" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 16, 2023

စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦး အား ပင်လယ်ပြင်ရှာဖွေမှုရပ်နား

မဇ္စျိမ
By ရောင်နီ (မဇ္စျိမ)
16 August 2023
ပုံအညွှန်း - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘု​မေအုပ်စုနှင့် ဘာဆာရွာအရှေ့ဘက်ကမ်းခြေသဲသောင်ပြင်တွင် တွေ့ရှိသည့် ရိုဟင်ဂျာရုပ်အလောင်းတလောင်းကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)
 
ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီးပင်လယ်ပြင်တွင် သြဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် စက်လှေနစ် မြုပ်မှုမှပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ပင်လယ်ပြင်အတွင်း ရှာဖွေမှုရပ်နားလိုက်ပြီဖြစ်သည်။
မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာ ၅၀ ဦး ထက်မ နည်း လိုက်ပါလာသည့် စက်လှေသည် သြဂုတ်လ ၇ ရက်နံနက်တွင် စစ်တွေမြို့၊ဘာဆာရာကျေး ရွာ အနီး ပင်လယ်ပြင်တွင် လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်။ယင်းနေ့ ညနေတွင် အသက်ရှင်လျက်မျော ပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဘာဆာရာ ကျေးရွာကမ်းစပ်၌ ဒေသခံများက တွေ့ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသူများကို ရက်သတ္တပတ် တပတ်ကျော်ကြာ ရှာဖွေခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်မှစ တင် ကာ ပင်လယ်ပြင်အတွင်း ရှာဖွေရေး ရပ်နားလိုက်သည်ဟု ဒေသအခြေစိုက် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှုး ကိုဗျာလက မဇ္စျိမကို ပြောသည်။

“ အရင်တုန်းကတော့ ပင်လယ်ပြင်မှာ Speed Boat တွေနဲ့ ရှာတာရှိတယ်။ အခုတော့ နားလိုက်ပြီ။ အလောင်းတွေတော့ ဆက်မတွေ့ဘူး။ ရပ်နားထားတယ်ဆိုပေမယ့် ဒုံးခနဲရပ်နားလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ အခွင့်ကြုံရင် ကြုံသလို ၀င်ရှာမှာပါ။လတ်တလောမှာတော့ ကမ်းခြေတဝိုက်မှာ ကားနဲ့ ပတ်ရှာတာရှိတယ်။ အခုလည်း ပထမလူတွေ ပေါ်ခဲ့တဲ့ နေရာတွေမှာ ရှာဖွေမှုတွေ လုပ်နေတာရှိပါ တယ်” ဟု ကိုဗျာလက ပြောသည်။

စက်လှေနစ်မြုပ်မှုကြောင့် ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်အထိ ရုပ်အလောင်းစုစုပေါင်း ၁၇လောင်း ပြန်တွေ့ထားသလို ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦး ရှိနေဆဲဟု သိရသည်။ အသက်ရှင်လျက်ပြန် တွေ့သူ ရိုဟင်ဂျာ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်နှင့်ရဲများက ခေါ်ဆောင်သွားကာ စစ် ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့် ပြည်ပ အိမ်နီးချင်းနိုင်ငံများ သို့ ပင်လယ်ရေလမ်းမှတဆင့် စက်လှေများဖြင့် တရားမဝင်သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ် ကြောင့် စက်လှေနစ်မြုပ်မှုများအတွင်း အသက်ဆုံးရှုံးမှုများနှင့်ဖမ်းဆီးခံရမှုများ မကြာခဏကြုံတွေ့ နေကြရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */