" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, June 9, 2023

လီလီနိုင်ကျော်ဖြစ်စဥ်နောက်ပိုင်း စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းအကြား တုန်လှုပ်

BBC
ဘီဘီစီမြန်မာပိုင်း
၈ ဇွန် ၂၀၂၃
စစ်တပ် ဝါဒဖြန့် ရုပ်ရှင်ကြော်ငြာ တခုရှေ့မှာ မြင်ရတဲ့ အဆိုတော် လီလီနိုင်ကျော်


စစ်ကောင်စီ ထောက်ခံသူလည်းဖြစ်၊ အစွန်းရောက်အမျိုးသားရေးဝါဒ ထောက်ခံသူ တယောက်လည်းဖြစ်တဲ့ အ ဆိုတော် လီလီနိုင်ကျော်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရသူရဲ့ မိသားစုဝင် ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်ဖြတ် တာခံခဲ့ရသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တ ယောက်ရဲ့ အကို ဖြစ်သူဟာ မေလ ၇ ရက်နေ့ ညပိုင်းမှာ သတ်ဖြတ်ခံရပါတယ်။

ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်သူဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူလို့ ယူဆ သတ်မှတ်ထားကြသလို စစ် ကောင်စီကို ဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံရမှုတွေမှာ အမည်မသိ လူတစုကလို့ ဖော်ပြကြပေမဲ့ စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီကို ထောက်ခံကြသူတွေ ပါဝင်ပတ်သက်မှု ရှိလိမ့် မယ်လို့ အများက ယူဆ ကြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူသိများသူ တချို့ရဲ့ မိသားစုဝင် တွေနဲ့ ဆွေမျိုးတွေက ဘယ်သူ ဘယ်ဝါ ဆိုတာ သိရအောင် ဖော်ထုတ်ပေးပါ ဆိုပြီး စစ်ကောင်စီကို လိုလားတဲ့ တယ်လီဂရန်ချန်နယ် တွေက ဇွန်လ ၈ ရက်နေ့မှာပဲ ကာယကံရှင်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ ဖော်ပြကာ လှုံ့ဆော်နေပါတယ်။

ဒေါ်လီလီနိုင်ကျော် သတ်ဖြတ်ခံရမှု အပြီး စစ်ကောင်စီ ထောက်ခံသူတွေ အကြား သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ် တယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်နေသလို သူ့တို့ကို စစ်တပ်က အကာအကွယ်ပေးပါဆိုတဲ့ တောင်းဆိုတာတွေ လည်း ပေါ်ထွက် နေပါ တယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */