" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 23, 2023

၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် စာရင်းပေးသွင်းထားတဲ့ ရိုဟင်ဂျာဒုက္ခသည်ကလေးပေါင်း သုံးသိန်းရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ ဇူလိုင်၊ ၂၀၂၃ 

Bangladesh Rohingya

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာကလေးငယ်တွေအနေနဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် ပညာသင်နှစ်က စပြီး၊ ပထမဆုံးအကြိမ် အသက်အရွယ်မရွေး မြန်မာနိုင်ငံ သင်ရိုးညွန်းတမ်းနဲ့အညီ ပညာသင်ခွင့်ရမှာဖြစ်ကြောင်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာသင်ရိုးညွန်တမ်းအတိုင်း ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တွေကို သင်ကြားပေးတဲ့ အစီအစဉ်ကို ၂၀၂၁ ခု နှစ် မှာ စတင်စမ်းသပ်ခဲ့တာ ဖြစ်ပေမယ့်၊ အခု ၂၀၂၃ ခုနှစ်မှာတော့ ၃ တန်းကနေ ၁၀ တန်းအထိ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ စတင်ဖွင့်လှစ်မယ့် ဒုက္ခသည်စခန်းက ကျောင်းတွေမှာ တက်ရောက်ဖို့ စာရင်းပေးသွင်း ထား တဲ့ ရိုဟင်ဂျာ ကျောင်းသူ၊ ကျောင်းသားအရေအတွက် ၃၀၀,၀၀၀ အထိ စံချိန်တင်ရှိနေကြောင်း UNICEF ရဲ့ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်ကလေးတွေအနေနဲ့ ပညာကို သင်ယူလိုစိတ်ရှိကြပြီး၊ ကောင်းမွန်တဲ့အနာဂတ်ဆိုတဲ့ သူတို့ရဲ့ မျှော်လင့်ချက်၊ အိမ်မက်တွေဟာ အလားအလာ ရှိနေတယ်ဆိုတာ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ပေးဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ UNICEF ကိုယ်စားလှယ် Mr. Sheldon Yett က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တသန်းမှာ ထက်ဝက်လောက်ဟာ ကလေးဦးရေ ဖြစ် ပါ တယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ နယ်မြေရှင်းလင်းရေး စစ် ဆင် ရေးကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ ကြတာ ဖြစ်ပါတယ်။

ရောမသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာ စစ် တပ်ရဲ့ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။


Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */