" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 23, 2023

ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဖေါ်ဆောင်ဖို့ အခွင့်အ လမ်းမရခဲ့တဲ့အပေါ် NUG ဝန်ကြီးတောင်းပန်

VOA
အင်ကြင်းနိုင်
၂၃ ဇူလိုင်၊ ၂၀၂၃ 

မအင်းကြင်နိုင် (VOA မြန်မာ) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

စစ်တပ်ရဲ့ ဖိနှိပ်မှုကို အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖေါ်ဆောင်ဖို့ အခွင့်အလမ်းမရခဲ့တဲ့အပေါ် တောင်းပန်ကြောင်း NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ် အေး က ဗွီအိုအေကိုပြောပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာမသိမ်းခင် လူကယ်ပြန်ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဘာကြောင့် မဆောင်ရွက်နိုင်ခဲ့သလဲ။ NUG က လျာထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေဘတ်ဂျတ် အခြေအနေစတာ တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ ဒေါက်တာဝင်းမြတ်အေးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုကို ဖိတ်ခေါ်မေးမြန်းထားပါတယ်။

မအင်းကြင်နိုင် ။ ။ ဒေါက်တာဝင်းမြတ်အေး .. NUG ရဲ့ လူသားစာနာဝန်ကြီးတဦးအနေနဲ့ အမေရိကန် ခရီးစဉ် မှာ VOA ကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါက်တာဝင်းမြတ်အေး ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။

မအင်းကြင်နိုင် ။ ။ အဲဒီတော့ ပထမဦးဆုံး မေးချင်တာက NUG ရဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာနတခုအနေနဲ့ အခု နိုင်ငံတကာက ပေးနေတဲ့ ရန်ပုံငွေတွေကို ဆရာတို့က ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ပတ် သက်နေသလဲ။ အထူးသဖြင့် အခုဆိုရင် အမေရိကန်နဲ့ ဗြိတိန်က မကြာသေးခင်ကပဲ မြန်မာနိုင်ငံအတွက် လူသား ချင်း စာနာမှု အကူအညီတွေ ပေးတယ်ဆိုတဲ့ ကြေညာချက် ထွက်လာတယ်။ အဲဒီတော့ သူတို့က နိုင်ငံတကာမှာ စီးဆင်းနေတဲ့ ရန်ပုံငွေတွေက အရင်ကတည်းက သူတို့မှာ ပုံစံရှိပြီသား။ ဒါပေမဲ့ အခုက NUG အစိုးရတရပ်အနေ နဲ့ က ဘယ်လိုပါဝင်ဆောင်ရွက်နေပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး ။ ။ အမေရိကန်ဒေါ်လာ ငါးရာကျော်ဆိုတဲ့ကိစ္စ။ ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ တကယ်တော့ ကျနော်တို့က အစိုးရတရပ် ဖြစ်တယ်။ ပြည်သူ့အစိုးရ ဖြစ်တယ်။ ပြည်သူကို ကူညီထောက်ပံ့ ဖို့ အတွက် ကျနော်တို့မှာ ဘတ်ဂျက်လျာထားချက်ဆိုတာ ရှိတယ်။ အဓိကတော့ ဘတ်ဂျက်လျာထားချက်ပေါ့။ အဲဒီ ဘတ်ဂျက်လျာထားချက်က နိုင်ငံတော်ရဲ့ အကူအညီကိုရဖို့အတွက် ကျနော်တို့ဆီမှာ ဒီလောက်လိုနေပြီ ဆိုတာ ကို တော့ ကျနော်တို့ လျာထားတာ။ ဒါနဲ့ ပတ်သက်လို့ရှိရင် ဘယ်နိုင်ငံက အကူအညီ ရမယ်။ ယူအက်စ်က ကူညီရ မယ်။ အခြားနိုင်ငံတွေက ကူညီရမယ်လိုတော့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာက အကူ အညီပေးတဲ့အခါမှာ ပေးနိုင်အောင်လို့ ကျနော်တို့ လျာထားချက်သာ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံတ ကာနဲ့ ဆက်ဆံနေရတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်နိုင်ငံက ကူညီကူညီ ကျနော်တိို့က လက်ခံရမယ်။ စနစ်တ ကျ တိုက်ရိုက်အကျိုးရှိအောင် ပြည်သူတွေဆီရောက်အောင် လုပ်ရမယ့်တာဝန် ရှိတယ်။ အဲဒီအတွက် လျာထားတဲ့ ရန်ပုံငွေပဲ ဖြစ်ပါတယ်။

မအင်းကြင်နိုင် ။ ။ အဲဒီတော့ ဆရာ စောစောကပြောသွားတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဆိုတာက NUG က လျာထားတဲ့ ရန်ပုံငွေပေါ့။

ဒေါက်တာဝင်းမြတ်အေး ။ ။
အဲဒါတော့ လူသားချင်းစာနာတဲ့ အကူအညီကတော့ ကျနော်တို့ အဓိက ပြည်သူက ပြည်သူနဲ့ပဲ သွားနေတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေ၊ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကပဲ ကူ ညီနေတာ။ ဆိုလိုတာက ပြည်သူက ပြည်သူ အကူအညီနဲ့ အဓိကဆောင်ရွက်နေတာ။ နိုင်ငံတကာရဲ့ အကူအညီ ဆို တာကတော့ နှုတ်အားဖြင့် ကူညီတာ ရှိတယ်။ အခုလိုမျိုး ငွေကြေးအားဖြင့် ကူညီတာ ရှိတယ်။ ပစ္စည်းအားဖြင့် ကူညီတာ ရှိတယ်။ တချို့က in-cash တချို့က in-kind ဒါမျိုးလေးတွေက ကျနော်တို့ဆီမှာ ရှိတယ်။ သို့သော်လဲ များများစားစား မရှိဘူး။ အဓိကတော့ ပြည်သူက ပြည်သူနဲ့ပဲ သွားနေတာ ဖြစ်ပါတယ်။


မအင်းကြင်နိုင် ။ ။ အဲဒီတော့ အမေရိကန် ခရီးစဉ်မှာကော လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးတာမျိုး။ အမေရိကန် အစိုးရဘက်ကရော သူတို့ဘယ် လောက် အထိ မြန်မာနိုင်ငံအရေး၊ အထူးသဖြင့် NUG ပတ်သက်ပြီးတော့ ထောက်ပံ့မယ့် ကိစ္စတွေ၊ အဲဒီအပိုင်းကကော ဘယ်လို ရှိပါသလဲ။

ဒေါက်တာဝင်းမြတ်အေး ။ ။ လူသားချင်း စာနာမှုနဲ့ ပတ်သက်လို့ရှိရင် ကျနော် အခုလာတဲ့ ရည်ရွယ်ချက်က မေး လို့ ပြောရရင်၊ ကျနော်တို့ ဒီကိစ္စအတွက်လာခဲ့တာ မဟုတ်ဘူး။ အဓိကလာတဲ့ အကြောင်းက ကျနော်တို့က အမြဲ တမ်း ပြည်သူ့အစိုးရ ဖြစ်တယ်။ နောက်ပြီးတော့ လူသားချင်းစာနာတဲ့ စိတ်ရှိတဲ့ ဝန်ကြီးဌာန ဖြစ်တယ်။ ဒါကြောင့် မို့ ပြည်သူ့အစိုးရ၊ ပြည်သူနဲ့ အနီးဆုံးမှာ ရှိရမယ်ဆိုတာကို အရင်အစိုးရလက်ထက်ကတည်းက လူကယ်ပြန် ဝန် ကြီး ဌာနမှာ တာဝန်ယူစဉ်ကတည်းက စစချင်း အစိုးရဖွဲ့ကတည်းက ပြည်သူနဲ့ အနီးဆုံးနေမယ်လို့ ပြောခဲ့တယ်။ အဲဒီအတိုင်းပဲ အခုလည်း ပြည်သူတွေနဲ့ နီးစပ်ချင်တယ်။ နီးစပ်ချင်တော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ ရှိတယ်။ ပြည်ပမှာရှိတဲ့ ပြည်သူတွေ ရှိတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ ပတ်သက်ရင် ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး တော့ ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားနေတယ်။ ထိတွေ့နိုင်အောင် ကြိုးစားနေတာ ရှိတယ်။ ပြည် သူတွေနဲ့ တကယ့်ကို ထိတွေ့နေသကဲ့သို့ ဖြစ်အောင် ပြည်တွင်းမှာ ကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်။

ပြည်ပကြတော့ ကျနော်တို့ ထွက်လို့ရတဲ့ နေရာတွေကို ခရီးစဉ်တွေ စီစဉ်ပြီးတော့ ပြည်ပမမှာရှိနေတဲ့တကယ့်ပြည် သူ တွေနဲ့ ထိတွေ့နေတာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေး ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလာတဲ့ ရည်ရွယ်ချက်က အဲဒါပဲ။ နောက်ပြီးတော့ ပြည်သူတွေက လည်း ပါဝင်မှုတွေမှာ တခါမှ သွေးအေးသွားတယ်ဆိုတာ မရှိဘူး။ မကုန်ခမ်းနိုင်တဲ့ စေတနာတွေနဲ့ ထောက်ပံ့နေ ကြ တယ်။ ကျနော်တို့နဲ့ ပြန်တွေ့တဲ့အခါကြတော့ ပိုပြီးတော့ သွေးနွေးသွားတာပေါ့။ ဒါက အင်မတန် အရေးကြီး တယ်။ ကျနော်တို့ တော်လှန်ရေးက တဆင့်ပြီးတဆင့် တက်နေတာမို့ သွေးနွေးဖို့လိုတယ်။ ဒါကြောင့်မို့ တွေ့ဆုံတဲ့ အခါမှာ သွေးပိုပြီးတော့ နွေးလာတယ်။ ပိုပြီးတော့ အားတက်လာတယ်။ ဆက်လက်ပြီးတော့ ပံ့ပိုးကူညီဖို့ အရှိန်ပို ကောင်းလာတယ်။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေး အောင်မြင်ဖို့အတွက် ပိုပြီးတော့ နီးနီးလာတယ်။ ပြည်သူ တွေနဲ့ ထိတွေ့ခြင်းအားဖြင့် အဲဒီအတွက် ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီတော့ နိုင်ငံတကာ အမေရိကန်အစိုးရနဲ့ ပတ်သက်ပြီးတော့ အကူအညီရဖို့အတွက်ဆိုတာလည်း ကျနော်တိို့ က မျှော်မှန်းချက်ထားတယ်။ ဘာကြောင့် မျှော်မှန်းချက်ထားသလဲဆိုရင် ပြည်သူ့အတွက်ပဲ။ အကယ်၍ ဒီအကူ အ ညီတွေရရင် ပြည်သူတွေ တိုက်ရိုက်အကျိုးရှိအောင် ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။ လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ လူသားစာနာ အကူအညီက။ ပါးစပ်လေးနဲ့ ပြော လိုက်ရုံမကဘူး။ လေလှိုင်းက ပြောနေရုံမကဘူး၊ အဲဒီလို လက်တွေ့အကောင်အထည် ဖော်နိုင်အောင် ဘယ်လို ဆောင်ရွက်ထားသလဲ ဆိုတာကို ကျနော်တို့က နိုင်ငံတကာသိအောင် ပြောချင်တယ်။ ဥပမာ ယူအက်စ်က ကျနော် တို့ကို အကူအညီပေးမယ်ဆိုရင် သူတို့အစိုးရက သေချာသိဖို့လိုတယ်။ ကျနော်တို့ မြေပြင်မှာ ဘယ်လိုလက်တွေ့ အကောင်အထည်ဖော်နိုင်တယ်။ NUG ရဲ့ လူသားစာနာ ဝန်ကြီးဌာန၊ NUG အနေနဲ့ ဘယ်လောက် လုပ်ကိုင်နိုင် တယ်ဆိုတာ၊ လုပ်ခဲ့တယ်ဆိုတာကို ပြောမယ်။ ဘယ်လောက် လုပ်ကိုင်နိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထင် သာမြင်သာအောင် ရှင်းပြလို့ရတယ်။ ပြောပြလို့ရတယ်။ အဲဒါကြောင့် ကျနော်က လာတာဖြစ်တယ်။

မအင်းကြင်နိုင် ။ ။ အဲဒီတော့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအပါအဝင် နိိုင်ငံတကာက မြန်မာနိုင်ငံရဲ့ အကျပ်အ တည်း နဲ့ ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးတယ်ဆိုတဲ့အပိုင်းမှာ အထူးသဖြင့် ရိုဟင်ဂျာ အကျပ်အတည်းတွေမှာလည်း သူတို့ အဓိကပေးတာလည်းပါတယ်။ အမြဲတမ်း အခုနောက်ပိုင်း သူတို့ထုတ်ပြန် ကြေညာချင်တွေမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အဓိကထား ပေးနေတာတွေရှိတော့၊ NUG ကဒီရိုဟင် ဂျာ အကျပ်အတည်းမှာ လူသားချင်းစာနာမှု အကူအညီရေးပိုင်းမှာ ဘယ်လိုဆောင်ရွက်နေသလဲ။

ဒေါက်တာဝင်းမြတ်အေး ။ ။
NUG က ဘယ်လိုပါဝင်ဆောင်ရွက်သလဲ။ လူသားချင်းစာနာမှု အပိုင်းမှာလို့ ပြောတဲ့ အတွက်ကြောင့် အဖြေကို ပြောရမယ်ဆိုရင် NUG ဘယ်လိုဆောင်ရွက်သလဲဆိုရင် NUG ရဲ့ မူအတိုင်း ဆောင် ရွက်နေတယ်။ NUG မှာ မူရှိတယ်။ NUG မှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိတယ်။ အဲဒါ ဘာလဲဆို တော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရရှိခြင်းဆိုတဲ့ ကိစ္စ။ အဲဒီလိုမျိုး ရရှိအောင်။ အထူးသဖြင့် နှစ်ပေါင်း ၇၀ ကျော် လုံးဝတရားမျှတမှု မရှိခဲ့တဲ့ အခြေအနေကနေ Justice တရားမျှ တခြင်း ရရှိအောင် ဆောင်ရွက်နေတာ NUG ဖြစ်တယ်။ ဒါကြောင့် NUG ဘယ်လို ဆောင်ရွက်နေသလဲဆိိုရင် အဲဒီအပေါ် အခြေခံပြီး ဆောင်ရွက်တယ်။ ဥပမာ ရိုဟင်ဂျာ အကျပ်အတည်းဆိုရင် လွတ်လပ်ခြင်းဆိုတာ မရှိဘူး။ လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရှိဘူး။ နေထိုင်ခွင့်လည်း မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်ခံခွင့်လည်း မရှိဘူး။ ဒါမျိုးတွေ မရှိဘူး။ တရားမျှတမှုဆိုတာ လုံးဝမရှိဘူး။ Justice ဆိုတာ လုံးဝမရှိဘူး။ သူတို့ကို ကျူးလွန်နေ တဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တဲ့လူတွေက ဒီအပြစ်တွေ မခံရဘူး။ ဒါက တကယ့် Injustice ကို Justiceဖြစ်အောင် လုပ်ရမယ်။ ဒါကြောင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတာတော့ ဝေးရော။ ဒါတွေလည်း မရှိ ဘူး။ နောက်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာလည်း ဝေးရော။ ဘာမှ ပါဝင်ခွင့်တွေ၊ ဒါတွေကလည်းအများကြီး ဆုံးရှုံးနေတာ ရှိတယ်။ ဒါတွေအတွက်ကို NUG က ဆောင်ရွက်တယ်။ အကျပ်အတည်း ဘယ်လိိုဖြေရှင်းသလဲ ဆိုရင် အဲဒီမူအတိုင်း ဆောင်ရွက်တယ်။ ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ရင် ရိုဟင်ဂျာ နဲ့ ပတ်သက်တဲ့ Policy Statement ထုတ်ပြန်တယ်။ ထုတ်ပြန်ပြီးတော့ ဒီ ကြေညာချက် ရှိနေပြီးတော့ အကောင် အ ထည်ဖော်လားလို့ မေးရင်၊ အကောင်အထည်ဖော်လို့ ရတာတွေကို အကောင်အထည် ဖော်နေတယ်။

အခုတဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာတာ၊ အခုဆိုရင် ကျနော်တို့ NUG အနေနဲ့ ပထမဦးဆုံးကြီး မြန်မာ့ သမိုင်းမှာ လူ့အခွင့်အရေး ဝန်ကြီးဌာနဆိုတာ NUG မှာ ပေါ်ပေါက်လာခဲ့တယ်။ ဒါက နိုင်ငံသမိုင်းမှာ ပထမဦးဆုံး ပါပဲ။ အဲဒီ လူ့အခွင့်အရေးဝန်ကြီးဌာနမှာမှ လူနည်းစု အခွင့်အရေး - ရိုဟင်ဂျာအပါအဝင် လူနည်းစု အခွင့်အရေး တွေကို ဖော်ဆောင်နိုင်ဖို့ သီးခြားထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ကို ဒုတိယဝန်ကြီးတယောက် ခန့်အပ်လိုက် တယ်။ အဲဒီဝန်ကြီးကလည်း ရိုဟင်ဂျာပဲ ဖြစ်တယ်။ ဆိုတော့ ဒုတိယဝန်ကြီးကို ခန့်အပ်လိုက်ခြင်းကလည်း အခုန ပြောခဲ့တဲ့ NUG ရဲ့ သတ်မှတ်ထားတဲ့ ဆောင်ရွက်အကောင်အထည်ဖော်မယ့် စံချိန်းစံနှုန်းတွေနဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စတဲ့ မူတွေနဲ့ ညီညွှတ်အောင် ကျနော်တို့ သွားနေတာ ဖက်ဒရယ်ကို သွားနေတာ။ အကုန်လုံး NUG လုပ်သမျှသည် ဖက်ဒရယ် approach နဲ့ပဲ သွားနေတာ။

တိုင်းရင်းသားတော်လှန် အင်အားစုတွေ၊ တိုင်းရင်းသားလူထုတွေပေါ်လည်း ဖက်ဒရယ် ချဉ်းကပ်မှုနဲ့ သွားတယ်။ ပြည်သူပြည်သားအားလုံးမှာလည်း ဒီပုံစံနဲ့ သွားတယ်။ အခုလိုမျိုး လူနည်းစုတွေနဲ့ ရိုဟင်ဂျာအပါအဝင်အားလုံးအ တွက်လည်း ကျနော်တို့တွေက ဒီပုံစံ၊ ဒီချဉ်းကပ်မှုနဲ့ သွားနေတယ်။ အဓိကအရေးကြီးတာ အကောင်အထည်ဖော်ဖို့ အတွက် အသံနားထောင်ဖို့ လိုတယ်။ အဲဒီတော့ တကယ်ခံစားနေရတဲ့လူတွေရဲ့ အသံကို နားထောင်နေတယ်။ ဒီအသံတွေ စုစည်းနေတယ်။ တွေ့ဆုံနေတယ်။ ကျနော်တို့ အခု ဒီလိုသွားနေတဲ့ ကိစ္စရပ်တွေက ပြည်သူနဲ့ ထိတွေ့ အောင်ဆိုတာ တယောက်ကိုမှ ခွဲခြားမှု မရှိဘူး။ ပြည်သူတွေနဲ့ ထိတွေ့နေတယ်ဆိုတာ။ ဘယ်လူမျိုးရယ်လို့ မခွဲခြား ဘူး။ ဘယ်သူရယ်လို့ မခွဲခြားဘူး။ မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ လူအားလုံးနဲ့ဆိုင်တယ်။ မြန်မာ နိုင် ငံမှာ နေကြတဲ့လူအားလုံးနဲ့ ဆိုင်တယ်။ ဒါကြောင့် ဘာမှခွဲခြားမှု မရှိဘဲ၊ တွေ့ဆုံတယ်။ အခုလာတဲ့ခရီးစဉ်မှာလည်း အဲဒီကိစ္စတွေ ပါတယ်။ ဆိုလိုတာကတော့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ အသံကို နားထောင်ပြီးတော့ ဒီအသံလိုက် အခုနဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို NUG အနေနဲ့ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မအင်းကြင်နိုင် ။ ။ အဲဒီနေရာမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးက တရုတ်ရဲ့ ဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ စစ် ကောင်စီတိို့က တော်တော်လေး ဆောင်ရွက်လာတဲ့အပိုင်းမှာ Pilot Project ဆိုပြီးတော့၊ ရိုဟင်ဂျာတစ် ထောင် ကျော်ကို စစ်ကောင်စီက ပြန်ခေါ်ဖို့ကိစ္စ စီစဉ်နေတာ။ အဲဒီမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဆက်သွယ်မေးမြန်းမှု အ ရ ဆိုရင် သူတို့ပြန်မယ်ဆိိုရင် လုံခြုံမှု မရှိတာ၊ နောက် အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေ မရှိတာ။ နိုင်ငံသား ဖြစ်ခွင့် ကိစ္စကိုလည်း သူတို့ပြောတာတွေ ရှိတယ်။ အထူးသဖြင့် သူတို့နေရပ်ရင်း မဟုတ်ဘဲ၊ တရုတ်က ဆောက် ပေး ထားတဲ့ ကွန်တိုင်နာတွေမှာ တကယ့် ဒုက္ခသည်စခန်းလိုမျိုးနဲ့ ထားမယ်ဆိုတဲ့ အစီအစဉ်တွေ။ အဲဒါတွေကို သူတို့က လက်မခံဘူးဆိုတော့ ဆရာတို့က အခု ရိုဟင်ဂျာတွေ တောင်းဆိုချက်တွေ၊ နေရပ်ပြန်ပို့ရေးကိစ္စမှာ NUG ရဲ့ သဘောထား ရပ်တည်ချက်က ဘယ်လိုရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး ။ ။ NUG ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အခုန ကျနော်ပြောခဲ့တဲ့အတိုင်း ကျ နော်တို့မှာ မူရှိပြီးသာဖြစ်တယ်။ နောက်တခုက အခုနပြောတဲ့ ဆောင်ရွက်မယ်ဆိုတဲ့ သူတို့ရဲ့ Pilot Projectပုံစံမျိုး က အရင်လက်ထက်ကတည်းက ကျနော်တို့ ကြိုးစားခဲ့ပြီးပြီ။ မရဘူး။ ဘာကြောင့် မရတာလည်းဆိုတော့ ယုံကြည် မှု Trust ဖြစ်တယ်။ နေရပ်စွန့်ခွါသွားတဲ့ လူတွေက သူတို့ ဘယ်လောက်ခံစားခဲ့ကြသလဲဆိုတာကို အခုမြင်သာထင် သာနေပြီ။ တလောကလုံးက သိကုန်ကြပြီဆိုတဲ့အတိုင်းပဲ အခုဆိုရင် စစ်ကိုင်း၊ မကွေးမှာ သူတို့ ဆောင်ရွက်နေ တာ တွေ။ ပြည်သူတွေကို ရန်သူလို သဘောထားပြီးတော့ နှိပ်စက်နေတာတွေ။ မိမိ အိုးအိမ် စည်စိမ်မှာ နေလို့မရ အောင် လုပ်နေတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ၊ ရွာလုံးကျွတ် အကုန်လုံး မီးရှို့လိုက်တာတွေ၊ အကုန်လုံး ထွက်ပြေး အောင် လုပ်နေတာတွေ၊ နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတာတွေ။ လေကြောင်းကနေ မတရားအနိုင်ကျင့်ပြီးတော့ ဘယ်လိုမှ မြေပြင်မှာ ဘယ်သူရှိနေတယ်ဆိုတာကို ခွဲခြားတာ မရှိဘဲနဲ့ ဗုံးကျဲတိုက်ခိုက်နေတာတွေ ဒါတွေအကုန် လုံးက အရင် ရိုဟင်ဂျာတွေပေါ် ကျူးလွန်ခဲ့တဲ့ ပုံစံတွေ။ တထပ်တည်း ဖြစ်နေတယ်။

ဒီတထပ်တည်း ဖြစ်နေတဲ့ ပုံစံကြောင့် ယုံကြည်မှုဆိုတာ မရှိဘူး။ အခုနေ ဒီအကြမ်းဖက်စစ်တပ်ကို ခံစားနေရတဲ့ လူတွေက ဘယ်လိုယုံကြည်မှုထားပြီးတော့ ဆောင်ရွက်လို့ ရမလဲ။ အဲဒီလိုပဲ ဒီလိုဒုက္ခပေးနေတဲ့ လူဆီကနေ လွတ် အောင်၊ သေဘေး သေတွင်းဆီ ပို့နေတဲ့လူဆီက လွတ်အောင် ထွက်သွားတဲ့လူတွေကို သေတွင်းထဲ ပြန်ပို့သလို ဖြစ်နေတယ်။ အဲဒီအတွက်ကို သူတို့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ယုံကြည်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီအခြေအနေကိုဖြစ်အောင် ဖန်တီးဖို့လိုတယ်။ ကျနော်တို့အနေနဲ့ ပြောရရင် အဲဒီအပေါ် ဘယ်လိုမြင်သလဲ ဆို ရင် အင်မတန် ခက်ခဲမယ်လို့ထင်တယ်။ ဒီအချိန်အခါမှာ ပြန်လည်ပြီးတော့ လက်ခံပြီးတော့ သူတို့လုပ်နေတဲ့ အစီ အစဉ်က အောင်မြင်ဖို့အတွက် အင်မတန် ခက်ခဲမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကိုယ်တိုင် ကြိုးစားခဲ့ပြီးပြီ။ Trust က အရေးကြီးတယ်။

အခု ကျနော်တို့ သိမြင်လာပြီ။ အရင်တုန်းက ကျနော်တို့ကို blind လုပ်ထားတယ်။ သတင်းတွေ အမှောင်ချထား တယ်။ ကျနော်တို့ကို မသိအောင်လုပ်ထားတယ်။ မကြားအောင် လုပ်ထားတယ်။ မမြင်အောင် လုပ်ထားတယ်။ ဒါ တွေ အကုန်လုံးကို ပြန်စဉ်းစားကြည့်ရင် ကျနော် အရမ်းကို စိတ်မကောင်း ဖြစ်မိတယ်။ အားလုံးအပေါ်မှာလည်း ဒီလိုမျိုး ဖြစ်တဲ့အခါမှာ တရားမျှတမှုကို ဖော်ဆောင်ဖို့အတွက် အခွင့်အလမ်းကို မရခဲ့ဘူး။ အဲဒီအတွက်ကိုပဲ ကျ နော်တို့အနေနဲ့ တောင်းပန်တယ်။ အဲဒီတုန်းက တရားမျှတမှုကို မဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်းက အခု ပေါ်နေပြီ။ အဲဒီတုန်းက အကုန်လုံး မသိခဲ့တာတွေကို အခု ကျနော်တို့ အကုန်သိနေပြီ။ တကမ္ဘာလုံး သိကြပြီ။ လူ သားတိုင်း သိကြတယ်။ နဂိုတုန်းက ခံရတဲ့လူပဲ သိတယ်။ ဒီလိုခံခဲ့ရတာ နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေ ခံခဲ့ရ တာ ဒီပုံစံပဲ။ အဲဒီတုန်းက ကျနော်တို့ ထပ်တူမခံစားနိုင်ခဲ့ဘူး။ ဘာကြောင့် မခံစားနိုင်ခဲ့ရသလဲဆိုတော့ သတင်း တွေ အမှောင်ချထားတယ်။ အကြား၊ အမြင်၊ အသိတွေကို ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒါကြောင့် ကျ နော် တို့ ဖြစ်ခဲ့ကြတယ်။ အခုဆိုရင် အကုန်လုံး ရှင်းနေပြီ။ ဒီတခါတော့ အားလုံးသိနေကြတော့ ဘယ်လိုမှ နောက် မဆုတ်ကြတော့ဘူး။ ဒီတော်လှန်ရေးက အောင်ကိုအောင်ရမည်။ စစ်အာဏာရှင်မှ မဟုတ်ဘူး၊ ဘယ်အာဏာရှင်မှ ပြန်ပြီးတော့ ဝင်ရောက်လို့ မရတော့အောင် ဆောင်ရွက်ရမယ်ဆိုတာကို အားလုံးက သံဓိဌာန်ချထားကြတယ်။ ဒါ ကို ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ အပြောင်းအလဲကြီးကို ပေါ်လာမှာ။ အဲဒီအပြောင်းအလဲ မလုပ်မခြင်း ဘယ် တော့မှ ထိထိရောက်ရောက် ရှိမှာမဟုတ်ဘူး။

မအင်းကြင်နိုင် ။ ။ ကျေးဇူးတင်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */