" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 9, 2023

မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆို

RFA
RFA Burmese
2023.06.08
နေရပ်ပြန်ခွင့်ရရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာပြည်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာက သူတို့ကို အမြန်ဆုံး ပြန်ပို့ပေးဖို့ ဇွန်လ ၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော် ပြလိုက်ပါတယ်။

ဆန္ဒပြသူတွေက သူတို့ဟာ ဒုက္ခသည်ဘဝနဲ့ ဆက်ပြီး မနေချင်တော့တဲ့အကြောင်း၊ စိစစ်မေးမြန်းတာတွေ ထပ်လုပ် မ နေတော့ဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကထုတ်ပေးထားတဲ့ လက်ရှိ အသိအမှတ် ပြု ကဒ်ပြားတွေ အသုံးပြုပြီး အမြန်ပြန်ပို့ပေးဖို့၊ မိမိတို့ မြန်မာပြည်ပြန်သွားရေးကို အချိန်ဆွဲ ရပ်တန့်ပိတ်ဆို့ခြင်း မပြု ဖို့… စသဖြင့် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ဇွန်လ ၈ ရက်နေ့ဆန္ဒပြပွဲမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ခြောက်ခုလောက်က ဆန္ဒပြခဲ့ကြပြီး ရိုဟင်ဂျာ တစ်သိန်းနီးပါးလောက် ပါဝင်တယ်လို့ ပြောပါတယ်။

“တစ်နေရာတည်းလုပ်တာမဟုတ်ဘူး တစ်ချို့နေရာမှာ လူက နှစ်သောင်း သုံးသောင်းလောက် ရှိတယ်၊ တစ်ချို့ နေ ရာ မှာ ငါးသောင်းလောက် ရှိတယ် အဲလိုပုံစံမျိုးလုပ်တာ၊ ဒီမှာလည်း နေရာမရှိဘူး တစ်နေရာမှာစု ပြီး တော့ လုပ်ဖို့ ဆိုတာ နေရာအလွတ်တောင် မရှိဘူး၊ ကုတုပါလောင် စခန်း ၁၃ မှာလည်း လုပ်တယ်၊ စခန်း ၁၅ မှာလည်း လုပ် တယ်၊ အနည်းဆုံး လေး၊ ငါး၊ ခြောက်ခုလောက်မှာ လုပ်ခဲ့တယ်။”

ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မိုဟာမက်ဆိုသူကလည်း… မြန်မာပြည်ကို မိမိတကယ် ပြန်ချင်ပါတယ်၊ ဒါ ပေမဲ့ မိမိတို့ဟာ မြန်မာပြည်မှာ မွေးဖွားခဲ့တာဖြစ်လို့ မိမိတို့ရဲ့မြန်မာနိုင်ငံသားဖြစ်မှုကို အသိအမှတ်ပြုစေချင်ပါ တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နဲ့ လုံခြုံရေးတွေလည်း လိုအပ်ကြောင်းနဲ့ ဒီကိစ္စတွေအတွက် ကုလသ မဂ္ဂအနေနဲ့ ကူညီစေချင်ပါတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ မြန်မာပြည်ကိုပြန်ချင်ပေမယ့် စစ်ကောင်စီကလုပ်မယ့် ရိုဟင်ဂျာပြန်ခေါ်ရေး အစီအစဉ်ကို တော့ ယုံကြည်မှုမရှိကြဘူးလို့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမှု့သဟဇာတဖြစ်မှုအသင်း ပူးတွဲတည်ထောင်သူကိုဇာနည်စိုးက ပြောပါတယ်။

“စစ်ကောင်စီလုပ်တဲ့အစီအစဉ်ကိုတော့ သူတို့ယုံကြည်မှုလုံးဝမရှိတော့ဘူး၊ ဒါတော့သေချာပြီးသားပါ၊ ဆန္ဒပြ တာ က အဓိကကသူတို့ကိုယ့်အိမ်ကို အမြန်ဆုံးအခြေချနေထိုင်ဖို့၊ နောက်တစ်ခုအဓိကက သူတို့အဟန့်အတား ဖြစ် နေ တဲ့ ၁၉၈၂ ဥပဒေကို ဖျက်သိမ်းပေးဖို့၊ ပြန်လာမဲ့ ရိုဟင်ဂျာကို နိုင်ငံသားအခွင့်အရေး တစ်ခုခုပေးဖို့ စ သဖြင့်ပေါ့ အချက်က ငါးချက် ခြောက်ချက်လောက်ရှိတာပေါ့”

တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး၊ မူလ နေအိမ်နဲ့ ဥစ္စာပစ္စည်း ပြန်လည်ရရှိရေး၊ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းအခွင့်အရေး ရရှိရေးနဲ့ လုံခြုံမှု အာမခံချက် ရရှိရေး စတဲ့အချက်တွေ အပါအဝင် အချက် ခြောက်ချက်လောက် တောင်းဆိုခဲ့ကြတာပါ။

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာ ၂ဝ ခန့်ကတော့ မြန်မာပြည်ကို သူတို့ မပြန်ချင်တဲ့အကြောင်း၊ တကယ်လို့ ပြန်သွား ရင် မြန်မာပြည်က ဒုက္ခသည်စခန်းတွေမှာနေထိုင်ရမှာကို စိုးရိမ်တယ်လို့ ပြောဆိုကြောင်းလည်း ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */