" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 23, 2022

မြန်မာဘက်က လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ထပ်ကျ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ အောက်တိုဘာ ၂၀၂၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံ ခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဘင်္ဂလား‌ဒေ့ရှ်ဘက်ရှိ Bandarban ခရိုင်အတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် မိသားစု ၃၀ လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

ကျည်တွေက Dochari နဲ့ Ghumdhum ဒေသတွေမှာ စနေနေ့က ကျရောက်ခဲ့တာကြောင့် အခုလို ထွက်ပြေးကြရတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် NEWS AGE အင်တာနက်သတင်းဌာနက ပြောပါတယ်။ စနေနေ့ မွန်းလွဲပိုင်း ၁ နာရီ ကနေ ၆ နာရီခွဲအထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သတင်းက ဆိုပါတယ်။ ရခိုင့်တပ်တော် AA အဖွဲ့နဲ့ မြန်မာ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် Ghumdhum ဒေသက Tombru နယ်နဲ့ ကပ်လျက် မြန်မာဘက်နယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ ၂ လအတွင်း တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး NEWS AGE သတင်းက ဆိုပါတယ်။ အဲဒီတုန်းက တချို့တိုက်ပွဲကျည်တွေ က ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်ခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တချို့ သေဆုံးခဲ့သလို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဒီအ တွက် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပြီ ဖြစ်ပါတယ်။

ယခင်အကြိမ်တွေတုန်းကတော့ ဒါဟာ AA အဖွဲ့နဲ့ ARSA အဖွဲ့တို့ကြား ပစ်ခတ်ကြရာက ကျည်ကျတာသာ ဖြစ်တယ်လို့ မြန်မာစစ်တပ်က ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */