" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 20, 2023

"ရိုဟင်ဂျာပြန်လည်နေရာချထားရေး တံခါးဖွင့်ထား" စစ်ကောင်စီပြောခွင့်ရသူ

VOA
ဗွီအိုအေ၊မြန်မာ
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာခေျးကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ယာယီစခန်းမှာ ကျန်းမာရေးလုပ်သားတဦးက သွေးစစ်ပေးနေစဉ် (ဒီဇင်ဘာ ၂၆၊ ၂၀၂၂)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဒုက္ခသည်တွေနှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်လည်လက်ခံဖို့ အဆင့် သင့် ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် တွေကတော့ စစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် ပြန်မလာဖြစ်သေးဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး နောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းထက်မနည်း ဘ င်္ဂလားဒေရ်ှ့ နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် NLD အစိုးရလက်ထက်မှာ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ညှိနှိုင်း ဆောင် ရွက်ခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီအနေနဲ့လည်း ယခင် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေပြန် လက်ခံဖို့ အဆင်သင့်လုပ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေ ကိုပြောပါ တယ်။

“ ကျနော်တို့ရဲ့ ပြန်လည်လက်ခံရေး အစီအစဉ်နဲ့ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်တုန်းကမှ တဖက် သတ် ရပ်တန့်ခဲ့တာမရှိခဲ့ဘူး၊ ဟိုဖက်က ပြန်မပို့တာပဲ ရှိတယ်၊ ဒါကိုရှင်းရှင်းလင်းလင်းပြောချင်တယ် ဒီဟာကြီး ကို အမြဲတမ်း ၂နိုင်ငံသဘောတူ ညီချက် အတိုင်း လုပ်မယ်ဆိုရင် ကျနော်တို့အနေနဲ့ အမြဲတမ်းတံခါးဖွင့် ထား တယ် လို့ပြော ချင်ပါ တယ်။”

ဒီလို စစ်ကောင်စီက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူမယ်ဆိုပြီး ပြောဆိုထားပေမယ့်လည်း လက် တွေ့အခြေအနေအထိ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးက ဖြစ်မလာသေးပါဘူး။ တလောကတော့ စစ်ကောင်စီဖက် လူကယ်ပြန်ဝန်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ ရခိုင်ဒေသကို လာရောက်ခဲ့ပါသေးတယ်။ ရိုဟင်ဂျာတွေဖက်က တော့ အခြေခံအခွင့်အရေးတွေ အာမခံချက်ရမှ ပြန်မယ်လို့ ဘင်္ဂလားဒေ့်ရှဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာတ ဦး က ပြောပါတယ်။

“ စစ်ကောင်စီဖက်က ကျနော်တို့ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီနိုင်ငံအ တွင်းမှာ ရှိတဲ့ ရိုဟင်ဂျာ IDPစခန်းက လူတွေကို တိုင်းရင်းသားအခြေခံရပိုင် ခွင့်တွေ ထုတ်ပေးပြီးတော့ မူလနေရာကို ပြန်ခေါ် ယူသွားရမယ်၊ နောက်တခုက အဲဒီမောင် တော ဘူးသီးတောင် ရသေ့တောင် နောက် တခြားမြို့တွေမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအခြေခံ ရပိုင်ခွင့်တွေကို ထုတ်ပေးပြီးတော့ လုပ်ပြတယ်ဆိုရင် ကျနော်တို့ တ ကယ့် ပြန်လာမှာဖြစ်ပါတယ်၊ကျနော်တို့ရဲ့ လုံခြုံရေးတာဝန်ကို နိုင်ငံတကာနဲ့ UNက တာဝန်ယူရမယ်၊ မဟုတ်ရင် ၂၀၁၇တုန်းကလည်း ကျနော်တို့ နေအိမ်တွေကို မီးရှို့ခဲ့တယ်၊ ကျနော်တို့ရိုဟင်ဂျာ ထောင်ပေါင်းများစွာအသတ် ခံရတယ်၊ ကျနော်တို့ နောက်ထပ်အဲလိုမျိုး မဖြစ်စေချင်ဘူး၊”

ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘင်္ဂလားဒေရှ့် အစိုးရက ၂၀၂၀ ခုနှစ် မှာ စီစဉ်ခဲ့ပေမယ့် ရိုဟင်ဂျာတွေကိုယ်တိုင်က မြန်မာနိုင်ငံမှာ သူတို့ အတွက် လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီး ပြန်မလာချင်ကြပါဘူး။ ဘင်္ဂလားဒေရှ့်အစိုး ရကလည်း ရိုဟင်ဂျာတွေ ပြန်လာနိုင်အောင် မြန်မာနိုင်ငံဘက်က အသေအချာ မလုပ်ဘူး ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေအနေနဲ့ စားဝတ် နေရေးအခက်ကြုံရသလို နေရပ်ပြန်ဖို့လည်း ခက်ခဲနေဆဲဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်လူငယ်တဦးက ပြော ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ နေရတာကျနော်တို့အဆင်မပြေဘူး၊ ဒီမှာ ကျနော်တို့ ၅နှစ်ကျော်ကျော် လောက် နေပြီးသွားပြီ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကလည်း ကျနော်တို့ကို နောက်ထပ် မနေစေချင်ဘူး၊ သူတို့နိုင်ငံ မှာ အဲလိုမျိုးဖြစ်လာပြီ၊ အရင်က ကျနော်တို့ ရိက္ခာတို့ဘာတို့ ပုံမှန်ရတယ်၊ ဒီလက စပြီး ရိက္ခာတယ် ဖြတ်မယ် လို့ပြောသံကြားတယ်။”

ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း နေထိုင်စားသောက်ရေးခက်ခဲလာသလို၊ လူတွေထူထပ်ကြပ်တည်း လာတာ ကြောင့် ဒုက္ခသည်တချို့ဟာ လှေတွေနဲ့ အင်ဒိုနီးရှား မလေးရှားနိုင်ငံဖက်ကို စွန့်စားထွက်ခွာနေကြပါတယ်။ တချို့ ပင်လယ်ထဲမှာပဲ လှေပျက်ပြီး သေဆုံးတာတွေရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */