" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 23, 2022

မောင်တောမြို့နယ်ရှိ RSO ရိုဟင်ဂျာစခန်း ၁ ခုကို အေအေသိမ်းပိုက်

DVB
2022-10-23

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အစွန် ဗန္ဓုလကျေးရွာအနီးရှိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO စခန်းတခုကို အောက်တိုဘာ ၂၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရက္ခိုင်တပ်တော် (အေအေ)က သိမ်းပိုက်လိုက်တယ်လို့ ဒေ သခံတွေထံက သိရပါတယ်။

ရွာသားတွေက နွားတွေပျောက်လို့ တိုင်ကြားရာကနေ တောနင်းရှာဖွေရာမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ရဲ့ စခန်း တခုကိုတွေ့ရှိပြီး သိမ်းပိုက်လိုက်တာလို့ ဗန္ဓုလကျေးရွာသားတယောက်က ပြောပါတယ်။
                                                                               
"ကျနော်တို့ ဗန္ဓုလရွာက နွား ၇ ကောင်ပျောက်သွားတယ်။ ဒီလိုမျိုးနွားတွေပျောက် နေတာလည်းအကြိမ်များပြီ။ အဲ့ဒါကို အေအေဘက်ကို ရွာသူရွာသားတွေက တိုင်ကြားလိုက်ကြတော့ တောနှင်းရှာဖွေရှာမှာ RSO စခန်းတစ်ခုကို တွေတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရတယ်။ နွားတွေတော့ ပြန်မရလိုက်ဘူး။ ဘင်္ဂလားဘက်ကို ရောက်သွားတယ်လို့သိရတယ်။"


အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက္ခိုင်တပ်တော် (အေအေ) ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို တိုက်ပွဲမှာ ထိခိုက်သေဆုံးမှု ရှိမရှိလည်း မသိရသေးပါဘူး။

မောင်တောမြောင်ပိုင်းဒေသကို အေအေတပ်တွေ တစ်စတစ်စ လွှမ်းမိုးလာနေတာကြောင့် ရိုဟင်ဂျာ လက်နက် ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တပ်ဖွဲ့တွေလည်း လှုပ်ရှားမှုတွေရှိလာပြီး အထူးသတိထားဖို့လိုနေပြီလို့ မောင်တောဒေသခံ စစ်ရေးလေ့လာသူတစ်ဦးကပြောပါတယ်။

"အခုအချိန်က တော်တော်လေးသတိထားရမယ်အချိန်ဗျ။ နယ်စပ်ကို အေအေ လွှမ်းမိုးလာတော့ စစ်တပ်ဘက်ကဗျူဟာပြောင်းသွားတယ်။ သူတို့ရဲ့လက်ပါးစေ ARSA နဲ့ RSO ကို မောင်တော ဒေသမှာ ပြန်လည်လှုပ်ရှားဖို့ ခိုင်းစေလာနေတာတွေ ရှိလာနေတယ်။”

လက်တလော နယ်ခြားမှတ်တိုင် အမှတ် ၄၈ နဲ့ ၅၀ ရှိ ARSA စခန်းတွေကို အေအေက တိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ် ၅၈ ဘူးသီးတောင်နယ်ဘက်ရှိ ARSA စခန်းကိုလည်း အေအေက တိုက်ခိုက်ခဲ့တယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */