" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 27, 2022

နိုင်ငံသားအဖြစ် ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှု များကို မလေးရှား ထောက်ခံ

မဇ္စျိမ
ဩဂုတ်လ ၂၇ ရက်

ရိုဟင်ဂျာ အသိုင်းအဝိုင်း၏ မြန်မာနိုင်ငံဆီ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုများကို မလေးရှားနိုင်ငံက ထောက်ခံ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဒူလက်ရှ်က ပြောသည်။

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ရိုဟင်ဂျာများ၏ အတိဒုက္ခကို မေ့လျော့မထားသင့်ကြောင်း ၎င်းက ပြောဆို တိုက်တွန်းသည်။ လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ တစ်သန်းကျော်၊ မလေးရှားတွင် တစ်သိန်းခွဲကျော်နှင့် အခြားနိုင်ငံအချို့တွင်လည်း ရိုဟင်ဂျာများ ရှိနေသည်။


“သူတို့တွေဟာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရတယ်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းက အပြစ်ရှိသူတွေကို တရားစီရင် နိုင် ဖို့ ကြိုးစားမှုတွေအပြင် မြန်မာနိုင်ငံက ကျန်တဲ့သူတွေလို နိုင်ငံသားဖြစ်ဖို့ သူတို့ရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကို ကျွန်တော်တို့အနေနဲ့ ထောက်ခံတယ်”ဟု ဆိုင်ဖူဒင်က ပြောသည်။

“သူတို့ရဲ့ ဒီ အားထုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံက ပူးပေါင်းထောက်ပံ့ပေးသင့် တယ်၊ ဘာကြောင့်လည်းဆိုတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအရေးကိစ္စကြီးပဲ ဖြစ်လို့ပဲ”ဟု ပြီးခဲ့သည့်ည သ တင်းစာရှင်းလင်းပွဲတစ်ရပ်၌ ၎င်းက ပြောသည်။

ထိုပြင် မြန်မာနိုင်ငံ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် NUCC တို့နှင့် ပူးပေါင်းလုပ်ကိုင်လိုသူ ရိုဟင်ဂျာများ၏ ကြိုးပမ်းမှုများကိုလည်း မလေးရှားနိုင်ငံက ထောက်ခံကြောင်း ဆိုင်ဖူဒင်က ဆိုသည်။

ရိုဟင်ဂျာများအပေါ် ရက်စက်စွာ ကျူးလွန်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဂမ်ဘီးယား နိုင်ငံ က တရားစွဲဆိုထားခြင်းအပြင် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများကလည်း အာဂျင်တီးနားနိုင်ငံတွင် တရားစွဲ ဆိုထားသည်ဟု ဆိုင်ဖူဒင်က ပြောသည်။

မွတ်စလင် လူနည်းစု ရိုဟင်ဂျာများကို မြန်မာစစ်တပ်က စစ်ဆင်ရေး ဆင်နွှဲပြီး သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့် ခြင်းနှင့် နှိပ်စက်ညှဥ်းပန်းခြင်းများ ပြုလုပ်ရာ ၂၀၁၇ ဩဂုတ် ၂၅ ရက်တွင် ရိုဟင်ဂျာများ အစုအပြုံလိုက် စတင် ထွက်ပြေးခဲ့ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */