှစ်နိုင်ငံ သံတမန်ရေးအရ ဆောင်ရွက်သွားမှာပါ” လို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးတာဝန်ရှိသူတွေကတော့ သူတို့ဆီကို ဘင်္ဂလားနိုင်ငံသား ၂၇ ဦးသာ ပါဝင် ကြောင်း ပြောပါတယ်။

“ထောင်ကလွတ်ရက်စေ့ပြီး လွတ်လာသူတွေထဲမှာ ဘင်္ဂလားနိုင်ငံသား ၂၇ ဦးပါတယ်လို့တော့ စာရင်း လာ ပေးထားတာ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားနိုင်ငံသား ဟုတ်မဟုတ်ကို ဘူးသီးတောင် အကျဥ်းထောင် ကို သွားရောက်စစ်ဆေးရဦးမှာ။ ဘင်္ဂလားနိုင်ငံသား အိုင်ဒီကတ် ပြနိုင်ရမယ်။ ယူအန် အိုင်ဒီကတ်ပြ လို့ ဘင်္ဂလားနိုင်ငံသားအဖြစ် လက်မခံနိုင်ပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးတာ ဝန်ရှိသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် တဖက် ဘင်္ဂ လား ဒေ့ရှ်နိုင်ငံကို ၆ သိန်းခန့် ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ မနေချင်တာကြောင့် လူပွဲစား နဲ့ ဆက်သွယ်ကာ မလေးရှား အစရှိတဲ့ ပြည်ပနိုင်ငံတွေဆီ တရားမဝင် သွားလာနေကြတာပါ။

ရခိုင်ဒေသမှာ ကျန်ရှိနေခဲ့ကြတဲ့ ရိုဟင်ဂျာတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းမရှိမှု၊ ပညာ တတ်ပေမဲ့ အစိုးရအလုပ်တွေမှာ အလုပ်ခန့်ထားခြင်းမရှိမှု၊ လွတ်လပ်စွာ ခရီးသွားလာခွင့် မရရှိမှု၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ခံစားရတာ မရှိကြတာကြောင့် အခု လို မလေးရှားနိုင်ငံ အစရှိတဲ့ ပြည်ပနိုင်ငံတွေကို ပင်လယ်ကိုဖြတ်ပြီး အသက်အန္တရာယ် တွေကြား က သွားလာနေကြပြီး ဖမ်းဆီးခံရသူ အများစုရှိနေ​သလို ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး သေ ဆုံးတာတွေလည်း ရှိပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */