" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 9, 2023

နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ တောင်း ဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ ဇွန်၊ ၂၀၂၃ 

Rohingya refugees gather to buy essentials at a market area in Kutupalong camp a day after cyclone Mocha made landfall, in Ukhia, Bangladesh, May 15, 2023.


၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ နေရပ်ပြန်ပို့ဖို့ ကြာသပတေးနေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ အခြေအနေတွေ ဆိုးရွားနေတဲ့အတွက် နေရပ်ပြန်နိုင်‌ရေး တောင်းဆိုတာ ဖြစ်ပြီး သက်ကြီး ရွယ်အိုတွေ အပါအဝင် ဆန္ဒပြသူတွေဟာ အလံတွေ ဝှေ့ယမ်းပြီး ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ ကြ ပါတယ်။

အင်တာဗျူးတာတွေ၊ စိစစ်တာတွေ မလုပ်ဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဒေ တာကတ်ပြားတွေနဲ့ မြန်မာနိုင်ငံကို ပြန်ခွင့်ရဖို့ နိုင်ငံသား အခွင့်အရေး အပါအဝင် လူ့အခွင့်အရေးပေးဖို့၊ နေရပ် ပြန်ရေးကို မတားဆီးကြဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတာပါ။



SEE ALSO:
ရိုဟင်ဂျာ ဌာနေပြန်ရေး ရှေ့ပြေးအစီစဉ် ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလတိုက်တွန်း


ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာဖြစ်နေတဲ့ ဘင်္ဂလား ဒေ့ရှ် အရှေ့တောင်ပိုင်းရှိ စခန်းတွေမှာရိုဟင်ဂျာ တသန်းကျော် ခိုလှုံ နေတာပါ။ အများစုဟာ လွန်ခဲ့တဲ့ (၆)နှစ်လောက်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကနေ ထွက်ပြေး တိမ်းရှောင် ခဲ့ကြ သူတွေဖြစ်ပြီး အချို့ကတော့ အဲဒီအရင်ကတည်းက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့သူတွေပါ။

ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှုတွေ မြင့်တက်နေတာ၊ ကြမ်းတမ်းတဲ့ နေရေးထိုင်ရေး၊ စာရေးသောက်ရေး အ ခက်အခဲနဲ့ မြန်မာနိုင်ငံကို ပြန်ရမယ့် အလားအလာတွေ မကောင်းဖြစ်နေလို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေး ရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေကို လှေနဲ့ ပိုပြီးလည်း ထွက်ပြေးနေကြပါတယ်။ လမ်းခရီးမှာ အသက်အန္တရာယ် ကြုံရတာတွေလည်း ရှိပြီး ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ရိုဟင်ဂျာ ၃၄၈ ဦးဟာ မနှစ်က ပင်လယ်ပြင်မှာ ထွက်ပြေးရင် သေဆုံးခဲ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */