" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 24, 2022

ဘီးလင်းမှာ KNU/KNLA(PC) အဖွဲ့ တင်လာတဲ့ ရိုဟင်ဂျာ ၃၆ ဦး အဖမ်းခံရ

Than Lwin Times
ဘီးလင်း၊ စက်တင်ဘာ (၂၄)
 
KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေက တင်ဆောင်လာတဲ့ ရိုဟင်ဂျာလူမျိုး ၃၆ ဦးကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ည၁၀နာရီခန့်မှာ ရွှေသံလွင် (တိုးဂိတ်ဟောင်း) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၂ ရက် ည ၁၀ ခန့်က ဖမ်းမိခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ဘက်ကို အိမ်စီးကား ၃ စီးနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂၂ ဦး အမျိုးသမီး ၁၄ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။

“Hyundai ကားနှစ်စီးနဲ့ Caldina ကားတစ်စီးနဲ့ တင်လာတာ၊ သတင်းရလို့ ဂိတ်မှာစောင့်ဖမ်းတာပါ။ ရိုဟင်ဂျာ လူမျိုးတွေကို ခေါ်လာတဲ့သူတွေကလည်း KNU/KNLA(PC) ကလူတွေပါ၊ သူတို့တပ်ရင်းက ကားတွေနဲ့ပဲခေါ်လာတာ”လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ကျား ၃ ဦးနဲ့ မ ၁ ဦးလည်း ပါဝင်နေပြီး အား လုံးကိုတော့ စစ်ဆေးမေးမြန်းဖို့အတွက် ဘီးလင်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။သံလွင် တိုင်းမ်က ရရှိထားတဲ့ ရဲကြေးနန်းစာမှာတော့ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်သားအဆင့် ၂ ဦးနဲ့ ဗိုလ်အဆင့် ရှိသူ ၁ ဦးတို့က ကား ၃ စီးနဲ့ တင်ဆောင်မောင်းနင်လာတာလို့ ဖေါ်ပြထားပါတယ်။

အဆိုပါ ကားမောင်းသူ ၃ ဦးအပါအဝင် KNU/KNLA-PC တပ်ဖွဲ့ဝင် ၅ ဦးလည်းပါရှိလာတာကြောင့် သူတို့အားလုံးကိုလည်း ဖမ်းဆီးထားပြီး သက်သေခံကား ၃ စီးကိုလည်း သိမ်းဆည်းထားတယ်လို့ ရဲကြေးနန်းစာမှာ ဖေါ်ပြပါတယ်။

ရိုဟင်ဂျာတွေကို KNU/KNLA-PC တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာတာနဲ့ပတ်သက်လို့ KNU/KNLA-PC ထံ သံလွင်တိုင်းမ်က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဒုတိယအကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။
သတင်း - သံလွင်တိုင်းမ်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */